ယမန်နေ့ မွန်းလွဲပိုင်းက အမေရိကန်လေတပ်မှ အီး-11အေ အမျိုးအစား ဗုံးကြဲလေယာဉ်တစ်စီး အာဖဂန်နစ္စတန်နိုင်ငံ Ghazni ခရိုင်အတွင်း Dih Yak မြို့အနီးတွင် ပျက်ကျခဲ့ပြီး

လေယာဉ်ပေါ်ပါဝင်သူ အားလုံသေဆုံးခဲ့ရခြင်းမှာ မိမိတို့ပစ်ချလိုက်ခြင်းကြောင့် ဖြစ်ကြောင်း တာလီဘန် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကဆိုသည်။ယင်းလေယာဉ်ပေါ်ပါဝင်သူအားလုံးသေဆုံးရာတွင် အဆင့်မြင့် အမေရိကန် အရာရှိတစ်ဦးလည်းပါဝင်ကြောင်း တာလီဘန်လက်နက်ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ကပြောသည်။

အမေရိကန်တပ်ဖွဲ့တို့ကမူ လေယာဉ်ပျက်ကျခြင်းနှင့် ပတ်သက်၍ ယခုအချိန်အထိ စုံစမ်းစစ်ဆေးသိရှိရသမျှမှာ ရန်သူ့လက်ချက်ကြောင့်မဟုတ်ဟု ဆိုသည်။အမေရိကန်ဖက်မှ တာဝန်ရှိသူတစ်ဦးကမူ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၀ ဦးရှိကြောင်းပြောသည်။

အဆိုပါလေယာဉ်မှာ အာဖဂန်နစ္စတန်နိုင်ငံပေါ်မှ ပျံသန်း၍ အီလက်ထရွန်းနစ်နည်းပညာဆိုင်ရာ စောင့်ကြည့်ထောက်လှမ်းမှုများကို ပြုလုုပ်လျှက်ရှိသော လေယာဉ်ဖြစ်သည်။လေယာဉ်ပျက်ကျခြင်းမှာ တာလီဘန်တို့လက်ချက်ကြောင့်ဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အတည်ပြုပြောကြားခဲ့သော်လည်း လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းနှင့်ပတ်သက်၍မူ ရှင်းလင်းစွာမသိရသေးကြောင်းပြောသည်။

လေယာဉ်ပျက်ကျခြင်းကို စုံစမ်းစစ်ဆေးလျှက်ရှိရာတွင် ယခုအချိန်အထိ သိရှိရသမျှဆိုပါက ရန်သူ့လက်ချက်ကြောင့် ပစ်ချခံရခြင်းမျိုး မတွေရှိကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးကပြောသည်။

သို့ရာတွင် ယခုလေယာဉ်ပျက်ကျသော နေရာမှာ အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော် ကဘူးလ်မြို့၏ တောင်ဖက် မိုင် ၈ဝခန့်အကွာ တာလီဘန်တို့ထိန်းချုပ်နယ်မြေအတွင်းတွင်ဖြစ်ကြောင်းသိရသည်။

Source: Daily Mail