ရုရှားသမ္မတ Vladimir Putin သည် စစ်မြေပြင်ရှိ ရုရှားတပ်ဖွဲ့များအား မောင်းသူမဲ့စနစ်ကို တွင်ကျယ်စွာအသုံးပြုနိုင်ရန်ရည်ရွယ်ထားကြောင်းသိရှိရသည်။ ထို့ကြောင့် ပူးပေါင်းစစ်ဆင်ရေးအတွက် ရည်ရွယ်ကာ စစ်ဆင်ရေးသုံးမောင်းသူမဲ့ကားများကို ရုရှားတပ်မတော်က တီထွင်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

မြို့တွင်းတိုက်ပွဲနှင့်ကမ်းကပ်တိုက်ပွဲများတွင် မောင်းသူမဲ့တင့်ကားငယ်များအသုံးပြုနိုင်ရေးနှင့် ပတ်သက်၍ နည်းဗျူဟာပိုင်းဆိုင်ရာ၊ နည်းစနစ်ပိုင်းဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းများကို ရုရှား တပ်မတော်က ကာကွယ်ရေးဝန်ကြီးထံသို့ ရေးသားတင်ပြခဲ့ပါသည်။

ရုရှားကာကွယ်ရေးဝန်ကြီးကလည်း စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီများကို အဆိုပါ တင်ပြချက်နှင့်ပတ်သက်သည့် လိုအပ်ချက်များကို လာမည့်နှစ်ဦးပိုင်းတွင် ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရန်လည်း တောင်းဆိုခဲ့ပါသည်။

ရုရှားတပ်မတော်သည် စစ်ဆင်ရေးသုံးစက်ရုပ်များအတွက် ပုံဖျက်ဖုံးကွယ်နိုင်မည့်စနစ်တစ်မျိုး ကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း Defense.com သတင်းဌာန၏ရေးသားချက်အရ သိရှိရပါသည်။ ရုရှားတပ်မတော်သည် ဆီးရီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပွဲဦးထွက်စစ်ဆင်ရေး၌ မြေပြင်နှင့် ဝေဟင် ယာဉ်အမြောက်အမြားအသုံးပြုခဲ့ပါသည်။

ထို့ကြောင့် ရုရှားစစ်တပ်အနေဖြင့် ကုန်ကျစရိတ်များစွာ ကြီးမားခဲ့ရပါသည်။ ဆီးရီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မြို့တွင်းစစ်ဆင်ရေးတွင် အသုံးပြုခဲ့သည့် Uran-9 မောင်းသူမဲ့တိုက်ခိုက်ရေးတင့်ကားငယ်သည် အရွယ်အစားအလွန်ကြီးမားသဖြင့် စီစဉ်ထားသည့်အတိုင်း အောင်မြင်စွာတာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းမရှိပေ။

စစ်ဆင်ရေးလေ့ကျင့်ခန်းများစွာ ဆောင်ရွက်ခဲ့သော် လည်း မောင်းသူမဲ့မြေပြင်တိုက်ခိုက်ရေးယာဉ် Uran-9 များ၏ အရွယ်အစားကြီးမားမှုကြောင့် စစ်ဆင်ရေး မအောင်မြင်ခဲ့ရပေ။ ထို့ကြောင့် အသစ်ထပ်မံထုတ်လုပ်မည့် မောင်းသူမဲ့မြေပြင် တိုက်ခိုက်ရေးယာဉ်များ အတွက် အထက်ပါသင်ခန်းစာသည် များစွာအထောက်အကူပြုလာနိုင်မည် ဖြစ်သည်။

မောင်းသူမဲ့တိုက်ခိုက်ရေးစနစ်များသည် အန္တရာယ်ရှိသောလမ်းများတွင် ယာဉ်မောင်းမလိုအပ်ဘဲ အလိုအလျောက်မောင်းနှင်စေမည်ဆိုပါက ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများရရှိလာစေမည်ဖြစ် သည်။

ရုရှားတပ်မတော်အနေဖြင့် လာမည့်နှစ်တွင် UGV မောင်းသူမဲ့တိုက်ခိုက်ရေးယာဉ်များအတွက် အလိုအလျောက်ထိန်းချုပ်ပစ်ခတ်စမ်းသပ်မှုများပြုလုပ်သွားနိုင်ရန်Kungas Family of UGVs ကုမ္ပဏီနှင့် Soratnik And Shturm ကုမ္ပဏီများကို Robotic စနစ်များပိုမိုထုတ်လုပ်ပေးနိုင်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရပါသည်။

myanmarnews24