ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ၊ မြန်မာစံတော်ချိန်မနက်၅နာရီဝန်းကျင်လောက်မှာ အီရန်က အီရတ်မှာ ရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းနှစ်ခုတို့အား ဒုံးကျည်ပေါင်းဒါဇင်ကျော်ဖြင့်တိုက်
ခိုက်ခဲ့မှု့ကို ထရမ့်ကသာ ပြန်ပြီးတိုက်ခိုက်ရေးအမိန့်ကို ပေးလိုက်ရင် တတိယကမ္ဘာစစ်ဆိုတာမျိူးအထိ ဖြစ်မလာနိုင်ပေမယ့် အရှေ့အလယ်ပိုင်းဒေသ ကြီးမီးဟုန်းဟုန်းတောက်ပြီး
အမေရိကန် နှင့် အီရန်နှစ်နိုင်ငံလုံးအတွက်လည်း ထိခိုက်မှု့တွေ များစွာရှိစေနိုင်ပြီး၊အဲဒိဒေသရှိအရပ်သားပြည်သူတွေများစွာ တို့ဟာလည်းဒုက္ခ အတိရောက်ကြရမှာဆိုတာကတော့အငြင်းထွက်စရာမရှိနိုင်ပေ။

အမေရိကန်ရဲ့ လက်ချက်ကြောင့်သေဆုံးသွားခဲ့တဲ့ အီရန် စစ်ဗိုလ်ချုပ်ဆိုတာက နယ်နယ်ရရမျိူးမဟုတ်ဘူးဆိုတာကိုတော့ ၎င်းရဲ့ဈာပန အခမ်းအနားကို လေ့လာကြည့်ရုံနှင့်တင် သိရှိနိုင်ပါသည်။ အီရန်ပြည်သူတွေဟာSoleimani သေဆုံးမှု့နှင့် ပတ်သက်ပြီးအမေရိကန်ကို နာကြည်းမုန်းတီးမှု့တွေအထွဋ်အထိပ်သို့ရောက်ရှိနေကြပြီး လက်တုန့်ပြန်ပေးရန်လည်း အီရန်အစိုးရကို ဖိအားပေးတောင်းဆိုနေကြသည်။အစိုးရပိုင်းက လက်တုန့်ပြန်မှု့ မလုပ်ခဲ့ရင်တော့ လူထု့မငြိမ်သက်မှု့တွေဟာ ထိန်းရခက်အနေအထားမျိူးအထိရောက်ရှိသွားနိုင်ပါသည်။ထို့အပြင် အရှေ့အလယ်ပိုင်း ၌ အီရန်ရဲ့ ပုံရိပ်နှင့် သိက္ခာတို့ဟာလည်း များစွာကျဆင်းသွားလိမ့်မည်။

အီရန်ဟာ လက်ရှိအနေအထား၌ အမေရိကန်နှင့် စစ်ကိုသာ ဖန်တီးလိုက်မည်ဆိုပါက ကိုယ့်သေတွင်းကိုယ်တူးချိန်တောင် ရလိုက်မည်မဟုတ်။အီရန်အစိုးရ အနေဖြင့်လည်း ရှေ့တိုးရခက်၊နောက်ဆုတ်ရခက် အနေအထားမျိူး၌အမေရိကန်နှင့် စစ်ကိုဖန်တီးလို့လည်းမရ၊လက်တုန့်ပြန်မှု့ မလုပ်လို့ကလည်းမဖြစ်၊အနေအထား၌ အကောင်းဆုံးနှင့် သင့်တော်မှု့အရှိဆုံးဖြစ်စေမည့် နည်းလမ်းကိုသာ ရွေးလိုက်ပါသည်။

အီရန်၌ နျူကလီးယား လက်နက်ရှိ၊မရှိ၊ သေချာမသိရပေမယ့်မရှိနိုင်လို့တော့ထင်မြင်မိ။သို့သော် ပစ်မှတ်ကို ချိန်ရွယ်ပြီး အတိအကျ ထိမှန်အောင် ပစ်နိုင်တဲ့ စစ်ရေးလက်နက်ကောင်းတွေ ရှိနေတာကတော့သေချာပါသည်။ဗုဒ္ဓဟူးနေ့ တိုက်ခိုက်မှု့ကိုလေ့လာကြည့်ပါက တိုက်ခိုက်မှု့ မလုပ်ခင်မှာ အီရတ်ကို ကြိုတင်အသိပေးမှု့လုပ်ပြီးအမေရိကန်စစ်သားတွေ ထိခ်ိုက်သေဆုံးမှု့မျိူးမရှိအောင်ဟန်ပြတိုက်ခိုက်မှု့မျိူးကိုလုပ်ခဲ့ပုံလည်းရပါသည်။

