ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ အဓိကကဏ္ဍရပ်ကြီး ၄ ရပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်ယန်း ၁၂၀.၉ ဘီလီယံ (ကန်ဒေါ်လာ ၁.၁ ဘီလီယံ) ချေးငွေထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ဂျပန်နိုင်ငံသံအမတ်ကြီး Ichiro Maruyama ၏မြန်မာနိုင်ငံသို့လာရောက်သောခရီးစဉ်တွင် မြန်မာနိုင်ငံ၏ စီမံရေး၊ ဘဏ္ဏာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် နေပြည်တော်တွင်တွေ့ဆုံပြီး ယင်းကဲ့သို့ထောက်ပေးရေးချေးငွေပေးအပ်ရန် ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သဘောတူစာချုပ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မိုးပျံ အမြန်ကားလမ်းကို ယခုနှစ် ဇူလိုင်လတွင် စတင်ဆောက်လုပ်မည်

အဓိကကဏ္ဍကြီး ၄ ရပ်မှာ ရေဆိုးရေညစ်များသန့်စင်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး၊ ရန်ကုန်မြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုလျှော့ချရေးနှင့် ရေကြီးမှုမှကြောင့် ပျက်စီးဆုံးရှုံးမှုလျှော့ချရေး၊ ရန်ကုန်နှင့် မန္တလေး တို့တွင်လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေပေးနိုင်ရေးနှင့် ချင်း၊ ကချင်၊ ရခိုင်၊ မွန်၊ ကရင်နှင့် တင်္နသာရီစသော ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်သည်။

(၁) ရန်ကုန်မြို့တွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေဆိုး၊ ရေညစ်များသန့်စင်ရေးတို့အတွက် ဂျပန်ယန်း ၄၅.၉ဘီလီယံသုံးစွဲသွားမည်ဖြစ်ပြီး လာမည့် ၂၀၃၀တွင် လုပ်ဆောင်နိုင်စွမ်း ၇ ဆတိုးတက်သွားရန်ရည်မှန်းထားပြီး ပမာဏအားဖြင့် လက်ရှိထက် အဆ ၁၃၀ ပိုမိုလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။
(၂) ယာဉ်လမ်းကြောင်းကျပ်တည်းမှုနျင့် ရေကြီးမှုတို့အတွက် ဂျပန်ယန်း ၂၄ ဘီလီယံအသုံးပြုသွားမည်ဖြစ်ပြီး ရန်ကုန်မြို့၏အဓိကလမ်းမကြီးများနှင့် မြို့ပတ်ရထားလမ်းပိုင်းနေရာများကို အဓိကထားလုပ်ဆောင်ပေးသွားမည် ဖြစ်သည်။
(၃) ရန်ကုန်နှင့် မန္တလေးတို့၏ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးရေးအတွက် ဂျပန်ယန်း ၁၂.၂ ဘီလီယံအသုံးပြုသွား မည်ဖြစ်ပြီး ပြုပြင်သင့်တာများကိုပြုပြင်၍ တိုးချဲ့သင့်သောနေရာများကို တိုးချဲ့ပြီးလျှပ်စစ်မီးဖြန့်ဝေပေးသွားမည်ဖြစ် သည်။ ၂၀၁၇ခုနှစ် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၃,၀၇၅ မီဂါဝပ် ရှိနေရာမှ ၂၀၂၀ခုနှစ်တွင် ၄,၅၃၁ မီဂါဝပ်သို့တိုးလာနိုင်သည်ဟု ခန့်မှန်းထားခဲ့သည်။ ယခုကဏ္ဍသည် ပိုမိုတိုးချဲ့ဖြန့်ဝေပေးရေးအတွက်သာမက လျှပ်စစ်ဓာတ်အားလေလွင့်မှုကိုလည်း လျှော့ချပေးနိုင်ရန် ရည်ရွယ်ထားခဲ့သည်။
(၄) ကျန်တိုင်းဒေသကြီးများအတွက် ဖွံ့ဖြိုးတိုးတက်ရေးများတွင် အခြေခံကျသော လမ်း၊တံတားစသော လူနေမှုအဆင့်မြင့်မားရေးအတွက် အဓိကထားအသုံးပြုသွားမည်ဖြစ်သည်။

Source: MOI