မြန်မာ့တပ်မတော်-လေ တွင် တာဝန်ထမ်းဆောင်နေသော JF-17M ဘက်စုံသုံးတိုက်လေယာဉ် နဲ့ Yak-130 အပေါ့စားတိုက်လေယာဉ်များအား SD-10 ဝေဟင်မှဝေဟင်ပစ်ဒုံးများ C-802AKG ဝေဟင်မှရေပြင်ပစ် သဘောင်္ဖျက်ဒုံးများ နဲ့ ရော့ကက်များ တင်ဆောင်လျက် ပျံသန်း လေ့ကျင့်နေကြနေပြီ ဖြစ်ပါသည်။

YAK-130တိုက်လေယာဉ်တွေကို လက်ရှိအကောင်းဆုံး(ရုရှားထုတ်) SU-30, SU-35 နဲ့ PAK FA ကဲ့သို့သော တိုက်လေယာဉ်များအတွက် အမောင်းသင်လေ့ကျင့်နိုင်စေရန် ရည်ရွှယ်ကာ ထုတ်လုပ်ထားတာဖြစ်လို့ တပ်မတော်အနေနဲ့ တချိန်ချိန်မှာ အဆိုပါတိုက်လေယာဉ်ကြီးများကို ဝယ်ယူခဲ့မယ်ဆိုရင် အပန်းမကြီးမစိမ်းတော့ပဲ မောင်းနှင်စေနိုင်မှာပဲဖြစ်ပါတယ်… တကယ်တော့ YAK-130 ကိုယ်တိုင်ကိုက စွမ်းရည်မြင့်တိုက်လေယာဉ်တမျိုးဖြစ်နေပါပြီ ဆိုဗီယက်ခေတ်က အတွေးအခေါ်များကနေများစွာ ခွဲထွက်ထားတဲ့ တီထွင်ဖန်တီးမှုများပါဝင်ပြီး တပ်ဆင်နိုင်တဲ့ လက်နက်စနစ်ကလည်း လက်ရှိတိုက်လေယာဉ်အတော်များများနည်းတူ စွမ်းဆောင်နိုင်ပါတယ်…

Yak-130လေယာဉ်သည် စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များတွင် တပ်ဆင်ထားသော အီလက်ထရောနစ် စနစ်များကို တပ်ဆင်ထားပြီး GPSလမ်းညွှန် အပူပုံရိပ်ရှာကင်မရာ လမ်းညွှန် လေဆာလမ်းညွှန် အစရှိသော တိကျပဲ့ထိန်းလက်နက်များကို တပ်ဆင်နိုင်သောကြောင့် စတုတ္ထမျိုးဆက်လွန် လေယာဉ်များသာမက ပဥ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်များကိုပါ လေ့ကျင့်ရေးအတွက် အထောက်အပံပေးနိုင်ပေသည်။

လေ့ကျင့်ရေးအပြင် အနီးကပ်ပစ်ကူပေးခြင်း(CAS) ပိုင်းဖြတ်တိုက်ခိုက်ခြင်း(IDS) တာဝန်များကိုပါ ထမ်းဆောင်နိုင်ပေသည်။ လေယာဉ်သည် လက်နက် အလေးချိန် ၃တန်ကျော် သယ်ဆောင်နိုင်သောကြောင့် လက်ရှိအသုံးပြုနေသော A-5မြေပြင်တိုက်ခိုက်ရေး လေယာဉ်များထက်ပင် ပိုမို သယ်ဆောင်နိုင်ကာ ဝေဟင်-ဝေဟင်ပစ် လက်နက်များ အီလက်ထရောနစ် ဖိဖျက်နှောက်ယှက်ရေးစနစ်များ ပါဝင်သောကြောင့် စစ်မြေပြင်တွင်လည်း သီးခြား ရပ်တည်နိုင်စွမ်းရှိပေသည်။

ရုရှားလေတပ်မှ Yak-130လေယာဉ်များ၏ အီလက်ထရောနစ် စနစ်များသည် I-Phone တစ်လုံးကဲ့သို့ အဆင့်မြင့်မားမူကြောင့် Flying I-Phoneဟူ၍ပင် ခေါ်ဆိုကျပေသည်။ ခေတ်သစ်နည်းပညာများဖြင့် ပေါင်းစပ်ထားသော တိုက်လေယာဉ်တစ်စီးဖြစ်သောကြောင့် မည်မျှဆိုးရွားသော ခုခံမူမဆို အလွယ်တကူ ရှင်းထုတ်ပစ်နိုင်သော လေယာဉ်တစ်စီးလည်း ဖြစ်ပေသည်။

လောက်ကိုင် ဒေသ စစ်ဆင်ရေးတွက် နယ်နမိတ်မျည်းနှင့် အလွန်နီးကပ်သော မြေအနေအထားတွင် တဖက်နိုင်ငံ၏ နည်းမျိုးစုံ ဖိအားပေးမူများအောက်တွင် လေသူရဲများသည် ခက်ခဲစွာ တိုက်ပွဲဝင်ခဲ့ရပေသည်။ အထူးသဖြင့် ပွိုင့်၂၂၀၂လို တိုက်ပွဲမျိုးတွင် ပိုမို၍ သိသာထင်ရှားပေသည်။

JF-17 တိုက်လေယာဉ်ကတော့ ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။ ကျွန်တော့တို့ သိသလောက်တော့ သူက လုံးဝအသစ်ပါ။ အဓိကတော့ ပါကစ္စတန် လေတပ်မှာ သုံးနေတာပါ။ သူ့မှာလည်း Block 1,2,3 ရှိတယ်။ ဒီမှာတော့ block ဘယ်လောက်ကို ဝယ်ထားလဲတော့ မသိပေမယ့် သူ့တန်ဖိုးကတော့ ဒေါ်လာ ၂၈ သန်း ကနေ ၃၂ သန်း လောက်ထိ အစားစား ရှိပါတယ်။

ဒါကတော့ ကျွန်တော်တို့ဆီမှာ စတုတ္ထ မျိုးဆက်အနေနဲ့ ခေတ်မီ တိုက်လေယာဉ်တွေလို့တော့ ပြောလို့ရပါတယ်။”လို့ သေနင်္ဂဗျုဟာ လေ့လာရေး အဖွဲ့ တည်ထောင်သူ ဒေါက်တာနိုင်ဆွေဦးက အသစ်ဝယ်ယူလိုက်တဲ့ တိုက်လေယာဉ်အမျိုးအစားနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ဖူးပါတယ်။