ဒီဇင်ဘာလအတွင်းအမေရိကန်တပ်ဖွဲ့ဝင် ၁၆၀ ကျော်ခန့်ကိုယူကရိန်းနိုင်ငံသို့ စေလွှတ်တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း အမေရိကန်ကြည်းတပ်ရဲ့ထုတ်ပြန်ကြေညာချက်ကိုကိုးကားပြီး Defence Blog.com သတင်းဌာနကဒီဇင်ဘာလ ၆ ရက်မှာ ဖော်ပြသွားခဲ့ပါတယ်။

စေလွှတ်သွားမယ့်တပ်ဖွဲ့ဝင်တွေဟာ အမှတ် (၃၂) ခြေမြန်တပ်မဟာဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး၎င်းင်းတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနိုင်ငံရှိ အထူးတပ်ဖွဲ့လေ့ကျင့်ရေးဗဟိုဌာနကွပ်ကဲမှုအောက်ရှိ အပြည်ပြည်ဆိုင်ရာပူးတွဲလေ့ကျင့်ရေးဌာနနဲ့ပူးပေါင်းကာ Juvigny အထူးတပ်ဖွဲ့ဝင်တွေအဖြစ် ယူကရိန်းနိုင်ငံမှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။

စေလွှတ်ပေးသွားမယ့်တပ်ဖွဲ့အများစုဟာ Wisconsin ကြည်းတပ်အမျိုးသားလုံခြုံရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်အများအပြားကို Juvigny တပ်ဖွဲ့အဖြစ်ဖွဲ့စည်းပေးသွားမှာဖြစ်ကြောင်း၊ ၎င်းင်းတပ်ဖွဲ့မှာ အမှတ် (၃၂) ခြေမြန်တပ်မဟာဌာနချုပ်ကွပ်ကဲမှုအောက်ရှိ ပူးပေါင်းစစ်ဆင်ရေးဌာနချုပ်မှ ဗိုလ်မှူး Subordinate က ကြီးကြပ်ကွပ်ကဲသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

စေလွှတ်သွားမယ့် တပ်ဖွဲ့ဝင်အများစုဟာ စစ်မြေပြင်အတွေ့အကြံုကောင်းတွေရရှိထားတဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြပြီး စစ်စည်းကမ်းလိုက်နာမှုကောင်းတဲ့တပ်ဖွဲ့ဝင်တွေကို ရွေးချယ်စေလွှတ်ခြင်းလည်းဖြစ်တယ်လို့သိရှိရပါတယ်။ Juvigny အထူးတပ်ဖွဲ့နဲ့ အမေရိကန်အပြင် ပိုလန်၊လစ်သူယေးနီးယား၊ ဗြိတိန်၊ ဖင်လန်၊ ဒိန်းမတ်၊ ကနေဒါနဲ့ နေတိုးမဟာမိတ်နိုင်ငံများမှ တပ်ဖွဲ့ဝင်တွေနဲ့ ပါ၀င်ဖွဲ့စည်းထားရှိတယ်လို့ သိရှိရပါတယ်။

၎င်းင်းတပ်ဖွဲ့ဟာယူကရိန်းနိုင်ငံနဲ့အတူ နေတိုးတပ်ဖွဲ့ဝင်နိုင်ငံတွေအကြားစစ်ရေးဆိုင်ရာပူးပေါင်ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့နဲ့ ယူကရိန်းတပ်မတော်ရဲ့ စစ်ရေးဆိုင်ရာလေ့ကျင့်မှုစွမ်းဆောင်ရည်တွေကို အထောက်အပံ့ပေးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့တပ်ဖွဲ့လည်းဖြစ်တယ်လို့သိရှိရပါတယ်။

Source/ Ref : Defence Blog.com