၁။ တော်ဝင်မလေးရှားရေတပ်အနေနဲ့ ပင်လယ်ပြင်ပိုင်နက်အတွင်းမှာရှိတဲ့ ရေပေါ် ရေအောက် အမျိုးသားအကျိုးစီးပွား သယံဇာတများကို ကာကွယ်စောင့်ရှောက်ရေး၊ ကျူးကျော်လာတဲ့ ရေပေါ် ရေအောက်ရန်သူတွေ၊ ခြိမ်းခြောက်မှုတွေကို တားဆီးကာကွယ် ချေမှုန်းတိုက်ခိုက်သွားနိုင်ရေးတို့အတွက် Scorpene အမျိုးအစား ရေငုပ်သင်္ဘော ၂ စီးကို အင်အားဖြည့်တင်းထားရှိပြီးဖြစ်ပါတယ်။

ဒီဇယ်-အီလက်ထရစ် နည်းပညာသုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၂ စီးဖြစ်တဲ့ KD Tunku Abdul Rahman နဲ့ KD Tun Razak တို့ဖြစ်ပါတယ်။ ရေအောက် ငုပ်လျှိုး တာဝန်ထမ်းဆောင်မှုအနေနဲ့ နာရီစုစုပေါင်း ၁၁၆၀၀ နာရှိရှိနေပြီလို့ သိရပါတယ်။

၂။ ဒါကြောင့်မလို့ ဒီလိုမျိုး အသုံးပြုချိန်ကြာမြင့်နေပြီဖြစ်တဲ့ ရေငုပ်သင်္ဘောတွေဟာ တိုင်းပြည်ကာကွယ်ရေးအတွက် လောက်လောက်လားလား ရှိနိုင်ပါ့မလားဆိုတာကို အချို့က မေးခွန်းတွေထုတ်လျက်ရှိပါတယ်။ အခု ရေငုပ်သင်္ဘော ၂ စီးဟာ ပြင်သစ်တို့ရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်တဲ့ Le Triomphant ကို အခြေခံ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တုန်းက Defence Forces Chief General Zulkifli Zainal Abidin ဟာ မလေးရှားရေတပ်အကြီးအကဲ RMN Chief Admiral Mohd Reza Mohd Sany နဲ့အတူ KD Tunku Abdul Rahman ကို သွားရောက်ခဲ့ပါတယ်။

၃။ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ malaysiakini.com အင်တာနက်စာမျက်နှာကနေ ဘာသာပြန်ဆို ဖော်ပြထားခြင်းဖြစ်ပြီး မူရင်းသတင်းပြုစုသူများနဲ့ မူရင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးပြုစုသူများကို အသိအမှတ်ပြုပါတယ်။ အချိန်ပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။