၁၉၉၀ခုနှစ်တွင် ဆိုဗီယက်လေတပ်သည် ခေတ်မှီ Mig-29နှင့် Su-27တိုက်လေယာဉ်များအား လေ့ကျင့်ပေးရန် အမောင်းသင်တိုက်လေယာဉ်တစ်မျိုး ထုတ်လုပ်ရန် ကြိုးစားခဲ့သည်။အသုံးပြုနေသော L-29 Delfinများသည် အလွန်အမင်းအိုမင်းကာ ခေတ်မှီတော့ခြင်းမရှိသလို L-39 Albatroesသည်လည်း Su-27,Mig-29အစရှိသော ခေတ်မှီတိုက်လေယာဉ်များအတွက် လေ့ကျင့်မူတွင် အထောက်အပံကောင်းကောင်းမပေးနိုင်ပေ။

ထိုကြောင့် ဆိုဗီယက်လေတပ်သည် ခေတ်မှီအမောင်းသင်တိုက်လေယာဉ်ဝယ်ယူရန် တင်ဒါခေါ်ခဲ့သည်။ထိုတင်ဒါခေါ်မူတွင် Sukoiမှ S-54,Mikoyanမှ Mig-AT,Myasischev မှ M-200 နှင့် Yakolevမှ Yak-UTSတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၁ခုနှစ်တွင် Mig-ATနှင့် Yak-UTSလေယာဉ်နှစ်မျိုးကိုသာ ဆက်လက်ယှဉ်ပြိုင်စေခဲ့သည်။Yak-UTSအတွက် ၁၉၉၃ခုနှစ်တွင် အပြီးသတ်ဒီဇိုင်းရေးဆွဲခဲ့ပြီး ထိုလေယာဉ်စီမံကိန်းတွင် အီတလီနိုင်ငံမှ Aermacchi Companyနှင့် ပူးပေါင်းကာ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

YAK/AME-130အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမူကြောင့် ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်လာရသောအခါ ရုရှားသည် ၎င်း၏ လေယာဉ်စီမံကိန်းအများအပြားကို ရပ်တန့်ထားမူကြောင့် နှောင့်နှေးမူများဖြစ်ပေါ်လာရာ Aermacchi companyသည် Yakolev၏ Yak/AEM-130 စီမံကိန်းမှ နှုတ်ထွက်၍ Aermacchi Me-346အဖြစ် ဆက်လက် လုပ်ကိုင်ခဲ့သည်။

Yak-130သည် ၂၀၀၂ခုနှစ် နိုဝင်ဘာလတွင် ပြိုင်ဖက် Mig-ATလေယာဉ်အား အနိုင်ရှိကာ ရုရှား၏ တန်းမြင့်အမောင်းသင်တိုက်လေယာဉ်စီမံကိန်းကို ရရှိခဲ့သည်။Yak-130လေယာဉ် ၂၀၁၂ခုနှစ်က အပြီးသတ်ထုတ်လုပ်ရေးစာချုပ်အဖြစ် ရုရှားနှင့် ချုပ်ဆိုခဲ့ပြီး သက်တမ်းရင့် L-39တန်းမြင့်အမောင်းသင်ဂျက်လေယာဉ်များ နေရာတွင် အစားထိုးမည်ဖြစ်ပါသည်။

ထို့အပြင် Yak-130၏ တစ်ယောက်မောင်းမျိုးကွဲ Yak-131ကို ထုတ်လုပ်ကာ ကမ္ဘာအကောင်းဆုံး မြေပြင်တိုက်ခိုက်ရေးလေယာဉ်အဖြစ် Tank killer birdဟု နာမည်ကျော်ကြားသော Su-25 Frogfootနေရာများတွင် ၂၀၂၀ပြည့်နှစ်မှ စတင်ကာ အစားထိုးမည်ဖြစ်သည်။

ဒီဇိုင်းနှင့်စွမ်းဆောင်နိုင်မူ

Yak-130တိုက်လေယာဉ်သည် ယူကရိန်းနိုင်ငံလုပ် AI-222-25အင်ဂျင်ကို တပ်ဆင်ထားပြီး တွန်းကန်အားအချိုး ၀.၇၈ဆအထိ ရှိအောင်စွမ်းဆောင်နိုင်ပါသည်။အပိုဆီကျွေးမူစနစ်မသုံးပဲ max; power ဖြင့် ဆိုလျှင် 12,000lbfတွန်းကန်အားဖြင့် တွန်းကန်အားအချိုး ၀.၇၀ဆအထိ ရှိပါသည်။

