စစ်ပွဲဆိုတာပျော်စရာ၊ စိတ်လှုပ်ရှားစရာ၊ ဒါမှမဟုတ် ဘယ်သူ့အတွက်မှဂုဏ်ယူစရာကောင်းတဲ့အရာမဟုတ်ပါဘူး။(အနည်းဆုံးတော့အဲ့လိုမဖြစ်သင့်ဘူးပေါ့) စစ်ပွဲဆိုတာကိုမကြုံဖူးတဲ့တစ်စုံတစ်ယောက်ကသာ ဒီလိုအရာမျိုးကိုယုံကြည်မှာပေါ့။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကလူအများပြောနေကြတဲ့အတိုင်းပဲစစ်ပွဲဆိုတာငရဲပဲ ရိုးရိုးရှင်းရှင်းလေးပါပဲ။ အဲ့အချက်ကြောင့်ပဲ နိုင်ငံအတော်များများကလဲ သူတို့နိုင်ငံကိုမသိလိုက်လေပဲကျူးကျော်ခြင်းမခံရလေအောင်သတိထားပီးအသီးသီးပြင်ဆင်မှုတွေပြုလုပ်ထားကြတယ်။ ယနေ့ခေတ်မှာတော့ အဲ့လိုတကယ့်ကျူးကျော်စစ်ပွဲတွေကမရှိဘူးဆိုပေမဲ့လဲ စစ်နဲ့ပတ်သတ်တဲ့ပဋိပက္ခတွေမရှိဘူးလို့တော့ပြောလို့မရဘူးပေါ့။

ဒါတွေကတော့ အဲ့လိုကျူးကျော်မှုမျိုးအတွက် သေချာပေါက်ကိုပြင်ဆင်ထားတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒီအဆင့်သတ်မှတ်ချက်တွေက နိုင်ငံတစ်ခုစီရဲ့စစ်အင်အားဒါမှမဟုတ် ကိုယ်ရေးအချက်အလက်တွေကိုကြည့်ပီးသတ်မှတ်ထားတာမဟုတ်ပဲ သူတို့ရဲ့ယေဘူယျကာကွယ်မှုအားသာချက် စတဲ့အချက်ပေါ်မူတည်ပီး သတ်မှတ်ထားတာဖြစ်ပါတယ်။

၁။ယူအက်စ်

တပ်ရင်းဦးရေ – ၁၄၀၀၀၀၀၊ တပ်ခွဲဦးရေ – ၁၁၀၀၀၀၀
တင့်ကား – ၈၈၅၀၊ အမြှောက် – ၃၃၀၀
တိုက်လေယာဉ် – ၂၃၀၀၊ ဟယ်လီကော်ပတာ – ရ၁၀၀
ရေကြောင်းအင်အား – ၄၁၅ (ရေငုပ်သင်္ဘော – ရ၅၊ လေယာဉ်တင်ယာဉ် – ၁၉)
နယူကလီးယားဒုံးကျည် – ရ၁၀၀

အမေရိကန်ဟာဒီစာရင်းမှာ ပထမနေရာမှာရှိနေတာအံ့သြစရာတော့မဟုတ်ပါဘူး။အိုတိုဗွန် ဘစ်မာရတ် ပြောသလိုပဲ အမေရိကန်ရဲ့မြေနေရာအနေအထားက အသာစီးရထားတာပါ။ အမေရိကန်လူမျိုးတွေဟာသိပ်ကိုကံကောင်းပါတယ်တဲ့။ တောင်နဲ့မြောက်မှာဆိုရင် အင်အားနည်းတဲ့အိမ်နီးချင်းတွေရှိနေပီး အရှေ့နဲ့အနောက်မှာတော့ငါးတွေပေါလှပါတယ်တဲ့။ အဲ့အပြင် တောအုပ် တောင်တန်းတွေကအစ သဲကန္တာရအဆုံး အမျိုးမျိုးသောမြေအနေအထားကိုလဲပိုင်ဆိုင်ထားပါတယ်။ ဒါ့ကြောင့်ပဲ ဘယ်သူကပဲကျူးကျော်သူတွေကိုကာကွယ်ပေးထားထား ယူအက်စ်ကိုကျူးကျော်ဖို့ဆိုတာတော့မဖြစ်နိုင်ပါဘူး။

