အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမှာနေတဲ့အချိန် အမေရိကန် B-2 နျူးကလီးယား ဗုံးကြဲဲလေယာဉ် ဟာဝိုင်အီလေတပ်စခန်းစကနေ စတင်ထွက်ခွာလာတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းဌာနတွေကနေ သတင်းတက်လာပါတယ်။

ဒီ B-2 ကမ္ဘာပေါ်ရှိမဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များတွင် တန်းကြေးအမြင့်ဆုံး ဒီဇိုင်းလက်ရာအကောင်းမွန်ဆုံးကိုပြပါဆိုလျှင်USရဲ့B-2ကိုပြရမှာဖြစ်ပါတယ်။

အဆိုပါB-2ကို USရဲ့နာမည်ကျော်လေယာဉ်ဒီဇိုင်းပညာရှင် ဂျက်နိထရော့ပ်က ရေးဆွဲပေးခဲ့ပြီ Northrop Grummanကုမ္မဏီမှ 1989ခုနှစ်ထုတ်လုပ်ပေးခဲ့ပါတယ်။

B-2ရဲ့ကိုယ်ထည်ကို တိုက်တေနီယံသတ္တုများဖြင့်တည်ဆောက်ထားကာ ရန်သူ့ရေဒါဖမ်းယူမှုမှကင်းဝေးစေရန် Ferrite Base သတ္တုများဖြင့်ဖုံးအုပ်ထားပြီ ကမ္ဘာပေါ်ရှိမည်သည့်လေကြောင်းရန်ကာကွယ်ရေးစနစ်မဆိုကျော်လွားနိင်ပါတယ်။

အလိုအလျောက်ထိန်းချုပ်မောင်းနှစ်မှုစနစ် ပစ်မှတ်ရှာဖွေရာမှာလဲComputerစနစ်ဖြင့်ရှာဖွေပေးသောစနစ်စတဲ့Softwareပိုင်းဆိုင်ရာဖြင့်သာလုပ်ဆောင်ရသောကြောင့် လေယာဉ်မှူးနှစ်ဦးသာလိုအပ်ပြီ ကမ္ဘာပေါ်ရှိမည်သည့်ဒေသမဆိုသွားရောက်တိုက်ခိုက်နိင်ကာ လေကြောင်းရန်ရေဒါစနစ်များမထောက်လှမ်းနိင်ဘဲ ဟုပင်တင်စားထားကြပါတယ်။

ဒါပေမဲ့ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်များရဲ့ အန္တရာယ်ကိုတော့ သတိထားရပြီ B-2တစ်စီးလျှင် လက်ရှိစျေးနူန်းအရ(၂.၁)ဘီလျံထိတန်းကြေးမြင့်မားလွန်းကာ အနီးကပ်ဆုံးမိတ်ဆွေနိင်ငံဖြစ်သောဗြိတိန်နိင်ငံကိုတောင်ရောင်းချခြင်းမပြုသောအမျိုးအစားဖြစ်ပါတယ်။

General Electronic F-118အမျိုးအစားအင်ဂျင်လေးလုံးတပ်ဆင်ထားပြီ ၆၉၀၀မိုင်ထိစစ်ဆင်နိင်ကာ အရံဆီတိုင်ကီပါဝင်ပါကမိုင်၁၂၀၀၀ထိစစ်ဆင်နိင်ပါတယ်။

အမြင့်ပေ၅၀၀၀၀ အထိပျံသန်းနိုင်ကာ 230kgရှိပြီအဖျက်စွမ်းအားကြီးမားသောMk-82 GPSလမ်းညွှန်ဗုံး အလုံး ၈၀ ၊ 1100kg ရှိသော B-83 Nuclearဗုံး ၁၆ လုံး၊ မြေပြင်မြေအောက်ပစ်မှတ်များပါဖျက်စီးနိင်သောGPSလမ်းညွှန်GBU-57A/Bဗုံးအမျိုးအစား ၂ လုံး ၊ အဆင့်မြင့်Cruise Missileဖြစ်သောATGM-129(၁၆) စင်း ၊ စတဲ့အဖျက်စွမ်းအားကြီးမားသောလက်နက်စနစ်များတပ်ဆင်ထားပါတယ် ။