အစောပိုင်းကာလများ
-အေဒီ ၁၈၀၀ Sniper ဆိုတဲ့ စကားလုံးကို ဗြိတိသျှ တို့ စသုံးခဲ့တယ်၊ မူလရည်မှန်းချက် တာဝန် ၂ ရပ်ရှိတယ်၊
-ပထမရမခ အချက်က တာဝေးပစ်မှတ်တွေကို တိကျပစ်ခတ်နိုင်ဖို၊ အရေးကြီးသူတွေကို သတ်ဖြတ်သုတ်သင်ဖို့၊ဒီလိုပစ်ခတ်ခြင်းအားဖြင့် တိုက်ပွဲတစ်ခုလုံးရဲ့ အခြေအနေဖန်တီးနိုင်ခွင့်ကို လက်ဝယ်ရရှိဖို့

-ဒုတိယ ရမခ အချက်ကတော့ ရန်သူ့အခြေအနေကို ကင်းထောက်ဖို့၊ တိုက်ပွဲသတင်းစုဆောင်းဖို့ အတွက် မူလတာဝန် ၂ ရပ်
-အမေရိကန်တို့ရဲ့ တော်လှန်ရေးစစ်ပွဲနဲ့ ပြည်တွင်းစစ်ပွဲကာလတွေမှာ အမေရိကန်စနိုက်ပါတွေကို လေ့ကျင့်လာခဲ့ကြတယ်၊ သေနတ်တွေကို တိကျပစ်ခတ်နိုင်ဖို့တီထွင်မှုတွေ လုပ်ဆောင်လာကြတယ်။ နာမည်ကျော် လက်ဖြောင့်သေနတ်သမားအဖွဲ့တွေ ပေါ်ထွက်လာတယ် ၊ ထင်ရှားတဲ့ အဖွဲ့တွေက Morgan’s Riflemen နဲ့ Col.ံHiram Bardan ရဲ့ Union Sharp Shooters (သူတို့တာဝန်ကတော့ ရန်သူ့ကင်းထောက်တွေ၊ အရရ တွေ၊ စပိုင်တွေ၊ လမ်းပြတွေ နဲ့ NCO တွေကို သတ်ဖြတ်ဖို့)

ပထမကမ္ဘာစစ်ကာလ
တစ်ဦးတည်းနဲ့ လက်ဖြောင့်တာဝန်ထမ်းဆောင်နို်င်တဲ့ စစ်သည်တွေ ပေါ်ထွက်လာတယ်၊ တစ်တောင့်တည်းသောကျည်တွေနဲ့ လုပ်ကြံသတ်ဖြတ်လာနိုင်သလို ရန်သူ့စိတ်ဓါတ်ကို ခြိမ်းခြောက်လာတဲ့ အနေအထားကို သွားတွေ့ရပြီ၊ ဒုန်းဆို ပစ်လဲသွားမှ စနိုက်ပါနဲ့ ပစ်နေတာ ဟ ဆိုတဲ့ အသိဟာ ဘာနဲ့မှလဲလို့မရတဲ့ ခြိမ်းခြောက်မှုပဲ၊ ဆသရမြောင်းတွေ၊ လျောက်ကျင်းတွေထဲက အဆိပ်ငွေ့တွေနဲ့ စက်သေနတ်ကျည်တွေကြားထဲက စနိုက်ပါတစ်ချက်ဟာ သွေးပျက်စေတဲ့ ကာလကိုဖန်တီးပေးတယ် ၊ တင်စားကြတယ် No man land တဲ့၊ ဗြိတိသျှတို့က ပထမဆုံးသော လက်ဖြောင့်အတတ်သင်ကျောင်းကို ဖွင့်လှစ်ခဲ့တယ် Major H. Hesketh-Pritchard, DSO, MC, ဦးစီးပြီး