ပီးတော့အမေရိကန်စစ်တပ်။ နိုင်ငံကာကွယ်ရေးအတွက်အသုံးစရိတ်က ဒေါ်လာ ၅၈၁ ဘီလီယံရှိပီး ကမ္ဘာပေါ်မှာတတိယမြောက်အများဆုံးသုံးတဲ့နိုင်ငံပါ။ အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ထက် ဂျီဒီပီပိုမြင့်တဲ့နိုင်ငံပေါင်းဟာ ၂၀ ပဲရှိပါတယ်။နယူးဇီလန်၊ အိုက်စ်လန်ဒ်၊ ဘူတန် တို့လိုပဲအမေရိကန်ဟာလဲ အကောင်းဆုံးကာကွယ်ခြင်းဟာခံစစ်ပဲ ဆိုတဲ့ဗျူဟာကိုလိုက်နာပါတယ်။

ကမ္ဘာပေါ်မှာပဋိပက္ခတစ်ခုဖြစ်တိုင်း ၁၀ မှုမှာ ၉ မှုလောက်ကတော့အမေရိကန်ဟာတစ်နေရာရာကနေကို ပါဝင်ပတ်သတ်နေတတ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာအနှံ့မှာတပ်ရင်းပေါင်းတစ်ရာကျော်ရှိပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းလဲ အမြဲဆိုသလိုစစ်ဖြစ်နေခဲ့တာပါ။ အမေရိကန်ဟာ အခြားနိုင်ငံတွေကို မငြိမ်မသက်ဖြစ်စေမှု၊ ဒီမိုကရေစီလွန်ကဲနေမှု စတာတွေကြောင့်နာမည်ဆိုးနဲ့လဲကျော်ကြားပါသေးတယ်။

နောက်ဆုံးတစ်ခုကတော့ မြို့တော်တစ်ခုချင်းစီကသေနတ်ကိုင်ဆောင်မှုပြဿနာပါ။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်ဗိုလ်ကြီး အိစိုရိုခု ရာမမိုတို ကဒီလိုပြောခဲ့ပါတယ်တဲ့။ အမေရိကန်ရဲ့မြို့တွင်းကိုကျူးကျော်လို့မရပါဘူးတဲ့။ မြက်ပင်အသွားတိုင်းရဲ့နောက်ကွယ်မှာ ရိုင်ဖယ်တွေရှိနေနိုင်ပါတယ်တဲ့။ အမေရိကန်ကိုကျူးကျော်သူတွေဟာ ကျူးကျော်နိုင်ခဲ့တယ်ဆိုရင်တောင်လက်နက်ကိုင်ပြည်သူတွေနဲ့ရင်ဆိုင်တွေ့ရမှာပါ။ ဆွစ်ဇာလန် မှာတော့အိမ်ခြေ ၁၀၀ မှာ သေနတ်ကခန့်မှန်းချေ ၄၅.၇ ရှိတယ်ဆိုပေမဲ့ အမေရိကန်ကတော့ ၁၁၂ တောင်ရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အမေရိကန်မှာလူထက်သေနတ်တွေပိုများနေတာကိုတွေ့မြင်နိုင်ပါတယ်။

၂။ကနေဒါ

တပ်ရင်းဦးရေ – ၉၅၀၀၀၊ တပ်ခွဲဦးရေ – ၅၁၀၀၀
တင့်ကား – ၁၈၁၊ အမြှောက် – ၁၆၁
တိုက်လေယာဉ် – ၆၄၊ ဟယ်လီကော်ပတာ – ၁၇၅
ရေကြောင်းအင်အား – ၆၃ (ရေငုပ်သင်္ဘော – ၄)

