မိမိချစ်သူကောင်လေးက သစ္စာ ရှိမရှိကို မော်ဒယ်မလေး နဲ့ စမ်းသပ်မိတဲ့ အမျိုးသမီး တစ်ယောက်ရဲ့အဖြစ် ” လာပါ မိနစ် ၂၀ လောက်ပါဆိုတာ ဘာစကားလဲ

ချစ်သူ သစ္စာ ရှိမရှိကို မော်ဒယ်မလေးနဲ့ စမ်းသပ်မိတဲ့ အမျိုးသမီး ရဲ့ မလှတဲ့အဆုံးသတ် လက်တလောမှာ ရေပန်းစားနေတဲ့ ‘To Catch a Cheater’ အစီအစဉ်ဟာ YouTube မှာလည်း အလွန်အောင်မြင်နေတဲ့ အစီအစဉ်ရှိပါတယ်။

အဲဒီအစီအစဉ်မှာ မိမိတို့လက်တွဲနေတဲ့ လက်တွဲဖော်တွေကို သစ္စာရှိမရှိ စမ်းသပ်ဖို့အတွက် ‘To Catch a Cheater’ အစီအစဉ်လျှို့ဝှက်ရိုက်ကူးရေးသမားတွေက တောင်းဆိုသူတွေကို သီးသန့်စီစဉ်ပေးတာပါ။အခုလည်း အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ချစ်သူ သစ် ရှိမရှိကို စမ်းသပ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူမရဲ့ချစ်သူဟာ ကွန်ပျူတာပညာရှင်တစ်ယောက်ဖြစ်ပြီး၊ အမျိုးသမီးတစ်ယောက်ရဲ့ ကွန်ပျူတာကို ပြင်ပေးဖို့ဆက်သွယ်ခြင်း ခံခဲ့ရပါတယ်။

တကယ်တော့ ဖုန်းဆက်ခေါ်ခဲ့တဲ့ အဲဒီအမျိုးသမီးဟာ ‘To Catch a Cheater’ မှာ ဖျားယောင်းသူအဖြစ် သရုပ်ဆောင် ပေးနေတဲ့ မော်ဒယ်ပါ။ အိမ်မှာ လျှို့ဝှက်ကင်မရာတွေကိုလည်း ကြိုတင်တပ်ဆင်ထားပါတယ်။

အမျိုးသား ယောက်ယောက်လာချင်းမှာပဲ အိမ်ရှင် အမျိုးသမီးက ရေချိုးခန်းကထွက်လာတဲ့ပုံစံနဲ့ မရိုးမရွဖြစ်အောင် ကြိုဆိုမှုနဲ့ စတင်ခဲ့ပါတယ်။ စကားစမြည်ပြောနေရင် အမျိုးသမီးက သရုပ်ဆောင်ပြမယ်၊ ကပြမယ်လို့ မြှူစွယ်ခဲ့ပါတယ်။

အမျိုးသားက ” မင်းချစ်သူက တွေ့သွားရင် အထင်လွဲမှာပေါ့ “လို့ ပြောတော့ အိမ်ရှင်က သူမရှိကြောင်း ပြောခဲ့ပါတယ်။ မကြာခင်မှာပဲ အိမ်ရှင်အမျိုးသမီးဟာ ပေါင်တစ်ချောင်း အမျိုးသားရှေ့မှာတင်ပြီး၊ မြူစွယ်မှုကို ဂိတ်ဆုံးအထိ တိုးလိုက်ပါတယ်။အမျိုးသားက ကျွန်တော့်ကို ထိစေချင်တာလား လို့ မေးတော့ သဘောပဲလေလို့ ဆိုပါတယ်။ နောက် အခန်းထဲကို အမျိုးသမီးက ဦးဆောင်ခေါ်ဖို့ ကြိုးစားရင်း ” လာပါ မိနစ် 20 လောက်ပါ “ဆိုပြီး စည်းရုံးပါတယ်။

အမျိုးသားလည်း ကောက်ကောက်ပါအောင် လိုက်သွားပါတယ်။ အဲဒီမှာ မော်နီတာကနေ ကြည့်နေတဲ့ အမျိုးသမီးဟာ ပေါက်ကွဲပြီး၊ ” ရှင်တို့ သူတို့ကို ချစ်တင်နှောခွင့် ပေးလိုက်တော့မှာပေါ့ .. ဒါက အပြာကားပဲ … အဲဒီမိန်းမက ရှင်တို့ ရိုက်နေတာကို မသိဘူးလေ … “စသဖြင့် ပြောကာ ပေါက်ကွဲခဲ့ပါတယ်။

ပြီးတော့ သူမတို့ ချစ်သူနှစ်ယောက် ဘာတွေဆက် ဖြစ်ကြမလဲဆိုတာ တွေးသာကြည့်ပေတော့။