နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ အမှုရင်ဆိုင်ပြီး ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ လူထောင်ပေါင်းများစွာက ထောက်ခံ၊ ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်လေဆိပ်ကို ဒီဇင်ဘာလ ၁၄ရက်နေ့၊ မွန်းလွဲ ၁နာရီမှာ ပြန်လည်ရောက်ရှိလာတာပါ။

လူဦးရေထောင်ပေါင်းများစွာကတော့ နေပြည်တော်လေဆိပ်အထွက်ကနေ သပြေကုန်းအဝိုင်းအထိ တောက်လျှောက် ကြိုဆိုကြတာကို တွေ့ရပါတယ်။

ကြိုဆိုကြသူတွေထဲမှာ ဒေသခံတွေအပြင် ရပ်ဝေးက လာရောက်သူတွေလည်း တွေ့ရသလို ဝန်ထမ်းတွေနဲ့ ကျောင်းသား၊ ကျောင်းသားတွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ယီယာနိုင်ငံက စွပ်စွဲပြီး အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ တရားစွဲခဲ့တဲ့အတွက် အိုင်စီဂျေရုံးစိုက်ရာ သည်ဟိတ်မြို့ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး သွားရောက် အမှုရင်းဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက်တော့ မချသေးပါဘူး။

Credit (ဓာတ်ပုံ- Naypyitaw Pool)