၁။ စင်ကာပူရေတပ်ရဲ့ အနာဂတ်ကာလ ဘက်စုံတိုက်ခိုက်ရေးစစ်သင်္ဘော advanced multi-role combat vessels ကို သက္ကရာဇ် ၂၀၂၇ ခုနှစ်မှာ တပ်တော်ဝင်အသုံးပြုသွားမယ်လို့ စင်ကာပူရေတပ်ဦးစီးချုပ် navy chief Lew Chuen Hong က ပြောကြားခဲ့ပါတယ်။ အဲ့ဒီစစ်သင်္ဘောအမျိုးအစားတွေကို စင်ကာပူရေတပ်မှာ ၁၉၉၀ ပြည့်နှစ်မှာ တပ်တော်ဝင်ခဲ့တဲ့ ဒုံးပျံတင် ကော်ဗက်စစ်သင်္ဘောတွေနဲ့ အစားထိုးအသုံးပြုသွားမှာဖြစ်ပါတယ်။

multi-role combat vessels တွေထဲက ပထမဆုံးအစီးကို ၂၀၂၅ ခုနှစ်မှာ တပ်တော်ဝင်နိုင်အောင် လျာထားဆောင်ရွက်လျက်ရှိပြီး စစ်ဆင်ရေးတာဝန်တွေကို ၂၀၂၇ ခုနှစ်မှာ စတင်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ Invincible-class submarine ကို ၂၀၁၉ ခုနှစ်၊ နှစ်ဆန်းပိုင်းတုန်းက ဂျာမနီနိုင်ငံမှာ ရေချပွဲပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီရေငုပ်သင်္ဘောဟာ ဂျာမနီနိုင်ငံမှာရှိနေပြီး ပင်လယ်ပြင်စက်စမ်းသပ်ခုတ်မောင်းခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ စင်ကာပူနိုင်ငံကို သက္ကရာဇ် ၂၀၂၁ ခုနှစ်မှာ ရောက်ရှိဖို့ လျာထားပါတယ်။

၂။ ဒီသတင်းနဲ့ပတ်သက်လို့ straitstimes.com အင်တာနက်စာမျက်နှာကနေ ဘာသာပြန်ဆို ဖော်ပြထားခြင်းဖြစ်ပြီး မူရင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးပြုစုသူများနဲ့ သတင်းပြုစုသူတို့ကို အသိအမှတ်ပြုပါတယ်။ အချိန်ပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။