သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှု နဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ သုံးဦးကို ဒီကနေ့ မှာ ရုံးထုတ် ခဲ့ပေမယ့် ပြန်ခေါ်သက်သေ တွေ မလာတဲ့အတွက် ရုံးချိန်းကို မစစ်ဆေးဖြစ်ဘူးလို့သိရပါတယ်။

ဒီအမှုမှာ ပြန်ခေါ်သက်သေ ၁၁ ဦး ရှိပြီး ဒီကနေ့မှာတော့ နှစ်ဦးကို စစ်ဆေးဖို့ ဆင့်ခေါ်ထားခဲ့တာပါ။

ဒါပေမယ့် စစ်ဆေးခံမယ့် သက်သေ တွေမလာရောက်တဲ့အတွက် လာမယ့် ရုံးချိန်းကို ဇန်နဝါရီလ ၂၁ ရက်ကို ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။

အမှုကိုတော့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်းစစ်ဆေးမှာဖြစ် ပါတယ်။

အောင်ရဲထွေးသေဆုံးမှုမှာ စွပ်စွဲခံထားရသူသုံးဦးဟာ ကနဦးက လူသတ်မှုပုဒ်မနဲ့ စွဲချက် တင်ခံထားရတာပါ။

ဒါပေမယ့် အပြင်းအထန်နာကျင်စေမှု ပုဒ်မ ကိုပြောင်းလဲ စွဲချက်တင်ခံရပြီးတဲ့နောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက အာမခံ ရခဲ့ပါတယ်။

အခုတော့ သူတို့သုံးဦးဟာ အပြင်းအထန်နာကျင်စေမှု ပုဒ်မနဲ့ တရားရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။