အီရတ်က..အမေရိကန်စစ်စခန်းတွေကိုပစ်ခတ်တဲ့ ဒုံးပျံတွေကို.. အမေရိကန်က Ballastic Missile အဆင့်လို့သတ်မှတ်ထားပါတယ်..
Ballastic Missile ဆိုတာ..အကွာအဝေး မိုင် ၃၀၀ ကနေ မိုင် ၁၀၀၀၀ မကအထိပစ်ခတ်လို့ရတဲ့ ဒုံးပျံတွေကို ခေါ်တာပါ

အဲဒီမှာ ရှင်းပြစရာရှိတာက..ဒုံးပျံ Missile နဲ့ ဒုံးကျည် Rocket မတူပါဘူး.Rocket ဒုံးကျည် ဆိုတာ မှန်းပြီး ချိန်ပစ်ရတဲ့. ရှုးဒိုင်းလို..ပဲ့ထိန်းစနစ်မပါပဲ တည့်တည့်ထိတဲ့ ဒုံးလက်နက်ကို ဆိုလိုတာပါ….

ဒုံးပျံ Missile က ပဲ့ထိန်းစနစ်နဲ့ လမ်းညွှန်စနစ်..ပျံသန်းရေးစနစ်အစရှိတဲ့ နည်းပညာတွေပါဝင်တာကို ဆိုလိုတာပါ

Ballastic Missile ဆိုတဲ့ အဓိပ္ပါယ်က..ကမ္ဘာ့‌ဆွဲအားအောက်က မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်တဲ့ ဒုံးပျံပါ..

Ballastic Missile ဟာ အကွာအဝေးကိုလိုက်ပြီး..အဆင့်..၄ မျိုး ခွဲထားပါတယ်..

မိုင် ၃၀၀ ထိ ပစ်နိုင်ရင် SRBM (short range ballistic missile)

၃၀၀က ၆၀၀ ကိုMRBM (medium range ballistic missile)..

၆၀၀ က ၃၃၀၀ ကို IRBM( intermediate range ballistic missile)..

၃၃၀၀ ကျော်ကို ICBM( intercontinental ballistic missile) တိုက်ချင်းပစ် လို့ သတ်မှတ်ကြပါတယ်..

တိုက်ချင်းပစ်ဒုံးပျံဆိုတာ.ကမ္ဘာ့ တိုက်ကြီး ၇ တိုက်ကို တစ်တိုက်ကနေ တစ်တိုက် လှမ်းပစ်ခတ်လို့ရတာကို ဆိုလိုတာပါ..

Ballastic Missile အားလုံးဟာ..စစ်ပွဲအတွင်းမှာ အသုံးပြုရင် Tactical Missile လို့ ခေါ်ပြီး..

စစ်ပွဲပြင်ပ နိုင်ငံအချင်းချင်းကို ပစ်ခတ်ရင်..Stategic Missile လို့ ခေါိပါတယ်..

သူ့ရဲ့ warhead ထိပ်ဖူး လို့ခေါ်တဲ့ ပေါက်ကွဲစေတဲ့နေရာမှာ..အနုမြူ..ဓာတု..ယမ်းပြင်း.အစရှိတဲ့ ဖျက်စီးရေးစနစ်တွေတပ်ဆင်လို့ရပါတယ်..အရင်က ဒုံးပျံတွေမှာ..ထိပ်ဖူးက..ထိပ်မှာရှိပေမဲ့.
နောက်ပိုင်းစနစ်တွေမှာ Guided System တွေ..အာရုံခံကိရိယာတွေ.ပစ်မှတ်ရှာကင်မရာတွေပါ..ပါဝင်တာကြောင့်..ပေါက်ကွဲစေတတ်တဲ့ Warhead ထိပ်ဖူးက နောက်ရောက်သွားပါတယ်..

နိုင်ငံတကာ လက်နက်အသုံးပြုမှုသဘောတူညီချက်တွေအရ..ထိပ်ဖူးမျိုးစုံတပ်ဆင်လို့ရတဲ့..Ballastic Missile အသုံးပြုမှုကို ကန့်သတ်ထားပေမဲ့အများစုက အသုံးပြုနေကြပါတယ်..

ဒီနေ့ အီရန်က ပစ်တဲ့ ဒုံးပျံဟာ.1991 နဲ့ 2003 အီရတ်စစ်ပွဲမှာ..အီရတ်တွေအသုံးပြုခဲ့တဲ့.Scuud ဒုံးပျံနဲ့ မျိုးဆက်အဖြစ် သူ့နိုင်ငံထဲမှာ ထုတ်လုပ်ထားတဲ့ မိုင် ၃၀၀ ဝန်းကျင်ပစ်လို့ရတဲ့..SRBM နဲ့ MRBM တာတိုပစ် နဲ့ တာလတ်ပစ်ဒုံးပျံတွေဖြစ်တယ်လို့..ပညာရှင်တွေက ယူဆကြပါတယ်..

ဘာပဲပြောပြော Ballastic Missile နဲ့ ပစ်ခတ်လိုက်တာကြောင့်..နိုင်ငံတစ်နိုင်ငံကို စစ်ကြေညာတာနဲ့.ထပ်တူကျသွားတဲ့အတွေက်..

အမေရိကန်နဲ့..မဟာမိတ်နိုင်ငံတွေ..အီရန်နဲ့ မဟာမိတ်နိုင်ငံတွေ..ဘယ်လိုတုန့်ပြန်ရမလဲ..စောင့်ကြည့်ရပါဦးမယ်

Yan Aung