ကနေဒါဟာရုရှားပီးရင်ဒုတိယအကြီးဆုံးမြေမျက်နှာပြင်ကိုပိုင်ဆိုင်ထားပါတယ်။ကမ္ဘာ့မြောက်ဘက်စွန်းအပိုင်းမှာတည်ရှိပီး ယူအက်စ်နဲ့နယ်နိမိတ်ချင်းထိစပ်နေပီး စုစုပေါင်းလူဦးရေ ၃၅ မီလီယံနေထိုင်နေတဲ့ ကျူးကျော်ဖို့မလွယ်ကူတဲ့နိုင်ငံပါ။ ကနေဒါရဲ့ကျယ်ပြန့်တဲ့မြေမျက်နှာသွင်ပြင်နဲ့ အရိုင်းဆန်တဲ့သဘာဝတို့ကြောင့် ကနေဒါကိုအင်အားအလုံးအရင်းနဲ့ဝင်တိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အဲ့အပြင် ပင်လယ်တွေဝန်းရံထားပီးအိမ်နီးချင်းနိုင်ငံတစ်ခုတည်းရှိတာကလဲ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်လာစေပါတယ်။ တပ်သားတွေကိုခေါ်လာပီး အခြေခိုင်တဲ့ထောက်ပံ့မှုလုပ်ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ စီးပွားရေးရှုထောင့်ကကြည့်ရင်လဲ စစ်ပွဲကိုကြာရှည်စွာတောင့်ခံနိုင်လောက်အောင်တောင့်တင်းပါတယ်။ နိုင်ငံ့ကာကွယ်ရေးအသုံးစရိတ်ငွေက ဒေါ်လာ ၁၄.၇ ဘီလီယံရှိပီး တိုင်းပြည်ဟာဆီကိုသုံးတာထက်ပိုပီးထုတ်လုပ်နိုင်ပါတယ်။

ကနေဒါရဲ့အကောင်းဆုံးကာကွယ်ရေးနည်းလမ်းကတော့ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေနဲ့ချစ်ကြည်ရင်းနှီးမှုရယူတာဖြစ်ပီး အဲ့တာကပဲကျူးကျော်မှုကိုဟန့်တားထားနိုင်ပါတယ်။ ကနေဒါက အန်တီအိုရဲ့အဖွဲ့ဝင်လဲဖြစ်ပီး ကနေဒါရဲ့စစ်တပ်ကအထူးလေ့ကျင့်ထားတာမို့ ကျူးကျော်ဖို့ကခက်ခဲမှာပါ။ ကနေဒါနိုင်ငံရဲ့စစ်တပ်အင်အားကြီးမားမှုကြောင့် ကမ္ဘာ့မီးအင်အားကြီးနိုင်ငံစာရင်းမှာ နံပါတ် ၂၂ စာရင်းဝင်ခဲ့ပါတယ်။၁၉၇၄ မှာ ယူအက်စ်ဟာ သူ့ကိုဗြိတိသျှကမြောက်ဘက်ကနေတိုက်ခိုက်လာမှာစိုးတဲ့အတွက် ကနေဒါနဲ့အပြိုင် အနီရောင်စစ်ပွဲအစီအစဉ်ဆိုပီး ခံစစ်ဗျူဟာကိုပြုလုပ်ခဲ့ပါတယ်။

၃။မြောက်ကိုရီးယား

တပ်ရင်းလူဦးရေ – ရဝဝ၀၀၀၊ တပ်ခွဲလူဦးရေ – ၄၅၀၀၀၀၀
တင့်ကား – ၄၂၀၀၊ အမြှောက် – ၆၅၅၀
တိုက်လေယာဉ် – ၄၅၈၊ ဟယ်လီကော်ပတာ – ၂၂၂
ရေကြောင်းအင်အား – ၉၆၇ (ရေငုပ်သင်္ဘော – ရဝ)
နယူကလီးယားဒုံးကျည် – ၈

၁၉၅၀ အစောပိုင်း ကိုရီးယားစစ်ပွဲမှာတည်းကမြင်ခဲ့ရတဲ့အတိုင်းပဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားကိုဖြုတ်ချဖို့လုပ်ခဲ့ပေမဲ့ အရာမရောက်ခဲ့ပါဘူး။ တောင်နဲ့မြောက်ဟာ ယနေ့ခေတ်မှာ နည်းပညာကွာခြားချက်တွေရှိနေပါတယ်။ ဘာလို့အစပိုင်းကျူးကျော်ခြင်းမအောင်မြင်တာလဲဆိုတဲ့အကြောင်းရင်းတွေလဲ အများကြီးရှိနေပါတယ်။ မြောက်ကိုရီးယားရဲ့ ကိုယ်ပိုင်နယူကလီးယားနည်းပညာတွေ နဲ့ ကင်မိသားစုတွေရဲ့အုပ်ချုပ်မှုအပေါ်လူသားဆန်မှုနဲ့ပတ်သတ်တဲ့ပြဿနာတွေ စတာတွေကြောင့် ကျူးကျော်ခံရမှာတော့သေချာပါတယ်။ ဒါပေမဲ့လဲ အဲ့လိုကျူးကျော်မှုကတော့အနာဂတ်မှာမြင်နိုင်အုံးမယ်မထင်ပါဘူး။ အကြောင်းရင်းတွေကတော့နိုင်ငံရေးနဲ့ပိုပီးပတ်သတ်မှုရှိမယ်ထင်ပါတယ်။

