ဗဟုသုတရအောင် တင်ပြပေးလိုက်ပါတယ်။

K-9 ယာဉ်တင်ဟောင်ဝစ်ဇာကို တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ Hanwha Defense ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်ကတော့ Samsung Techwin ကုမ္ပဏီကထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ စတင်ထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်းတုန်းကတော့ အမေရိကန်နိုင်ငံထုတ် နာမည်ကျော် M109A2 ယာဉ်တင်ဟောင်ဝစ်ဇာဒီဇိုင်းကိုပဲ အခြေခံခဲ့ပြီး မူလဒီဇိုင်းမှာပါဝင်တဲ့ အမြောက်ဆုံလည်ထက် အရွယ်အစားပိုမိုကြီးမားတဲ့ ဆုံလည်ကို တပ်ဆင်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီလက်နက်ကို တောင်ကိုရီးယားတပ်မတော်မှာ အဓိကတပ်ဆင်အသုံးပြုခဲ့ပြီး အခုအခါ မှာတော့ အက်စတိုးနီးယား၊ ဖင်လန်၊ အိန္ဒိယ၊ နော်ဝေ၊ ပိုလန်နဲ့ တူရကီ နိုင်ငံတွေမှာ အသုံးပြုလျက်ရှိပါတယ်။ နောက်ဆုံးအနေနဲ့ အီဂျစ် တပ်မတော်ဟာလည်း ဒီအမြောက်တွေကို တပ်ဆင်အသုံးပြုဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။ K9 ယာဉ်တင်ဟောင်ဝစ်ဇာစနစ်ကို ဒီလိုနိုင်ငံကြီးတွေ အကြိုက်တွေ့လာတာ သူ့မှာပါဝင်တဲ့ အဆင့်မြင့် Features တွေကြောင့် ဖြစ်နိုင်ပါတယ်။ အဲ့လို Features တွေကို ကဏ္ဍအလိုက်ခွဲကြည့်မယ် ဆိုရင်တော့

(၁) Shoot and Scoot(အမြောက်ပစ်ခတ်ပြီးတာနဲ့ နောက်နေရာတစ်ခုကို လျင်လျင်မြန်မြန်ရွှေ့ပြောင်းနိုင်ခြင်း)စွမ်းရည်ကောင်းမွန်ခြင်း

K9 ယာဉ်တင်ဟောင်ဝစ်ဇာက အမြောက်စခန်းမှာ နေရာယူထားတဲ့ အချိန်မျိုးဆိုရင် ပစ်မိန့်ပေးဌာနကနေ အမိန့်စဉ်ရရှိတာနဲ့ ပထမကျည်တောင့် ကို စက္ကန့် ၃၀ အတွင်း စတင်ပစ်ခတ်နိုင်ပါတယ်။ ယာဉ်မောင်းနှင်နေတဲ့အချိန်မှာ ဆိုရင်တော့ ရောက်တဲ့နေရာမှာ ရပ်ပစ်ဖို့အချိန် စက္ကန့် ၆၀ လောက်ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီလိုမြန်တယ်ဆိုတာက ယာဉ်ပေါ်မှာ ကျည်ထိုးတာတွေ အမြောက်ချိန်ရွယ်တာတွေ အားလုံးက Electronics နဲ့ Mechanics နည်းပညာတွေအသုံးပြုထားတဲ့ အလိုအလျောက် စနစ်တွေဖြစ်နေတာကြောင့်ပါ။ Shoot and Scoot စွမ်းရည်ကောင်းမွန်ရ တဲ့ လျင်မြန်မှုနဲ့ပတ်သက်တဲ့ အချိန်အသေးစိတ်ကိုတော့ ပုံ(၁)မှာ ဖော်ပြထားပါတယ်။