ဒုတိယကမ္ဘာစစ်ကာလ
-ဂျာမန်တွေရဲ့ လက်ဖြောင့်စစ်သည်တွေ ပုံဖျက်တာနဲ့ ပတ်သက်လို့ သပ်ခပ်တယ်၊ အများဆုံးသတ်နိုင်တဲ့လူတွေ ပေါ်ထွက်လာတယ်၊ အရေအတွက် ရာနဲ့ချီပြီးတော့ ၊ အထောက်အကူပြုပစ္စည်းတွေပေါ်လာတယ်၊ စကုပ်တွေ ပိုတိကျလာတယ်၊ သေနတ်တွေ အဆင့်တိုးလာပြီ။

-ဆိုဗီယက်တွေလား ၂ ယောက် ၁ ဖွဲ့ နည်းစဉ်ကိုကျင့်သုံးလာတယ်၊ Vassili Zaitsev လို လက်ဖြောင့်သူရဲကောင်းအဖြစ်ပုံသွင်းခံလာရသလို အယောက် ၄၀၀ အထိပစ်ခတ်သတ်ဖြတ်နိုင်ခဲ့တယ်၊ အမျိုးသမီးလက်ဖြောင့်သေနတ်သမား အယောက် ၂၀၀၀ လောက်အထိမွေးထုတ်ခဲ့တယ်။

-အမေရိကန်တို့အနေနဲ့လည်း Camp Perry အိုဟိုင်းအိုးမှာ အဆင့်မြင့်လက်ဖြောင့်အတတ်သင်ကျောင်းကို ဖွင့်လှစ်သင်ကြားတယ်။ သို့သော် တရားဝင်လက်ဖြောင့်သင်ခန်းစာတွေ သတ်မှတ်နိုင်ခြင်းမရှိသေးပါ။ အမေရိကန်မရိန်းတပ်ဖွဲ့အနေနဲ့ တော့ အကန့်အသတ်နဲ့ သင်ခန်းစာတွေ ဖော်ထုတ်နိုင်လာတယ်။

ကိုရီးယားစစ်ပွဲကာလ
-၁၉၅၀ ခုနှစ်ကာလတွေမှာ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်တို့အနေနဲ့ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်။ တောင်ကိုရီယားမြောက်ကိုရီးယား ၂ ခြမ်းကွဲတယ်။ 38 parallel ဖြစ်လာတယ်အဆုံးသတ်မှာ။

-ဆိုဗီယက်နဲ့ တရုတ်တို့က မြောက်ကိုရီယားစနိုက်ပါတွေကို လေ့ကျင့်ပေးတယ်၊ အထိအခိုက်များတယ် အမေရိကန်ဘက်က
-၁၉၅၆ မှာ US Army Sniper School ကို Camp Perry, Ohio.မှာပဲဖွင့်လှစ်တယ်။ ကံအကောင်းအကြောင်းမလှစွာပဲ တန်ဖိုးထားရမှန်းမသိတဲ့ အတွက် သင်တန်းကာလအနည်းငယ်ပဲ ကြာမြင့်ခဲ့တယ်လို့ သူတို့သမိုင်းမှာ ဆိုထားတယ် (ဆင်ခြင်နိုင်ပါရန်)

ဗီယက်နမ်စစ်ပွဲ
-အမေရိကန်တို့အနေနဲ့ လက်ဖြောင့်သင်တန်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်လည်ဖွင့်လှစ်ခဲ့တယ်။ တန်ဖိုးထားရမှန်းသိလာတယ် တောတွင်းစစ်ဆင်ရေးတွေမှာ၊ ဗီယက်နမ်စနိုက်ပါတွေနဲ့ သူတင်ကိုယ်တင် ပစ်ခတ်လာကြတယ်၊ လက်ဖြောင့်သေနတ်အဖြစ် စံပြုလက်ဖြောင့်သေနတ်တွေကို သုံးစွဲလာတယ်၊ လက်ဖြောင့်တပ်ဖွဲ့တွေ့ရဲ့ ရီနေစွန်းခေတ်ကြီးလို့ပြောလို့ရတယ်၊နာမည်ကျော် ကားလိုစ့်တို့လို လူတွေ အများကြီးပေါ်ထွက်လာတယ်။