တရုတ်ဟာမြောက်ကိုရီးယားရဲ့အကြီးမားဆုံးမဟာမိတ်ဖြစ်ပါတယ်။ ၁၉၅၀ လောက်ထဲကထောက်ပံ့ပေးလာခဲ့တာပါ။ သူတို့ဟာအဲ့အတိုင်းလေးပဲကြားခံတပ်ထားနေပီးတင်းတိမ်နေခဲ့ပါတယ်။အဲ့အပြင် မြောက်ကိုရီးယားကသာတစ်ခုခုဖြစ်ပွားခဲ့ရင် မီလီယံချီတဲ့နိုင်ငံသားတွေဟာမာချူးရီးယားဘက်ခြမ်းကိုထွက်ပြေးဖို့အလားအလာများပီး တရုတ်မြောက်ပိုင်းဒေသမှာမတည်ငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့တရုတ်နဲ့အမေရိကန်ကြားမှာဆက်ဆံရေးတင်းမာမှုတွေရှိပီး တရုတ်ဟာထိုင်ဝမ်နဲ့အမေရိကန်ကိုစောင့်ကြည့်နေပါတယ်။ဒီလိုနည်းနဲ့ပဲ နှစ်ဘက်လုံးကလှုပ်လဲမလှုပ်ရှား ရန်လိုတာမျိုးလဲမလုပ်ပဲငြိမ်နေကြပါတယ်။

တရုတ်တွေကပြဿနာမဟုတ်ရင်တောင်မှမြောက်ကိုရီးယားနဲ့ပူးပေါင်းရမှာထိတ်လန့်နေပီး လူမျိုးချင်းတောင်မတူပါဘူးလို့ အဆိုပြုချင်နေတဲ့ တောင်ကိုရီးယားကရှိပါသေးတယ်။ အဲ့ပြဿနာဟာဂျာမန်ရဲ့ပြဿနာနဲ့အလားတူပါပဲ။ ဂျာမန်ဟာလဲ ဘာလင်တံတိုင်းကြီးပြိုလဲပီးနှစ်ပေါင်း ၃၀ ကြာနေတာတောင် အရှေ့ဂျာမန်ဟာ အနောက်ဂျာမန်ကိုမနည်းမှီအောင်လိုက်နေရပါတယ်။ စီးပွားရေးကွာဟချက်ကလဲကြီးမားလွန်းနေပါတယ်။ ကိုရီးယားတောင်နဲ့မြောက်လဲပြန်သာပေါင်းစည်းဖြစ်မယ်ဆို အဲ့ထက်ပိုကြီးမားတဲ့ကွာဟချက်ကြီးဖြစ်ပေါ်နိုင်ပါတယ်။ မြောက်ကိုရီးယားကိုကျူးကျော်ချင်တယ်ဆိုရင်တော့
အာဏာနဲ့သိမ်းမှပဲရမှာပါ။

၄။ယူကေ

တပ်ရင်းလူဦးရေ – ၁၅၀၀၀၀၊ တပ်ခွဲလူဦးရေ – ၁၈၂၀၀၀
တင့်ကား – ၄၀၇၊ အမြှောက် – ၂၂၇
တိုက်လေယာဉ် – ၉၇၊ ဟယ်လီကော်ပတာ – ၃၉၇
ရေကြောင်းအင်အား – ရ၆ (ရေငုပ်သင်္ဘော – ၁၀၊ လေယာဉ်တင်သင်္ဘော – ၁)
နယူကလီးယားဒုံးကျည် – ၂၁၅

