ရေငုပ်သင်္ဘောတွေရဲ့အဓိကတာဝန်က စစ်ရေယာဉ်တွေကိုတိတ်တဆိတ်တိုက်ခိုက်ချေမှုန်းရန်အတွက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့နောက် သူတို့ရဲ့တာဝန်က ရေယာဉ်တိုက်ခိုက်ချေမှုန်းခြင်းဆိုတာကို ကျော်လွန်ပြီး မြေပြင်တိုက်ခိုက်ရေးတာဝန်များပါပူးတွဲထမ်းဆောင်နိုင်လာခဲ့ပါတယ်။

ဒါပေမဲ့ အင်အားကြီးနိုင်ငံအချို့မှလွဲလိုု့အဆိုပါတာဝန်ကိုတော့အပြည့်အဝထမ်းဆောင်နိုင်ခြင်းမရှိကြသေးပါဘူး။ရေတပ်အများစုက ရေငုပ်သင်္ဘောတွေကို ရေယာဉ်တိုက်ခိုက်ရေးတာဝန်အတွက်သာအဓိကထားနေကြဆဲဖြစ်ပါတယ်။

ခေတ်သစ်ရေငုပ်သင်္ဘောတစ်စီးရဲ့တန်ကြေးကလည်း ဒေါ်လာသန်းရာနဲ့ချီပြီးကုန်ကြစရိတ်ရှိတဲ့အတွက်တော်ရုံရေတပ်ငယ်များအနေနဲ့ဝယ်ယူနိုင်ဖို့အတော်ကြိုးစားရုန်းကန်နေရတဲ့အနေအထားမှာရှိနေကြပါတယ်။

ဝယ်ယူပြီးရင်လည်း ကမ်းထိုးထားလို့မရတဲ့အတွက် ရေငုပ်သင်္ဘောတစ်စီးဝယ်ယူမှုရဲ့ နောက်ကလိုက်ပါလာမဲ့ အထွေထွေကုန်ကြစရိတ်အနေနဲ့လည်း အတော်မသေးလှတဲ့အတွက် ရေတပ်ငယ်များအဖို့ဝယ်ယူရန်အတော်ချင့်ချိန်နေရတဲ့အနေအထားတစ်ရပ်ရှိပါတယ်။

ဒါပေမဲ့ ရေတပ်ငယ်များအဖို့ရေငုပ်သင်္ဘောကိုဝယ်ယူနိုင်သည့်တိုင်အောင် ရေယာဉ်တိုက်ခိုက်ရေးအတွက်သာအဓိကထားသုံးကြပါတယ်။ အလားတူ ရေတပ်ငယ်အချင်းချင်းအင်အားခြင်းယှဉ်ပြိုင်ကြသည့်အခါတွင်လည်း ရေယာဉ်များကိုသာ အဓိကအားထားကြတဲ့အတွက် အဆိုပါရေယာဉ်များကိုတန်ပြန်နိုင်ရန်အတွက်သာ အားစိုက်တတ်ကြပါတယ်။ဒီ့အတွက် ရေငုပ်သင်္ဘောများဟာ ရေတပ်ငယ်များအတွက် တစ်ဖက်ရန်သူရေယာဉ်များကို အဓိကတန်ပြန်ရန်လက်နက်စနစ်တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ မေးစရာက ဒေါ်လာသန်းရာချီပြီးကုန်ကြစရိတ်ရှိတဲ့ ရေငုပ်သင်္ဘောတစ်စီးကို ရေပြင်တိုက်ခိုက်ရေးတာဝန်တစ်ခုထဲအတွက် ငွေကြေးမြောက်များစွာအကုန်ကြခံပြီး ရွေးချယ်ဝယ်ယူတာက မှန်ပါသလား ဆိုတဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်?

လက်ရှိ ရုရှားထုတ် ကီလို အတန်းစားရေငုပ်သင်္ဘောတစ်စီးရဲ့ကုန်ကြစရိတ်က ဒေါ်လာသန်း ၃၀၀ ကျော်ကျော်မှာရှိပါတယ်။ဒီစျေးနှုန်းက သူ့အတွက် Facilities စရိတ်တွေမပါဝင်သေးပါဘူး။သင်္ဘောကြီးသီးသန့်စျေးသာဖြစ်ပါတယ်။သူ့အတွက် ကုန်ကြမဲ့ Facilities စရိတ်ကိုပါထည့်တွက်လိုက်ရင် တန်ကြေးက အဲ့ပမာဏထက်များပြားလာမှာဖြစ်ပါတယ်။

လက်ရှိရုရှားထုတ် ရေတပ်သုံး ကေအေ-52ကေ ရဟတ်ယာဉ်တစ်စီးအနေနဲ့ လက်နက်အပြည့်အစုံ အပါအဝင်ဒေါ်လာသန်း ၅၀ ခန့်ရှိတယ်လို့ယေဘူယျသတ်မှတ်လို့ရပါတယ်။၎င်းရဟတ်ယာဉ်တစ်စီးမှာဆိုရင် သင်္ဘောဖျက်ဒုံးပျံနှစ်စင်းချိတ်ဆွဲပျံသန်းနိုင်ပါတယ်။ဒီလို ရဟတ်ယာဉ်မျိုး (၆)စီးရဲ့ကုန်ကြစရိတ်က ခေတ်သစ်ရေငုပ်သင်္ဘောတစ်စီးရဲ့တန်ကြေးနီးပါးလောက်သာရှိပါတယ်။ဒါပေမဲ့ ရေငုပ်သင်္ဘောတစ်စီးလောက် ကုန်ကြစရိတ်မရှိပါဘူး။

ဒါ့အပြင် အဆိုပါ ကအေ-52ကေ ရဟတ်ယာဉ်အနေနဲ့ မြေပြင်တိုက်ခိုက်ရေးတာဝန်ကိုပါပူးတွဲထမ်းဆောင်နိုင်တဲ့အားသာချက်လည်းရှိပါတယ်။တကယ်လို့ရေတပ်အတွက် အယ်ပီဒီ လိုရေယာဉ်တွေရှိနေရင်တော့ အဆိုပါ အယ်ပီဒီ သို့မဟုတ် ပင်လယ်ပြင်အခြေစိုက်ကျွန်းတစ်ခုကနေ ရေတပ်စစ်ဆင်ရေးတာဝန်ကိုထမ်းဆောင်နိုင်သလို ကမ်းတတ်စစ်ဆင်ရေးတွေမှာလည်း အယ်ပီဒီ ပေါ်ကနေ မြေပြင်ပစ်မှန်များအားချေမှုန်းရာတွင်လည်း များစွာအထောက်အကူရနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ ရေငုပ်သင်္ဘောတစ်စီးကို ရေငုပ်သင်္ဘောတစ်စီးနဲ့တန်ပြန်တာသည်သာ အကောင်းဆုံးလို့ဆိုကြတဲ့အတွက် ဘေးအိမ်နီးချင်းတွေရဲ့ မိမိအပေါ်ပေးနိုင်တဲ့ Threads အပေါ်မှုတည်ပြီး လိုအပ်ချက်တော့ရှိလာမှာဖြစ်ပါတယ်။ဒါပေမဲ့ ရေယာဉ်တိုက်ခိုက်ရေးတာဝန်တစ်ခုထဲအတွက်နဲ့ပေးရတဲ့တန်ကြေးသည် တန်ပါ့မလားဆိုတဲ့ မေးခွန်းတစ်ခုတော့ ရှိပါသေးသည်။

Crd လေးစားလျှက် မိုးတိမ်