ခန်းမဆောင်ကြီးတစ်ခုလုံး တိတ်ဆိတ်နေလေသည်။ကုန်သည်များလဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ တစ်စုံတစ်ခုကို စိုးထိတ်နေကြသည်။

သူတို့ကို ဆင့်ခေါ်တာ တခြားသူမဟုတ်။ဦးနေဝင်းဖြစ်လေသည်။ဦးနေဝင်းဆိုတဲ့ကတည်းက ကုန်သည်ကြီးများ အလိုလို ထိပ်လန့်နေလေသည်။

ဘာသာခြားပိုင် ကုမ္ပဏီများ လုပ်ငန်းများ ပွဲရုံများ လယ်မြေများ စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့တာ မိမိတို့ရှေ့တင်ဖြစ်ခဲ့တော့ ကုန်သည်များ အလိုလို လန့်နေသည်။ မိမိတို့ဆီက ဘာတွေများ သိမ်းမလဲဆိုတဲ့ အသိနှင့် ဇောချွေးပြန်နေလေသည်။

ဦးနေဝင်း ရောက်လာသည်။ကုန်သည်များ ပွဲရုံပိုင်ရှင်များ ဦးနေဝင်း ဘာများပြောမလဲ တထိပ်ထိပ်နှင့် ရင်တုန်နေလေသည်။

ဦးနေဝင်း စပြောသည်။” အောက်ခြေ ပြည်သူလူထုရဲ့ စားသောက်ကုန် ဝယ်ယူရတဲ့ စျေးဟာ ဆန် ဆီ ဆားကနေ ဘဲဥ ကြက်ဥ အထိ စျေးနှုန်းအဆမတန် ကွာဟနေတယ် ”

ဘာလို့ ဒီစကားကို သူပြောရဲသလဲ ? ဦးနေဝင်းဆိုတာ လူမသိပဲ အောက်ခြေလူတန်းစားတွေ နေထိုင်ရာ စျေးလေးတွေအထိ ကုန်စျေးနှုန်းကို ကိုယ်တိုင်စုံစမ်းခဲ့သောကြောင့် ဖြစ်သည်။

ဦးနေဝင်းစကားကြောင့် ကုန်သည်များ တိတ်ဆိတ်နေလေသည်။” ချမ်းသာတဲ့ ကုန်သည်တွေက ဂိုဒေါင်တွေနဲ့ ဆန်လှောင်တယ် ဆီလှောင်တယ် ကုန်တွေလှောင်တယ်။ ရှားပါးချိန်ရောက်မှ စျေးအဆမတန်နဲ့ ပြန်ထုတ်တယ်။ ဒါဟာ မျှတတဲ့ စနစ်မဟုတ်ဘူး ”

ကုန်သည်တွေကလဲ ဦးနေဝင်းက မိမိတို့ဂိုဒေါင်တွေကို ပြည်သူပိုင်အဖြစ် သိမ်းတော့မလားဟု စိုးရိမ်နေချိန်တွင် ဦးနေဝင်းထံမှာ နောက်ဆုံးစကားတစ်ခွန်း ထွက်လာသည်။

” မင်းတို့ကုန်ပစ္စည်းတွေကို မင်းတို့စျေးချပေးမှာလား ?မင်းတို့ကုန်ပစ္စည်းတွေကို ငါ့လက်နဲ့ ပြည်သူတွေလက်ထဲ ထည့်ပေးရမလား ?စဉ်းစားကြ “ဦးနေဝင်းထပြန်သွားသည်။ကုန်သည်တစ်ဦးတစ်ယောက်မှ စကားပြောခွင့်မရလိုက်။ မည်သည့်ကုန်သည်မှ ထပ်တွန့်မတတ်ရဲ။

ထိုအစည်းအဝေးအပြီး ၂ရက်အကြာ ကုန်စျေးနှုန်း ပုံမှန်ဖြစ်ခဲ့သည်။ဒါဟာ ဆိုရှယ်လစ်စနစ်နော်။ဆိုရှယ်လစ်ဆိုတဲ့ အဓိပ္ပါယ်ဟာ နားလည်အောင် ပြောပြရရင် ချမ်းသာတဲ့သူတွေဆီကနေ ဆင်းရဲတဲ့သူတွေဆီကို ဝင်ငွေစီးဆင်းမှု့၊ သာတူညီမျှတဲ့ စနစ်ပေါ့ဗျာ။

ဒီနေ့ ….. ဒီခေတ် … ဒီစနစ် …..