ရုရှနိုင်ငံရဲ့ ရေဒါပျောက် အသံထက်မြန် ဒုံးကျည်ဟာ တစ်နာရီကို ကီလိုမီတာ ၁၀၀၀၀ အလျင်နှုန်း ရှိပြီး ရန်သူတွေအနေနဲ့ ဒီ ဒုံးကျည်ကို ပစ်ချဖို့ဆိုရင် စက္ကန့် ၂၀ ပဲ အချိန် ရလိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ရုရှရဲ့ ဂေါမိတ်ကျောက်ဒုံးကျည်လို့ ဆိုရမယ့် 3M22 Zircon ဒုံးကျည်ဟာ ရေဒါမှာ ကိုယ်ယောင်ပျောက်ပြီး ရန်သူတွေအနေနဲ့ ပကတိမျက်လုံးနဲ့ မြင်ရချိန်ကျမှ အံ့သြမှင်သက်ပြီး ဘယ်လိုမှ ရှောင်ခွင်းလို့ မရတော့ကြောင်း သိစေမယ့် ဒုံးကျည်ဖြစ်တယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရုရှလေကြောင်းအဓိက သတင်းဌာန Avia.pro က သတင်းဖော်ပြပါတယ်။

ဒီ ဒုံးကျည်ကို ကာဗွန်၊ ကာဗွန်ဖိုင်ဘာ စတာတွေနဲ့ ပြိုင်ဖက်ကင်း ပေါင်းစပ်ဖန်တီးထားတာဖစြ်ပြီး အလေးချိန်လည်း အလွွန်ပေါ့ပါးသလို ရေဒါမှာ လုံးဝ မပေါ်သလောက်နီးပါးဖြစ်တယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Zircon ဒုံးကျည်မှာ ပေါင်းစပ်ဖန်တီးထားတာတွေဟာ ရေငုပ်သင်္ဘောအခြေစိုက် 3M37 Skiff ပဲ့ထိန်းဒုံးစနစ် အသုံးပြုထားတဲ့ KIMF ဒုံးတွေနဲ့ အတူတူဖြစ်နိုင်လောက်တယ်လို့ Avi.pro က ကောက်ချက်ချပါတယ်။ Chelyabinsk UMATEX စက်ရုံက တည်ဆောက်ထုတ်လုပ်တဲ့ KIMF ဒုံးတွေဟာ အပေါ့စားဒုံးတွေ ဖြစ်ပေမယ့် သုတေသနအတွက်ပဲ သုံးရာ ဒုံးတွေပဲ ဖြစ်ပါတယ်။

အခု Zircon ဒုံးကျည်ဟာ တစ်နာရီ ကီလိုမီတာ တစ်သောင်း အလျင်နှုန်း ရှိတာကြောင့် ပျံသန်းချိန်မှာ လေထုပွတ်တိုက်အားကြောင့် အပူလွန်ပြီး ကောင်းကင်မှာ မီးလုံးပျံကြီး ဖျတ်ခနဲ ပျံသန်းသွားသလိုမျိုး ဖြစ်လိမ့်မယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Avia.pro က ဖော်ပြပါတယ်။

“ရန်သူတွေအနေနဲ့ ရေဒါမှာ ဒီ ဒုံးကျည်ကို မမြင်ရဘဲ မိုးကုပ်စက်ဝိုင်းကို မျက်စိနဲ့ စေင့်ကြည့်နေရင်တော့ မြင်ရလိမ့်မယ်။ ဒါပေမယ့် အံ့သြချိန်လေး ရတယ်ဆိုရုံ မြင်လိုက်ရမှာ ဖြစ်တယ်။”လို့ အမည်မဖော်တဲ့ ပညာရှင်တစ်ဦးက ပြောပါတယ်။

အမေရိကန်စစ်တပ်ရဲ့ လက်ရှိ နည်းပညာအဆင့်ဟာ အသံထက်မြန်တဲ့ ဒုံးကျည်တစ်စင်းကို ပစ်ချဖို့ စက္ကန့် ၂၀ လောက်တော့ အချိန်ယူရလိမ့်မယ်လို့ Popular Mechanics က စက်တင်ဘာ အစောပိုင်းမှာ သတင်းဖော်ပြပါတယ်။

“ဒီအတွက် ပစ်လွှတ်လာတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်ကို ပစ်ချဖို့ဟာ အချိန်အားဖြင့်ဆို အမေရိကန်အတွက် အခက်အခဲ ရှိနေတဲ့ အဆင့်မှာ ရှိနေပါတယ်။”လို့ အဆိုပါ သတင်းမှာ ဖော်ပြပါတယ်။

ရုရှသမ္မတ ဗလာဒီမာပူတင်ဟာ ဖေဖော်ဝါရီလတုန်းက ရုရှမှာ Mach 9 အလျင်နှုန်း (တစ်နာရီ ကီလိုမီတာ ၁၁၀၀၀ ခန့်) ပစ်လွှတ်နိုင်တဲ့ ဒုံးကျည် ရှိနေပြီလို့ တရားဝင် ထုတ်ဖော်ပြောထားဖူးပါတယ်။

Rf; Sputnik
Writer_ မောင်သံဆင့်(XYZ News)