(၂) ပစ်ခတ်နိုင်တဲ့ အကွာအဝေးစွမ်းရည်ပိုမိုကောင်းမွန်ခြင်း

အမြောက်ပြောင်းအမျိုးအစားကတော့ ၁၅၅မမ/၅၂ ကယ်လီဗာ ပြောင်းအမျိုးအစားဖြစ်ပြီး ချိန်ဘာဝင်ဆံ့မှုက ၂၃ လီတာဖြစ်ပါတယ်။ နေတိုးအဖွဲ့ရဲ့ ခဲယမ်းထုတ်လုပ်မှု စံနှုန်းသတ်မှတ်ချက်နားလည်မှုစာချွန်လွှာ JBMoU မှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်နဲ့ကိုက်ညီသော ခဲယမ်းအားလုံးထည့်သွင်းပစ်ခတ်လို့ရပါတယ်။ သာမန်ခွင်းကျည်တွေကိုတော့ ၁၈ ကီလိုမီတာလောက်အထိ ပစ်ခတ်နိုင်ပြီး Rocket Assisted Projectile(RAP) ကျည်ဆိုရင် ၅၀ ကီလိုမီတာလောက်အထိ ပစ်ခတ်နိုင်ပါတယ်။ ခဲယမ်းအလိုက် Range ဖော်ပြချက်တွေကို ပုံ(၂) မှာ ပြထားပေးပါတယ်

(၃) ပစ်နှုန်းမြင့်မားခြင်း

အမြန်ဆုံးပစ်နှုန်းနဲ့ပစ်ခတ်မယ်ဆိုရင် ၁၅ စက္ကန့်အတွင်း ၃ တောင့်အထိ ပစ်ခတ်နိုင်ပြီး ၁ မိနစ်ကို ၆ တောင့်ကနေ ၈ တောင့်အထိ ၃ မိနစ်အထိ ဆက်တိုက်ပစ်ခတ်နိုင်ပါတယ်။ ဆိုလိုတာက ၃ မိနစ်အတွင်းမှာ အမြောက်တစ်လက်တည်းကနေ ၃ မိနစ်အတွင်း ကျည်ဆန် ၁၈ တောင့်ကနေ ၂၄ တောင့်လောက်အထိ ပစ်ထုတ်လိုက်နိုင်ပါတယ်။ ဒီလိုပစ်နှုန်းမြန်ဆန် တဲ့အတွက် နောက်ပိုင်းလက်နက်တွေမှာ ခေတ်စားလာတဲ့ Multiple Rounds Simultaneous Impact(MRSI) ပစ်ခတ်မှုတွေ ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။ MRSI နဲ့ပတ်သက်လို့ လေ့လာလို့ရအောင် သီးခြားရေးသားပေးပါ့မယ်။ အကြမ်းဖျဉ်းအားဖြင့်တော့ အမြောက်တစ်လက် တည်းကနေ့ တာဝေးထောင့်နဲ့ ယမ်းအား ကစားပြီး အမြောက်ကျည် အရေအတွက်များများကို နေရာတစ်ခုတည်းမှာ တစ်ချိန်တည်းကျရောက် ပေါက်ကွဲအောင် ပစ်ခတ်တာပါပဲ။ ပစ်နှုန်းတွေနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေကိုတော့ ပုံ(၃)မှာ ပြထားပေးပါတယ်

(၄) ခေတ်မီအဆင့်မြင့်အီလက်ထရောနစ်စနစ်များပါဝင်ခြင်း

K9 ယာဉ်တင်ဟောင်ဝစ်ဇာမှာ အဆင့်မြှင့်တပ်ဆင်ထားတဲ့စနစ်တွေကတော့
(၁) ယာဉ်စက်သတ်ထားတဲ့အချိန်မှာ အသုံးပြုလို့ရအောင် Auxiliary Power Unit နဲ့ Control Panel ပါ၀င်ပါတယ်
(၂) GPS စနစ်နဲ့ GPS Antenna ပါဝင်ပါတယ်။
(၃) ညအချိန်ယာဉ်မောင်းအသုံးပြုဖို့ Pilot Night Scope နဲ့ Display ပါဝင်ပါတယ်
(၄) Rear Camera ပါလာပါတယ်။ ယာဉ်နောက်ဆုတ်တဲ့အချိန် အသုံးပြုနိုင်အောင်လို့သိရပါတယ်။
(၅) အလိုအလျောက်အမြောက်ချိန်ရွယ်မှုစနစ်ပါဝင်ပါတယ်
(၆) ပစ်ထိန်းယာဉ်ဖြစ်တဲ့ K-10 ယာဉ်မှာတော့ တပ်ခွဲအဆင့်ပစ်ခတ်မှု ထိန်းသိမ်းရေးကွန်ပျူတာပါဝင်လာပါတယ်
အဆင့်မြင့်စနစ်တွေနဲ့ပတ်သက်တဲ့ပုံကိုတော့ ပုံ(၄)မှာ ပြထားပြီး K9 နဲ့ K10 ယာဉ်ပုံများကိုလည်း ဖော်ပြပေးလိုက်ပါတယ်–