ပွဲအပြီး အောင်လအန်ဆန်ရဲ့ စကားသံများ

” ဒီပွဲ မထိုးခင် သူပြောထားတာ က ကျွန်တော်က သူ့ကို ကြောက်နေတယ်တဲ့။ ဒါကြောင့် လုံး၀ မကြောက်ဘူး ဆိုတာ ပြချင်လို စောစောစီးစီး ဖွင့်ထိုးတာ ၊ မစ်ဒယ်ဝိတ်တန်း မှာ ကျနော် ကြောက်တဲ့ ဖိုက်တာ တစ်ယောက်မှ မရှိဘူး”

Q – ပွဲပြီးတော့ ဥက္ကဌ ချတ်ထရီဆီ သွားပြီး စကားပြောတာတွေ့လိုက်တယ်။ ဘာတွေ ပြောတာလဲ?
“ကျွန်တော်ပြောတာက ကြိုက်တဲ့ ကောင်နဲ့ ပွဲထပ်ပြီး တည်လိုရတယ်လို ပြောခဲ့တာပါ။ ကျွန်တော် ချန်ပီယံ ဖြစ်နေတုန်းကတော့ စိန်ခေါ်တဲ့လူတွေက ပေါ်လာကြတယ်လေ။ ကုန်ကုန်ပြောရရင် ဝယ်တာဝိတ် ချန်ပီယံ အဘာဆော့ ကတောင် စိန်ခေါ်ခဲ့တာပါ။ ပြီးရင် ယိုရှီယို အိုကာမီ ၊ ဘစ်ဒက်ရှ် တိုလဲ ကျန်ပါသေးတယ်။ အဲဒီတော့ စိတ်လှုပ်ရှားဖို ကောင်းတဲ့ ပွဲတွေ အများကြီး ထပ်တည်လို ရပါသေးတယ် ၊ ပွဲ ဖြစ်လိုက်ကြရအောင်။

Q – “ဒီအချိန်မှာ ချန်ပီယံဆု ကို စိန်ခေါ်ဖို အသင့်ပြန်ဖြစ်နေပြီလို ထင်လား?
ဘယ်ပရိသတ်ကမှ ပျင်းစရာ ကောင်းတဲ့ ပွဲတွေ မကြည့်ချင်ကြပါဘူး ၊ အဲဒီတော့ ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲတွေပဲ ဆက်ဆွဲကြရအောင်ဗျာ။ ကျွန်တော် ကိုယ်တိုင်လဲ One Championship ပရိသတ်တွေကို စိတ်လှုပ်ရှားဖို ကောင်းတဲ့ ပွဲမျိုးတွေပဲ ထိုးပြချင်ပါတယ်။ဒီနေရာကနေ မြန်မာပြည်သူတွေ အားလုံးအတွက် ဆုတောင်းပေးချင်တယ်ဗျာ ၊ ဒီနှစ်ဟာ ကျွန်တော်တို အားလုံးအတွက် ခက်ခဲတဲ့ နှစ်တနှစ်ပါ။ အထူသဖြင့် မြန်မာပြည်မှာ အခုလို အခက်ခဲတွေ ကြုံတွေ့နေတဲ့ အချိန်မျိုးမှာ ၊ ကျွန်တော့်အတွက် Gym သွားပြီး ပြင်ဆင်မှုတွေ လုပ်ရတာ အရမ်းကို ခက်ခဲခဲ့ပါတယ်။
တာဝန်ရှိတဲ့သူတွေ အနေနဲ့လဲ ကိုယ့် အတွက်ပဲ မကြည့်ကြပါနဲ့ မြန်မာပြည်သူတွေ ရဲ့ အနာဂတ်ကိုလဲ စဉ်းစားပေးကြပါဦး”