ရုရှားနိုင်ငံ၏ Air Force One ဟု ခေါ်ဆိုနိုင်သော သမ္မတ ပူတင်၏ဒေါ်လာ ၄၉၄ သန်းတန်ဂျက်လေယာဉ်ကြီးမှအ တွင်းပိုင်းအပြင်အဆင်ပုံများ ထွက်ပေါ် လာခဲ့ပြီး ပစ္စည်းအပြည့်အစုံ ပါရှိသောအ ရက်ဘား၊ အားကစားခန်းမနှင့် ရွှေအစစ် ဖြင့်ပြုလုပ်ထားသည့်အိမ်သာပင် ပါရှိ သည်ကိုမြင်တွေ့ရကြောင်း သိရသည်။

ဆိုးရွားစွာနာမကျန်းဖြစ်နေသည့် ဆယ်ကျော်သက်လေးတစ်ဦးမှာ သမ္မတ ပူတင်အသုံးပြုသောလေယာဉ်ကြီးပေါ် သို့ တက်ရောက်လေ့လာခွင့်ရရှိခဲ့ခြင်းဖြစ် သည်။ အသက် ၁၅ နှစ်အရွယ် Arslan Kaipkulov ကို သမ္မတ၏လေယာဉ်ကြီး ပေါ်မှခမ်းနားထည်ဝါသောအစည်းအဝေး ခန်းနှင့်အိပ်ခန်းတို့ကိုပါ လိုက်လံပြသပေး ခဲ့သည်။

Arslan သည် ရှားပါးခုခံအားစ နစ်ချို့တဲ့သည့် အခြေအနေတစ်မျိုး ကြောင့် ခန္ဓာကိုယ်အတွင်း အကျိတ်များ ဖြစ်ပေါ်သည့်ဝေဒနာကိုခံစားနေရသူဖြစ် သည်။ ပူတင်က Arslan အား Board Number One ဟုတရားဝင်ခေါ်ဆိုသော Il-96-300 လေယာဉ်ထဲတွင် အမှတ်တရ ဗီဒီယိုပါ ရိုက်ကူးခွင့်ပေးခဲ့သည်။ သို့သော် လေယာဉ်၏အချို့နေရာများကို ထုတ်ဖော် ပြသခွင့်ပိတ်ပင်ခံခဲ့ရသည်ဟု သိရသည်။