အောင်မြင်ကျော်ကြားတဲ့ဇာတ်ကားတစ်ကားဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်မှ မြန်မာမင်းသမီး

၁၉၅၄ ခုနှစ်က ရိုက်ကူးသော “Purple Plain” ရုပ်ရှင်တွင် မင်းသားကြီး ဂရက်ဂိုရီပက် (Gregory Peck) နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သော မင်းသမီးအဖြစ် ဝင်းမင်းသန်းသည် ဟောလိဝုဒ်တွင် အောင်မြင်မှုရလာခဲ့သည်။ သူမသည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စြင်္ကာ၏ ဇနီး ဖြစ်သည်။

“Purple Plain” ရုပ်ရှင်ဇာတ်ကားသည် သူမ၏ ပထမဆုံး သရုပ်ဆောင်အတွေ့အကြုံ ဖြစ်သည်။ နောင်တွင် ဇာတ်ကောင်နေရာ အမျိုးမျိုးတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းခံရသော်လည်း နောက်ထပ် ရုပ်ရှင်တစ်ကားမှ ထပ်မရိုက်တော့ချေ။