ရုရှားသမ္မတ ပူတင် အနေနဲ့ အီရန် – အမေရိကန် စစ်ပွဲဖြစ်ပွားခဲ့ရင် ဘယ်လို တုံ့ပြန်မလဲဆိုတာ တစ်ကမ္ဘာလုံးကစိတ်ဝင်စား လျက် ရှိကြပါတယ်။ ခုလောလောဆယ် မနေ့က ပူတင်ဟာ အီရန်နဲ့ မိတ်ဆွေ အရင်းအချာဖြစ်တဲ့ဆီးရီးယား သမ္မတ အာဆတ်ကို ရုတ်တရက် သွားတွေ့ခဲ့တာ တစ်ခုပဲ ထူးထူးခြားခြား တွေ့ရပါတယ်။

ပူတင်ဟာ ဒီနေ့ မနက် အီရန်ရဲ့ Ballistic missiles တွေပစ်ခတ်ဖို့ စီစဉ်နေတာ ကြိုသိနေတယ်လို့ ထင်ပါတယ်။အီရန်က ပဲ့ထိန်းဒုံးတွေ အများအပြား ပစ်ခတ်မှုဟာအမေရိကန်ကို စစ်ကြေညာတဲ့ သဘော သက်ရောက်နေတာမို့ အရှေ့အလယ်ပိုင်းက ပဋိပက္ခ ဟာ ကြီးမား ကျယ်ပြန့်လာတော့မယ်။ အကယ်၍ အီရန် – အမေရိကန် စစ်ပွဲအရှိန်မြင့်တက်လာခဲ့သည် ရှိသော် ဆီးရီးယား အနေနဲ့ဝင်မပါပဲ လက်ရှောင်နေဖို့ ရုရှားသမ္မတ ပူတင်က စည်းရုံးဖျောင်းဖျဖို့ ဆီးရီးယားသမ္မတအာဆတ်ကို ရုတ်တရက်လာရောက် တွေ့ဆုံ ခဲ့တယ်လို့ ယူဆရပါတယ်။

ကျွန်တော့် အထင်တော့ ရုရှားသမ္မတပူတင်ဟာ ဒီစစ်ပွဲမှာဝင်ရောက် ပတ်သက်ဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။ မိမိ နိုင်ငံအကျိုးစီးပွား အတွက် အကျိုးမဲ့စေနိုင်တဲ့ ကိစ္စမျိုးကို ပူတင်လုပ်လိမ့်မယ် မထင်ပါဘူး။ သူ့အကျိုး စီးပွား အတွက်နောက်ကွယ်က လက်နက်ရောင်းချဖို့ကိစ္စမှာသာ စိတ်ဝင်စား ပါလိမ့်မယ်။ အမေရိကန်တွေ စစ်ထဲကို နက်နက်ရှိုင်းရှိုင်း ပါဝင်လာပါစေလို့တော့ ပူတင်က ကြိတ်ပြုံး ဆုတောင်းနေမှာပါ။ ရုရှားတွေ ရဲ့ ကြီးမားတဲ့ အကျိုးစီးပွား တစ်ခုဖြစ်တဲ့ Nord Stream 2 ဂက်စ် ပိုက်လိုင်းကို အမေရိကန်ကSanctions လုပ်ခဲ့တာ ပူပူနွေးနွေး ကြီး ရှိနေသေးတာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန် စစ်စရိတ်တွေ ထောင်းပြီးအင်အား တွေ ပြုန်းတီး အရူးမီးဝိုင်း ဖြစ်တာကိုတော့ပြိုင်ဘက်တွေ ဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့က ပြုံးပြံုးကြီးလက်ပိုက်ကြည့်ရင်း လောင်ကျွမ်းနေဆဲ စစ်မီးတောက်ကိုဓာတ်ဆီပက် ပေးလိမ့်မယ်လို့ ယူဆရကြောင်းပါဗျာ။