နောက်ပိုင်းတွင် အဆင့်မြင့်တင်ထားသော AI-222-28အင်ဂျင်ကို အသုံးပြုလျှင် full power with no A/Bအခြေအနေတွင် တွန်းကန်အားအချိုး ၀.၇၇ဆအထိရှိပြီး အပိုဆီကျွေးစနစ်ပါ အသုံးပြုပါက တွန်းကန်အားအချိုး ၀.၈၇ဆအထိ တိုးမြင့်ပေးနိုင်ပါသည်။အခြားသော အမောင်းသင်တိုက်လေယာဉ်များဖြစ်သော ဗြိတိန်နိုင်ငံထုတ် နာမည်ကျော် BAE system Hawk-128သည် တွန်းကန်အားအချိုး ၀.၆၅ဆသာရှိပြီး Aero Vodochody၏ L-159သည် တွန်းကန်အားအချိုး ၀.၄၇ဆသာရှိသောကြောင့် လေယာဉ်၏ တွန်းကန်အားအချိုးမှာ အတိုင်းအတာ တစ်ခုအထိ အတော်ကောင်းသည်ဟုုဆိုရမည်ဖြစ်သည်။

AOAသည်လည်း ၃၂ဒီဂရီအထိရှိပြီး ကမ္ဘာမြေဆွဲအား အပေါင်း၉ဆ အနှုတ်၃ဆ အထိ လှုပ်ရှားစစ်ကစားနိုင်သောကြောင့် အဆင့်လွန်လှုပ်ရှားစစ်ကစားနိုင်သော Su-27 Flanker family,Mig-29 Fulcrum familyနှင့် F-22အစရှိသော လေကြောင်းအရေးသာမူရယူရေး တိုက်လေယာဉ်များအတွက် အထောက်အပံကောင်းများရှိစေပါသည်။လက်နက်တပ်ဆင်နိုင်သော နေရာ ၉ခုနှင့် လက်နက်သယ်ဆောင်နိုင်သော ပမာဏမှာ 3000kgအထိရှိသောကြောင့် အမောင်းသင်လေယာဉ်တစ်စီးထက် အပေါ့စားတိုက်လေယာဉ်တစ်စီးကဲ့သို့ လက်နက်အများအပြားသယ်ဆောင်နိုင်သည်ကို တွေ့ရှိရပါသည်။

ဖန်သားပြင်လေယာဉ်မောင်းခန်းစနစ်(Glass Cockpit),လေသူရဲလေယာဉ်မောင်းကရိယာမှ ထိန်းချုပ်ပစ်ခတ်သောစနစ်(HOTAS-Hand on Throttle and Stick system),လေသူရဲဆောင်းဦးထုတ်မှ ချိန်ရွယ်ပစ်ခတ်နိုင်သောစနစ်(HMS-Helmet Mounted Sight),လေဆာရောင်ခြည်ရှာဖွေတိုက်ခိုက်ရေးစနစ်(IRST-Infered Search and Track system),ဒီဂျစ်တယ်အီလက်ထရောနစ်ကွန်ပြုတာ စနစ်ဖြင့် ထိန်းချုပ်သော လေယာဉ်ထိန်းချုပ်မောင်းနှင်စနစ်(Digital Computing Quardruplex Fly By-Wire system),အလိုအလျောက်မောင်းနှင်စနစ်(Auto-pilot system)များ တပ်ဆင်ထားပါသည်။

အသံအောက်ပျံသန်းနှုန်း 0.98machအထိ ပျံသန်းနိုင်ပြီး အပိုဆီတိုင်ကီ နှစ်ခုဖြင့် အကွာအဝေး ၁၅၃၆မိုင်အထိ ပျံသန်းနိုင်ပါတယ်။အင်ဂျင်နှစ်လုံးတပ်ဆင်ထားခြင်းကြောင့် ယုံကြည်စိတ်ချရမူ ပိုမို အားကောင်းပြီး အင်ဂျင်၏ လေဝင်ပေါက်တွင် Mig-29တိုက်လေယာဉ်များကဲ့သို့ လေဝင်ပေါက်တံခါးများတပ်ဆင်ထားပါသည်။ထိုသို့တပ်ဆင်ထားခြင်းကြောင့် ပင်မလေဝင်ပေါက်မှ တိုက်ရိုက်လေစုတ်မယူပဲ လေကိုယ်အထည်အပေါ်ဖက်ပိုင်းပါးဟက်များမှ စုတ်ယူခြင်းကြောင့် မြေကြီးကွင်းကဲ့သို့သော ကွင်းကြမ်းများတွင်ဆင်းသက်နိုင်ပါသည်။လက်နက်ပ်ဆင်နိုင်မူ အနေဖြင့်-
၁။R-73Eဝေဟင်မှဝေဟင်အပူငွေ့ရှာတာတိုပစ်ဒုံး
၂။KAB-500Kr TV camera guidedဗုံး
၃။၈၀မမ S-8ရော့ကတ်
၄။၁၃၀မမ S-13ရော့ကတ်
၅။၂၅၀မမ S-25တိကျလမ်းညွန်ရော့ကတ်
၆။၅၀/၁၀၀/၁၅၀/၂၅၀/၅၀၀ကီလိုဂရမ်ဗုံး
၇။SNPU podနှငိ့တပ်ဆင်ထားသော GSh-23 ၂၃မမစက်အမြောက်
၈။ဆီ၄၅၀လီတာဆန့် PTB-450အပိုဆီတိုင်ကီတို့ကို တပ်ဆင်နိုင်ပါသည်။