ဒီနိုင်ငံစာရင်းထဲမှာဆိုရင် ကျွန်းနိုင်ငံတွေအဓိကပါဝင်ပီး ယူကေဟာလဲကျူးကျော်ဖို့ရာအင်မတန်ခက်ခဲတဲ့ နိုင်ငံပါ။အမှန်တော့ ဗြိတိသျှဟာ ၁၀၆၆ နော်မန်စစ်ပွဲမှာ အောင်မြင်စွာကျူးကျော်သိမ်းယူခြင်းခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်မှာတော့ ဟစ်တလာနဲ့နာဇီတို့ကကျူးကျော်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဗြိတိသျှဟာ ပင်လယ်နှစ်ခု နဲ့ ကုန်းမြေတွေဝန်းရံထားတဲ့နိုင်ငံတစ်ခုပါ။ပင်လယ် ၂ ခုနဲ့ဝန်းရံခြင်းခံထားရပီးမြောက်ဘက်ပင်လယ်ရောပါဝင်တဲ့ ဗြိတိသျှကျွန်းဟာ တောင်ဘက်ပိုင်း အင်္ဂလိပ်တူးမြောင်းကိုဖြတ်ပီးတော့တော့ ကျူးကျော်ခံရနိုင်ပါတယ်။

ဒါမဲ့ အဲ့တူမြောင်းကိုဖြတ်တာက အင်မတန်ခက်ခဲပီး စွန့်စားရာရောက်ပါတယ်။ အရှေ့တောင်အင်္ဂလိပ်ကမ်းရိုးတန်းဟာဆိုရင် အဖြူရောင်ဒိုဗာချောက်ကမ်းပါး ဆိုတဲ့မတ်စောက်တဲ့ချောက်ကမ်းပါးတွေရှိတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။ အဲ့အပြင်ကျူးကျော်လာတဲ့တပ်တွေရှိခဲ့ရင်လဲ အဝေးမှာတည်းကကျောက်ချထားပီး ယူကေရဲ့လေတပ်၊အမြှောက်တပ်တွေနဲ့ ရင်ဆိုင်တွေ့ရပါတယ်။

နောက်ဆုံးပေါ်စစ်လက်နက်တွေ နည်းပညာတွေနဲ့ဖွဲ့စည်းထားတဲ့စစ်တပ်ကလဲပေါ့သေးသေးတော့မဟုတ်ပါဘူး။နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ်က ဒေါ်လာ ၅၅ ဘီလီယံရှီပီး ကမ္ဘာမှာပဥ္စမအများဆုံးနိုင်ငံပါ။ ၂၀၂၀ နဲ့ ၂၀၂၂ မှာဆောက်လုပ်ပီးစီးမယ့်လေယာဉ်တင်သင်္ဘောကလဲ ၂ စီးရှိပါသေးတယ်။ အန်အေတီအို ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ယူကေဟာအကူအညီလိုတာနဲ့အပြေးလာကူပေးမယ့် မဟာမိတ်နိုင်ငံတွေလဲရှိပါသေးတယ်။ အဲ့နိုင်ငံတွေထဲမှာ အမေရိကန်ဟာလဲအပါအဝင်ပါ။ ပြောရမယ်ဆိုရင် ယူကေဟာ ကမ္ဘာတစ်ဝှမ်းကနိုင်ငံတိုင်းနီးပါးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကိုပိုင်ဆိုင်ထားပါတယ်။

၅။ရုရှား

တပ်ရင်းဦးရေ – ရ၆၆၀၀၀၊ တပ်ခွဲဦးရေ – ၂၄၈၅၀၀၀
တင့်ကား – ၁၅၄၀၀၊ အမြှောက် – ၁၀၆၀၀
တိုက်လေယာဉ် – ရ၅၁၊ ဟယ်လီကော်ပတာ – ၁၇၅၀
ရေကြောင်းအင်အား – ၃၅၂ (ရေငုပ်သင်္ဘော – ၆၀၊ လေယာဉ်တင်သင်္ဘော – ၁)
နယူကလီးယားဒုံးကျည် – ရ၃၀၀

