ရွာတစ်ရွာမှာ …
အပျိုကြီးတစ်ယောက်ရှိတယ် … တစ်နေ့တော့ သူ့ဘကြီးတော်တဲ့ … ဘုန်းကြီးကို ဆွမ်းပို့ရင်း လာမေးတယ် …

” အရှင်ဘုရား တပည့်တော်မ ရွာထဲက မောင်မောင်တာနဲ့ ယူမလို့ အဲ့ဒါ သင့်မသင့် ကိုယ်တော်နဲ့ လာ တိုင်ပင်တာပါ
တပည့်တော်မ,မှာလည်း အမျိုးဆိုတာ အရှင်ဘုရားပဲရှိလို့ပါ ” ပေါ့။

ဘုန်းကြီးက ရဟန်းဝတ်နဲ့ မအပ်စပ်လေတော့ … ပြောရခက်နေတယ် … ဒါနဲ့ …

” ဒကာမကြီး အခု ဆွမ်းစားဖို့ ကြေးနောင် တီးလိုက်မယ်..
အဲ့ဒါကို နားထောင်ပြီး နိမိတ်ကောက်ပါ ”

ဘုန်းကြီးက ကြေးနောင် တီးလိုက်တယ် … တူဝေ တူဝေ လို့ မြည်တာပေါ့။

အပျိုကြီးက … လိုရာဆွဲ နိမိတ်ကောက်တယ် … ဒါဟာ ယူလေ ယူလေ လို့ ပြောတာဖြစ်ရမယ် … ဒါနဲ့ ပြန်သွားပြီး သိပ်မကြာဘူး … လင်ယူလိုက်ရော …

တစ်လလောက်အကြာမှာ ပြန်ရောက်လာတယ်။

မောင်မောင်တာက အရက်သောက် ၊ ဖဲရိုက် ၊ ကြက်တိုက်နဲ့ ဘာအလုပ်မှလဲမလုပ် နောက်တစ်ယောက်နဲ့လဲ သတင်းတွေထွက်နေလို့ တပည့်တော်မ နေ့တိုင်း မျက်ရည်ကျရတယ် … အဲ့ဒါ ကိုယ်တော်က အကြံပေးလို့ ဆိုပြီး ဘုန်းကြီးကို အပြစ်တင်တယ် …

ဘုန်းကြီးက မေးတယ် …

” ဒကာမကြီး ကြေးနောင်သံကို ဘယ်လို အဓိပ္ပာယ် ကောက်သလဲ … ” ဆိုတော့ …

” တူဝေ တူဝေ ဆိုမှတော့ ယူလေ ယူလေ ပဲ ကောက်လို့ရမှာပေါ့ ကိုယ်တော်ရဲ့ … ” တဲ့ …။

” မဟုတ်ဘူး ဒကာမကြီး တူဝေ တူဝေ ဆိုတာ လူပေ လူတေ လို့ အဓိပ္ပာယ်ကောက်ခိုင်းတာ ဟဲ့ … ”

.😁😁😁😁

Credit .Org