ဝက်ကလေးက သူ့ရဲ့ နျူကလီယာ လက်နက် စီမံကိန်း ကို ပြီးစီးအောင်မြင်မှု ရာနှုန်းပြည့် ရအောင် လုပ်နိုင်ခဲ့တယ်။ နျူကလီယာမှ ရိုးရိုးမဟုတ်ဘူး။သာမိုနျူကလီယာလက်နက် (ဟိုက်ဒြိုဂျင်ဗုံး) အဆင့်ထိအောင် ပိုင်ဆိုင်သွားခဲ့တယ်။

နျူကလီယာလက်နက် တွေ ပိုင်ရုံနဲ့ ရပ်တံ့ မနေဘူး။ ဒါတွေကို ပစ်ခတ်ဖို့ သာမန် Ballistic missiles တွေနဲ့မရဘူးဆိုတာ ကင်ဂျုံအမ်က ကောင်းကောင်းကြီး သိတယ်။

ဒါကြောင့် အသည်းအသန် ကြိုးစားလိုက်တာ အချိန်တိုအတွင်းမှာ နျူကလီယာထိပ်ဖူး တပ်ဆင်ထားတဲ့ ICBMတိုက်ချင်းပစ်ဒုံးကျည် တွေ ပိုင်ဆိုင်သွားခဲ့တယ်။ (ရုရှားရဲ့လျှို ့ဝှက် ထောက်ပံ့မှု တွေကလဲ အရေးပါ တာပေါ့လေ။)

အဲဒီ နျူကလီယာ တိုက်ချင်းပစ်ဒုံးတွေ ရာနှုန်းပြည့် ပိုင်ပြီဆိုမှ အမေရိကန်ကို ခပ်တင်းတင်း စိန်ခေါ်ခဲ့တာပါ။

အီရန်ကတော့ သူတို့ရဲ့ နျူကလီယာ လက်နက် စီမံကိန်းကရာနှုန်းပြည့် အောင်မြင်မှု မရသေးဘူး။ နျူကလီယာဗုံးစမ်းသတ်မှု တစ်ကြိမ်မှ မလုပ်နိုင်သေးဘူး။ (လုပ်နိုင်ပြီ ဆိုရင်
စမ်းသတ် ဖောက်ခွဲ ရမယ်။ ဖောက်ခွဲ ရင် လျှို ့ဝှက် ထားလို့မရဘူး။ တကမ္ဘာလုံး သိမှာဘဲ။) Ballistic missile တွေအများကြီး ပိုင်ဆိုင်ပေမယ့် Intercontinental အဆင့်တိုက်ချင်းပစ်ဒုံး ICBM အဆင့် မရောက်သေးဘူး။

ဒီလိုအနေအထားက အမေရိကန်ကို ပြောင်ပြောင်တင်းတင်းစစ်ပွဲ အတွက် စိန်ခေါ်ပြီးမှ တိုက်ခိုက်ပြီ ဆိုရင်တော့ အီရန်အနေနဲ့ ပထမဆုံး တိုက်ခိုက် ဖျက်ဆီးခြင်း ခံရမယ့် ပစ်မှတ်
တွေက အီရန် နိုင်ငံအတွင်းမှာ ရှိနေတဲ့ နျူကလီယာFacilities တွေပဲ ဖြစ်ပါလိမ့်မယ်။ အစ္စရေးကို တိုက်ခိုက်ဖို့ပြင်ဆင် နေတယ် ဆိုတော့ အာရတ် ကမ္ဘာကို စစ်ထဲ ဆွဲသွင်းဖို့ ရည်ရွယ်ပုံ ရပါတယ်။ အစ္စရေးကို ထိရင် ပထမဆုံးအစ္စရေးက လက်တုံ့ပြန် မှာက သူ အဖျက်ဆီးချင်ဆုံးအရာအီရန်ရဲ့ နျူကလီယာ စီမံကိန်း Facilities တွေ ဖြစ်မှာပါပဲ။

ဒီပွဲမှာ အီရန်ရဲ့ (သတ္တိ မဟုတ်) မိုက်သွေး ကို ကြိုက်တယ်။အီရန်ရဲ့ စစ်သွေးကြွ စိတ်ဓာတ်ကို ကြိုက်တယ်။ကြိုက်တယ် ဆိုတာ အီရန်ကို ချီးကျူးတာ မဟုတ်ပါ။အာရတ်ကမ္ဘာ တစ်ခုလုံး ပွဲကြီး ပွဲကောင်း ဖြစ်သွားအောင်အီရန် လုပ်နိုင်ပါစေ လို့ အားပေးပါတယ်။ အရှေ့အလယ်ပိုင်း တစ်ခုလုံး စစ်ပွဲတွေ ဖြစ် လာနိုင်ပါတယ်။ဒါမှ မကြာမီ အချိန်ကာလ တစ်ခုအတွင်းမှာ အာရတ်ကမ္ဘာစွန်ပလွန်ကိုက်ပြီး ကုလားအုတ် စီးရတဲ့ ဘဝ ပြန်ရောက်သွားမှာမြင်ရောင်နေမိတယ်။