ရုရှားဟာကျူးကျော်ဖို့မလွယ်ကူတဲ့နိုင်ငံဆိုတာသံသယဖြစ်ဖွယ်မရှိပါဘူး။ သမိုင်းမှာလဲ အကြိမ်ကြိမ်အခါခါသက်သေပြထားပီးသားပါ။ ၁၈ ရာစုနှစ်အစောပိုင်း ဆွီဒင်မှာတုန်းကတစ်ခါ၊ ၁၈၁၂ နပိုလီယံအောက်ကပြင်သစ်တွေ၊ ပီးတော့ဒုတိယကမ္ဘာစစ်တုန်းက နာဇီ စတာတွေပါ။ အဲ့အပြင်ရုရှားရဲ့အေးစက်လှတဲ့ရာသီဥတုဟာ သတ္တိရှိပါတယ်ဆိုတဲ့စစ်သားတွေကိုတောင် ဒူးထောက်သွားစေနိုင်ပါတယ်။ အမှန်တော့ ရုရှားဟာကမ္ဘာပေါ်မှာအပူချိန်အကွာခြားဆုံးနိုင်ငံပါ။ အနိမ့်ဆုံး -၉၀ ဒီဂရီဖာရင်ဟိုက် နဲ့ အမြင့်ဆုံးကတော့ ၁၁၃.၇ ဒီဂရီဖာရင်ဟိုက်ပါ။ ေ နာက်ထပ်ရုရှားကိုမကျူးကျော်နိုင်တဲ့အချက်ကတော့သူ့ရဲ့ဧရိယာကြီးမားမှုပါ။

ဧရိယာစတုရန်းမိုင်ပေါင်း ၆.၆ မီလီယံကျယ်ဝန်းတဲ့ရုရှားဟာ ကမ္ဘာပေါ်မှာအကြီးဆုံးနိုင်ငံဖြစ်ပီး တောင်တန်းတွေ အရိုင်းဆန်တဲ့သဘာဝတရားတွေ နဲ့လျှို့ဝှက်စစ်တပ်တွေ ရုတ်ချည်းတိုက်ခိုက်မှုတွေနဲ့ ပြည့်စုံလွန်းလှပါတယ်။အဲ့လိုမြေပြင်ကျယ်ကြီးမှာလျှို့ဝှက်စစ်တပ်တွေကိုလိုက်ရှာတယ်ဆိုတာက ကောက်ရိုးပုံထဲအပ်လိုက်ရှာသလိုပါပဲ။ တစ်စုံတစ်ယောက်ကရုရှားကိုအောင်အောင်မြင်မြင်သိမ်းယူနိုင်ခဲ့တယ်ဆိုရင်တောင် အချိန်အကြာကြီးထိန်းသိမ်းထားနိုင်ဖို့ကမဖြစ်နိုင်ပါဘူး။

ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲပီးရုရှားစစ်တပ်ဟာယိမ်းယိုင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ပြန်လည်ပီး ဦးမော့လာနိုင်ပါပီ။၂၀၀၈ ထဲက စစ်တပ်ရဲ့အသုံးစရိတ်ဟာ ၃ ဆထိတက်လာခဲ့ပီး အခုဆိုရင် ဒေါ်လာ ၆၆ ဘီလီယံထိရှိနေပါပီ။ အခုလက်ရှိမှာတော့နိုင်ငံဟာ အကြီးမားဆုံးသောတင့်ကားတပ်ကြီးကိုပိုင်ဆိုင်ထားပါတယ်။ ဒါမဲ့လဲ အခုနောက်ပိုင်းမှာတော့ ရုရှားဟာစက်ရုပ်နည်းပညဘက်မှာပိုပီးစိတ်ဝင်စားနေလျက်ရှိပါတယ်။

စက်ရုပ်နည်းပညာမှာယူအက်စ်ထက်နောက်ကျနေပေမဲ့နှစ်အနည်းငယ်အတွင်းမှာအမှီလိုက်လာနိုင်ကြောင်း စက်ရုပ်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မာ့ခ် ဂူဘရူ့ ကပြောပါတယ်။ ဒီနည်းပညာဟာနောက်ထပ်စစ်တပ်သစ်အမျိုးအစားအတွက် အလားအလာရှိပါတယ်။ ရုရှားကိုကျူးကျော်မယ်ဆိုရင်တောင်သူ့နယူကလီးယားနည်းပညာတွေကိုမဆိုထားနဲ့မြေကြီးကိုထိတာတောင်ရုရှားအစိုးရကိုမကျော်တက်ရဲလောက်ပါဘူး။