အာရပ်သတင်းရင်းမြစ်များတို့ကို အကိုးအကား လုပ်ပြီးCNNက အစီရင်ခံရေးသားထားရာ၌ အီရန်အာဏာပိုင်တွေက တိုက်ခိုက်မှု့မလုပ်ခင် အမေရိကန် စစ်ဘက်အရာရှိတို့
အား သတင်းအရင်ပို့ခဲ့သည်လို့တောင် ဆိုထားပါသည်။သဘောကတော့ အီရန်ဟာအမေရိကန် နှင့်စစ်ကို အခုလိုအချိန်မျိူးမှာမဖြစ်ချင်သေးဘူးဆိုတာကို ပြလိုက်ခြင်းလည်းဖြစ်သည်။ အမေရိကန်ဘက်ကလည်းအီရန်ကို ချွေးသိပ်တဲ့ အနေနဲ့ ဒုံးကျည်တွေကို ပစ်ချတားဆီးမှု့ မလုပ်ခဲ့ဘဲ စစ်ရေးအဆောက်အုံအချို့ကို ထိမှန်ခဲ့တယ်လို့ ဆိုပေးလိုက်သည်။

အစောပိုင်းမှာ တချို့သော သတင်းမီဒီယာတွေကဖွကြရာ၌ အမေရိကန် စစ်သား၆၀ထက်မနည်း သေဆုံးခဲ့တယ်လို့ ရေးသားဖော်ပြကြပါသည်။ဒီနေရာမှာ ထရမ့်ဟာအရင်ဆုံးသူ့နိုင်ငံစစ်သားတွေ သေဆုံးခဲ့ခြင်းရှိ၊မရှိအနေအထား ကို အရင်ဆန်းစစ်ပြီးမှတစ်ယောက်မှ ထိခိုက်သေဆုံးခဲ့ခြင်းမျိူးမရှိ ဟုအတည်ပြု နိုင်မှ ဆုံးဖြတ်ချက်ကိုချပြီးမိန့်ခွန်းမှာ အီရန်နှင့် ငြိမ်းချမ်းရေးအတွက်ညှိနှ်ိုင်းမှု့လုပ်မည်လို့ ပြောကြားခဲ့ပါသည်။သို့သော် အီရန်ကို နျူကလီးယားလက်နက်ပိုင်ဆိုင်ခွင့်တော့ ပေးလိမ့်မည် မဟုတ်ဟုလည်း ဆိုခဲ့ပါသည်။ထရမ့်ရဲ့ ပါးနပ်မှု့လို့ပင်ဆိုရမည် ဖြစ်ပါသည်။

အမေရိကန် နှင့် အီရန် တို့ရဲ့ စစ်ပွဲကို မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေကြသူတွေလည်း ရှိကြသလို၊ ဖြစ်ပါစေလို့ ဆုတောင်းနေကြသူတွေလည်း ရှိနေကြပါသည်။တချို့သော သူများဆိုရင် ကျွန်တော့်ရဲ့ ပိုစ့်အောက်မှာ’ စစ်ကြီးဖြစ်ပါစေ၊မြန်လေကောင်းလေ ‘လို့ comment လာရေးသူတွေလည်းရှိနေကြပြီးမရေးသင့်ဘူးလို့ထင်လို့ ဖျက်လိုက်ရတာတွေလည်း ရှိပါသည်။ကမ္ဘာ့နိုင်ငံများတို့ရဲ့ကြားမှာလည်း စစ်ကိုဖြစ်စေချင်ကြသူ၊စစ်ကိုမဖြစ်စေချင်ကြသူမျိူးတွေဟူ၍ ရှိနေကြပါသည်။

အမေရိကန်-အီရန်စစ် ဖြစ်လာမည့်အရေးကို တရုတ်၊တောင်ကိုးရီးယား ၊ဂျပန်၊အိန္ဒိယ တို့ကတော့ များစွာစိုးရိမ်ထိတ်လန့်နေကြမည်ဖြစ်သည်၊၊အမေရိကန် -အီရန်စစ်သာ ဖြစ်ခဲ့ရင် ရေနံဈေးထိုးတက်နိုင်ပြီး၎င်းနိုင်ငံတို့ရဲ့ စီးပွားရေးတွေကိုလည်း ထိခိုက်မှု့တွေများစွာ ရှိစေနိုင်လိမ့်မည် ဖြစ်ပါသည်။ရုရှားလို နိုင်ငံမျိူးအတွက်တော့ စစ်ရေးလက်နက်များနှင့်စစ်ဘက် ကာကွယ်ရေးစနစ်တွေကို ရောင်းချချင်နေလို့ စစ်ဖြစ်လေအကြိုက်တွေ့လေ ရှိနိုင်ပါသည်။

၂၀၁၄ခုနှစ်ကနေ ၂၀၁၈ခုနှစ်ကာလအတွင်း၌ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးလက်နက်ရောင်းချတင်ပို့မှု့ တန်ဖိုးအားလုံးပေါင်းရဲ့ ၃၄%လောက်ကို အမေရိကန် တစ်နိုင်ငံတည်းကသာ ရောင်းချတင်ပို့မှု့ လုပ်ခဲ့ပါသည်။ရုရှားက ၂၂%၊ပြင်သစ်က ၇%၊ဂျာမဏီက ၆%၊တရုတ်က ၆%၊ယူကေက ၅%၊စပိန်က ၃%၊အစ္စရေးက၂%ဟူ၍ အသီးသီးရောင်းချနိုင်ခဲ့ကြပါသည်။