လက်နက်စနစ်အခြေအနေ

လက်နက်တပ်ဆင်နိုင်သည့်နေရာ ကိုးခုတွင် ကိုယ်ထည်အောက် တစ်နေရာ တောင်ပံအောက် သုံးနေရာ တောင်ပံဖျားတစ်နေရာစီပါဝင်ပါသည်။ကိုယ်ထည်အောက်နေရာတွင် GSh-23 ၂၃မမစက်အမြောက်နှင့်ကျဉ် ၁၅၀တောင့်,တောင်ပံအောက် အတွင်းဆုံးနေရာတွင် အပိုဆီတိုင်ကီ ၂လုံး,အတွင်းလက်နက်တပ်ဆင်နိုင်သော နေရာနှစ်ခုတွင် ၅၀/၁၀၀/၁၅၀ကီလိုဂရမ်ဗုံးတစ်နေရာတွင် ၂လုံးနှုန်းဖြင့် ၄လုံး, ၂၅၀/၅၀၀ကီလိုဂရမ်ဗုံး တစ်နေရာတွင် ၁လုံး နှစ်လုံး(သို့မဟုတ်)S-8ရော့ကတ် podတစ်ခုလျှင် အတောင့် ၄၀နှုန်းဖြင့် ၈၀တောင့်,S-13ရော့ကတ် pod တစ်ခုလျှင် ၁၀တောင့်နှုန်းဖြင့် ၂၀တောင်,S-25ရော့ကတ် တစ်နေရာတွင် ၂တောင့်နှုန်းဖြင့် ၄တောင့်(သို့မဟုတ်)KAB-500Kr TV guidedဗုံး တစ်နေရာတွင် တစ်လုံးနှုန်းဖြင့် နှစ်လုံး,တောင်ပံအောက် အပြင်ဆုံးနေရာတွင် R-73Eတာတိုဝေဟင်မှဝေဟင်ပစ်ဒုံး တစ်ဖက်တစ်လုံးစီနှင့်တောင်ပံထိပ်ဖျားနေရာတွင် R-73E တာတိုပစ် ဝေဟင်မှဝေဟင်ပစ်ဒုံး(သို့မဟုတ်)ပစ်မှတ်တု ပုံဖော်စနစ်(decoy)ပါဝင်သော အီလက်ထရောနစ်တန်ပြန်နှောက်ယှက်ရေး pod တစ်ဖက်တစ်ခုစီတပ်ဆင်နိုင်ပါတယ်။ Yak-130အမောင်းသင်တိုက်လေယာဉ်သည် လက်နက်တပ်ဆင် ကင်းထောက်ခြင်း,အနီးကပ်ပးကူပေးခြင်း,ပိုင်းဖြတ်တိုက်ခိုက်ခြင်း,တိုက်လေယာဉ်တန်းမြင့်လေ့ကျင့်ခန်းဆောင်ရွက်ခြင်း အစရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။

လက်နက်များ၏ စွမ်းပကား

လက်နက်များ၏ စွမ်းပကားအနေနဲ့ ဖော်ပြရလျှင် ဝေဟင်-ဝေဟင်စစ်ဆင်နိုင်ရန်အတွက် တာတိုပစ် R-73အပူငွေ့ရှာဒုံး တပ်ဆင်ထားပြီး အကွာအဝေး 20မှ30kmအထိ ပစ်ခတ်နိုင်ပါသည်။မြေပြင်ပစ် တိကျလမ်းညွန်စနစ်သုံး လက်နက်အနေဖြင့် KSB-500 တီဗီကင်မရာတိကျလမ်းညွန်စနစ်သုံးဗုံးကို တပ်ဆင်နိုင်ပါသည်။

ထိုကင်မရာဗုံးစနစ်သည် ရာသီဥတုအခြေအနေ မြင်ကွင်းကောင်းမွန်မူအပေါ်မူတည်ပြီး ၉.၆မိုင်မှ ၁၀.၈မိုင်အကွာအဝေးထိ ပစ်ခတ်နိုင်ပါတယ်။တိကျမဲ့ဗုံးအဖြစ် 50kg,100kg,150kg,250kg,500kgအစရှိသော ဗုံးများကို missionအလိုက်အမျိုးမျိုးပြောင်းလဲတပ်ဆင်နိုင်ပါသည်။၈၀မမ S-8ရော့ကတ် ၁၃၀မမ S-13ရော့ကတ်နှင့် အကွာအဝေး ၆မိုင်အထိပစ်ခတ်နိုင်သော S-25လေဆာလမ်းညွန်ဒုံးစနစ်များ ပါဝင်ပါသည်။

ကိုးကားချက် teaseable15.rssing

ထပ်မံဖြည့်စွက်လိုစွက်လိုပါက comment တွင်ဖြည့်စွက်ပေးပါရန်