ဗီယက်ကောင်းတွေကို ဆိုဗီယက်ကကျင့်ပေးနေသလို ပြင်သစ်လက်ဖြောင့်သေနတ်သမားတွေကလည်း ဗီယက်ကောင်းတွေရဲ့ အကျဉ်းသားတွေအဖြစ်ကနေ လွတ်မြောက်ဖို့အတွက် အမေရိကန်ကို ပြန်လည်တိုက်ပွဲဝင်ခဲ့ကြတယ်။

December 1968 မှာMajor Willis Powell ဖွင့်ခဲ့တဲ့ လက်ဖြောင့် သင်တန်းဆင်းတဲ့ လက်ဖြောင့်သေနတ်သမား ရ၂ ယောက်ဟာ တိုက်ပွဲဝင်အသင့်ဖြစ်ခဲ့ကြတယ်၊ သင်တန်းသား ၅၀% ကတော့ သင်တန်းပြီးမြောက်အောင်မတက်ရောက်ခဲ့ရဘူးပေါ့၊ သင်တန်းနေရာကလည်း စစ်မြေပြင်မှာဖြစ်သလို လက်တွေ့သင်ခန်းစာတွေက ဗီယက်ကောင်းတွေကို ပစ်နေရင်းနဲ့ပေ့ါ၊
12 April ကနေ 9 May 1969 အချိန်ကာလအတွင်း ဒီလက်ဖြောင့်တပ်သားတွေ ပစ်ခတ်ခဲ့တာက ဗီယက်ကောင်း ၃၉ ယောက်အထိကျဆုံးစေခဲ့တယ်။ သင်တန်းဆင်းတွေအကုန်လုံးကို တပ်မကြီး (၉) ၊ တပ်ရင်း (၃၁) မှာစုဖွဲ့တာဝန်ပေးအပ်ခဲ့ပါတယ် (သိပ်လုပ်သင့်တဲ့အချက်ပေ့ါ မိမိတို့ဆီမှာလည်း)

သုံးသပ်ချက်
– အမေရိကန်တို့အနေနဲ့ ဒုတိယကမ္ဘာစစ်ပြီးတဲ့ ကာလကနေ စစ်အေးခေတ်ကာလကို ဖြတ်သန်းနေတဲ့ အချိန်အထိ လက်ဖြောင့်သေနတ်တွေ၊ လက်ဖြောင့်သေနတ်သမားတွေနဲ့ ပတ်သက်လို့ သိပ်ရင်မခုန်ခဲ့ကြပါဘူး။

သို့သော် တစ်ဖက်အဖွဲ့အစည်းကြောင့်ကျဆုံးရတဲ့ စစ်သည်အရေအတွက်များပြားလာတဲ့ အခါမှာ သင်ယူလေ့လာလာကြပါတယ်။ပြန်လည်သင်ယူတယ် ရန်သူ့ဆီကကောင်းကောင်းစုဖွဲ့တယ် မိမိဘာသာကောင်းကောင်းတန်ပြန်တယ် ရန်သူ့ကိုမျက်မှောက်ခေတ် အမေရိကန်တွေရဲ့ ဖွဲ့စည်းပုံတွေမှာ စနိုက်ပါဆိုတဲ့ စကားရပ်ဟာ အရမ်းအသက်ဝင်သွားခဲ့ပါပြီ။

ဟုတ်ကဲ့ သူတို့တွေဟာ သမိုင်းထဲကပဲ ပြန်လည်သင်ယူရင်း အသတ်ခံမလား ၊ ပြန်သတ်မလား ဆိုတဲ့ မေးခွန်းကို ပြန်အဖြေထုတ်ခဲ့ကြတယ်။ ဟုတ်ကဲ့ သူတို့က ပြန်သတ်ဖို့ပဲ ရည်ရွယ်ချက်ထားခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ရော ဘယ်လိုဖြစ်စေချင်လဲ ရန်သူ့ကိုသတ်မလား၊ ရန်သူ့ပစ်ချက်တွေအထိခံမလား (ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးကာလများအတွင်း ရန်သူ့လက်ဖြောင့်တွေကြောင့်ကျသွားတဲ့ ခေတ်အဆက်ဆက်ကမိမိ စစ်သည်များအတွက်ရေးသည် FG)