အမေရိကန် -အီရန်စစ်ဟာ အခုလိုအချိန်မျိူး၌ ယာယီနောက်ဆုတ်ထား အဆင့်မျိုးသာ ဖြစ်ပါသည်။ အီရန်ဟာ အမေရိကန်နှင့်အပြင် ကျန်တဲ့နိုင်ငံတွေနှင့်ပါ ထိပ်တိုက်ရင်ဆိုင်ရမှု့မျိူးတွေ ရှ်ိလာန်ိုင်ပါသည်။ရေနံဈေးတွေဟာ လက်ရှိ၌ အမေရိကန် နှင့် အီရန်တို့ရဲ့နှစ်ဖက် တင်းမာမှု့ ပြေလျော့အနေအထားကြောင့်ရယ်၊EIAဒေတာအရ အမေရိကန် ရေနံသိုလှောင်ထားမှု့ စာရင်း၌ စည်အရေအတွက်တိုး၍ ရှိလာခြင်းအနေအထားတို့ရယ်ကြောင့်အကျဖိအားရှိနေပေမယ့် အရင်နေ့တုန်းက ယူကရိန်းခရီးသည်တင်လေယာဉ် ပျက်ကျမှု့၌ အီရန်ရဲ့လက်ချက်လို့ အတည်ပြုချက်တွေထွက်လာပါသည်။

၎င်းလေယာဥ်ဟာခရီးသည် ၁၇၆ဦးတို့ကို တင်ဆောင်ပြီး တီဟီရန် လေဆိပ်ကနေ ထွက်ခွာပြီး သိပ်မကြာခင်မှာပျက်ကျခဲ့မှု့ ကြောင့် လိုက်ပါသူ အားလုံးသေဆုံးခဲ့မှု့ ဟာ စက်ချို့ယွင်းမှု့ကြောင့် မဟုတ်ဘဲအီရန်က ပစ်ချခဲ့တာလို့ မနေ့တုန်းက အမေရိကန် ၊ဗြိတိန်၊ကနေဒါတို့က အတည်ပြုကြေညာလိုက်ပြီဖြစ်ပါသည်။ ကနေဒါဝန်ကြီးချုပ်Justin Trudeauကတော့ အဲဒိလေယာဉ်ပျက်ကျမှု့၌ သူ့နိုင်ငံသား ၆၃ယောက်အထိ သေဆုံးခဲ့ဟု ဆိုလိုက်ပြီး အီရန်ဟာ အဲဒိအတွက်တာဝန်ယူရလိမ့်မည်ဟုလည်းဆိုလိုက်ပြီဖြစ်သည်။ယူကရိန်းနိုင်ငံသား၁၁ဦးနှင့်တခြား နိုင်ငံအချို့မှCrew members ၉ဦးနှင့် ကျန်တာကတော့အီရန်န်ိုင်ငံသားတွေလို့လည်း သိရပါသည်။ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နှင့်ဩစတြေးလျဝန်ကြီးချုပ် Scott Morrisonတို့ကလည်း အီရန်က ပစ်ချခဲ့တာလို့ ကြေညာချက် ထုတ်ပြန်ခဲ့ကြပါသည်။

အီရန်က ယူကရိန်းလေယာဉ်ကိုပစ်ချရာ၌ ရုရှားရဲ့ TOR Missile Systemသုံးဒုံးကျည်များဖြင့် ပစ်ချခဲ့သည်လို့လည်းသတင်းအများစုက ဆိုထားကြသည်။ရုရှားက ၂၀၀၇ခုနှစ်ထဲ၌ အီရန်သို့ Tor-M1s လေကြောင်းကာကွယ်ရေးစနစ်ကို ရောင်းချခဲ့တယ်လို့လည်းသိရပါသည်။အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တော့ အီရန်စစ်ကို အနောက်နိုင်ငံတွေဘက် လှည့်ပေးတော့မည့်သဘောပြနေသည်။အီရန်ဟာ မှားယွင်းပစ်ချမိတာမျိူးလည်း ဖြစ်နိုင်သည်ဟု ပြောခဲ့ပါသည်။နောက်ဆက်တွဲ ဘာဖြစ်လာအုံးမလည်းဆိုတာတော့မသိနိုင်သေးပေမယ့် ရုရှားသမ္မတ ပူတင်ကတော့ ပြုံးနေလောက်ပြီထင်ပါရဲ့။စစ်ရေးလက်နက်လည်း ရောင်းနေရ။ရေနံဈေးတက်ရင်လည်း ရုရှားရေနံတွေကိုဈေးမြင့်မြင့်နဲ့ ရောင်းချလို့ရနေတော့ အရှေ့အလယ်ပိုင်း ဒေသ ငြိမ်သက်မှု့ မရှိလေလေ၊ ပူတင်ကတော့ ကြိုက်လေလေ သာရှိနိုင်ပါသည်။