အမျိုးသမီးစစ်သားတွေကို အပျိုရည်စစ်မစစ်စမ်းသပ်မှုအလေ့အထကို စွန့်လွှတ်တောမယ့် အင်ဒိုနီးရှားစစ်တပ်

အင်ဒိုနီးရှားရေတပ် နဲ့ လေတပ်တို အမှုတာဝန်ထမ်းဆောင်မယ့် အမျိုးသမီးတွေကို အပျိုရည်စစ်ဆေးစမ်းသပ်တဲ့ အလေ့အကျင့်တွေကို စွန့်လွှတ်ဖို နောက် ထပ် ဖိအားအသစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။အင်ဒိုနီးရှားစစ်တပ်က ဆယ်စုနှစ်ပေါင်းများစွာရှိလာခဲ့တဲ့ ဒီအလေ့အကျင့်ကို စွန့်လွှတ်ဖိုကြေညာခဲ့တဲ့နောက် အခုလို ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်လို Brisbane Times က ဆိုပါတယ်။…

ဒီလို လုပ်ထုံးလုပ်နည်းတွေကို အဆုံးသတ်ဖိုအတွက် အင်ဒိုနီးရှားလုံခြုံရေးတပ်ဖွဲတွေဟာ ဖိအားများစွာနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။အခုလိုမျိုး စမ်း သပ်စစ်ဆေးမှုဟာ အကောင်းဆုံးသောသူတွေကို ရွေး ချယ်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို ခုခံကာကွယ်ပြောဆိုခဲ့ ကြပါတယ်။အခုအခါမှာ ရဲတပ်ဖွဲက two -fingers test နည်းလမ်းကို ရပ်တန့်ပစ်ခဲ့တာဖြစ်ပြီး ဒီလိုပြုလုပ်တဲ့အပေါ်မှာ စစ်တပ်ဌာနခွဲတစ်ခုက လိုက်လံလုပ်ဆောင်နေခဲဲတာဖြစ်ပါတယ်။…

“အမျိုးသမီးတွေအတွက် ကျန်းမာရေးစစ်ဆေးမှုမှာ အမျိုးသားစစ်သားတွေကို စစ်ဆေးမှုနဲ့ တူူညီရပါမယ်” လို အင်ဒိုနီးရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Andika Perkasa က ပြီးခဲ့တဲ့လအတွင်းက စစ် တပ်အရာရှိတွေနဲ့ တွေ့ဆုံခဲ့မှုမှာပြောကြားခဲ့ပါတယ်။ “တပ်သားသစ်စုဆောင်းရေးရည်ရွယ်ချက်နဲ့ မသက် ဆိုင်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို မလုပ်ဆောင်တော့ဘူး” လိုလည်း သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။…

စစ်တပ်အရာရှိတွေရဲ့ ညွှန်ကြားချက်အပေါ် လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ကြိုဆိုခဲ့ကြပြီး သူတိုဟာ ၂၀၁၄ ခုနှစ်က အင်ဒိုနီးရှားစစ်တပ်ရဲ့ အခုလိုမျိုးစမ်းသပ်စစ်ဆေးနေမှုကို ကျယ်ကျယ်ပြန့်ပြန့်ထုတ် ဖော်ခဲ့ကြတာဖြစ်ပါတယ်။ဒီစစ်ဆေးမှုမှာတော့ ဆရာ ဝန်တစ်ဦးပါဝင်ပြီး အမျိုးသမီးတွေရဲ့ လိ င်အင်္ဂါအတွ င်းကို လ က်ချော င်းထ ည့်သွ င်းကာ လိ င်စိ တ်တက်ကြွမှုအပိုင်းကို စဉ်းစားဆုံးဖြတ်တာဖြစ်ပါတယ်။WHO ကတော့ အပျိုအမြှေးပါးရှိခြင်းမရှိခြင်းဟာ သိပ္ပံ နည်း ကျအားဖြင့် ဘာအကျိုးကျေးဇူးမှမရှိဘူးလို ဆိုထားပါတယ်။…

ဒါပေမယ့်လည်း ရေတပ်ကတော့ ဒီစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး လူရဲ့ အမူအ ကျင့်သဘောထားကို အကဲဖြတ်တဲ့ အင်တာဗျူးတွေလည်း လုပ်နေဆဲဖြစ်ပါတယ်။”ဟုတ်ပါတယ်၊ ကျွန် တော်တို ဒီလိုလုပ်နေဆဲပါ၊အမျိုးသမီးစစ်သားတွေအတွက် သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုလိုလည်း ခေါ်ပါတယ်၊ အမျိုးသားတွေကိုလည်း ကာလ သားရောဂါနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြု လုပ်ပါတယ်” လို ရေတပ်ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Julius Widjojono က ပြောကြားခဲ့ပါတယ်။…

လေတပ်ပြောဆိုခွင့်ရသူ Marshal Indan Gilang ကလည်း အပျိုရည်စစ်ဆေးမှုကို ဆက်လုပ်သွားမယ်လို ဆိုခဲ့ပြီး “သတ်မှတ်ချက်တွေနဲ့ ပြည့်စုံပြီး ကျန်းမာတဲ့အရာရှိတစ်ဦးရရှိဖို ကြိုးစားနေတာဖြစ်တယ်” လို ရှင်းပြပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲတွေကတော့ အင်ဒိုနီးရှားမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို တွန်းအားပေးရန်အတွက် နိုင်ငံတကာစစ် ဆေးဘက်ဆိုင်ရာကော်မတီရဲ့ သြစတြေးလျကိုယ် စားလှယ်နဲ့အတူ နိုင်ငံတကာမှာ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။….