လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာ့တပ်မတော်သည် ရေငုပ်သင်္ဘောအုပ်စုတစ်စု ပိုင်ဆိုင်ရန် ရည်မှန်းထားကြောင်း တပ်မတော်က ပြောသည်။ ယနေ့ နေပြည်တော်တွင် ပြုလုပ်သော တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြား ခဲ့ခြင်းဖြစ် သည်။

တ ပ်မတော်(လေ)တွင် ၂၀၂၉ ခုနှစ် ၌ ဘာဖြစ်ရမည်ဟူသော ရည်မှန်းချက်ရှိကြောင်း၊ အလားတူ တပ်မတော်(ရေ)တွင်လည်း ၂၀၃၀ ခုနှစ်တွင် ရေငုပ်သင်္ဘောအုပ်စုတစ်စုပိုင်ဆိုင်ရမည်ဟူသော ရည်မှန်းချက်ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော သ ည်။

ယင်းအတွက် ယခု မြန်မာ့တပ်မတော်က ဝယ်ယူထားသော ရေငုပ်သင်္ဘော တစ်စီးဖြင့် စတင်ခြင်းဖြစ်ကြောင်း ၎င်း ကပြော သ ည်။

“သူ့မှာ ရေငုပ်သင်္ဘောရှိတယ် ဆိုတဲ့ deterrence power ။ deterrence power ဆိုတာ စစ်တိုက်စရာမလိုဘဲနဲ့ ရရှိတဲ့ ရိုသေမှု ခန့်ညားမှု။ ဒါပဲ” ဟု ဗိုလ်မှူးချုပ်က ဆို သည်။

မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးရပြီး ခေတ်တွင် ဖရီးဂိတ်စစ်ရေယာဉ် မေယုကို ပိုင်ဆိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဖရီးဂိတ်စစ်ရေယာဉ်ပိုင်ဆိုင်မှုမရှိခဲ့ကြောင်း၊ ပထမဦးဆုံးအနေဖြင့် ကော်ဗက်စစ်ရေယာဉ်အနော်ရထာကို တည်ဆောက်၍ တပ်တော်ဝင်နိုင်ခဲ့ပြီးယနေ့တွင် ဖရီးဂိတ်စစ်ရေယာဉ် (၅) စီးပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ၎င်း ရှင်းပြချက် အရ သိ ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် အသစ်ဝယ်ယူထားသော ဘက်စုံသုံးစစ်ရေယာဉ် မုတ္တမ ကို တပ်မတော်ဝင်ခဲ့သော်လည်း ဝယ်ယူထားသောရေငုပ်သင်္ဘောကိုမူ တပ်တော်မ ဝင် ခဲ့ပေ။

ရေငုပ်သင်္ဘောတပ်တော်ဝင်ခြင်းအခမ်းအနားကို သီးသန့်ပြုလုပ်မည်ဟုလည်း တပ်မတော်က ပြောကြား ထားသည်။