ဂျပန်နိုင်ငံက မြန်မာပြည်ကို ဘာလို့အကူအညီပေးတာလဲလို့မေးတော့တစ်ချို့သူတွေကတော့ သူတို့အကျိုးကိုမြင်လို့ကူညီတာပါလို့ပြောရင်​ဘယ်​လိုပြောမှာလဲ သံအမတ်ကြီးရှင့်
လို့ အမေ့သမီး တင်မိုးလွင်ကပြည်သူ့့ ့ကိုယ်စားမေးလိုက်တယ်

သံအမတ်ကြီးက အချက် ၂ ချက်နဲ့ပြန်ဖြေပါတယ်

၁ အချက်က

ဒုတိယကမ္ဘာစစ် စစ်ရှံူးတော့ မြန်မာပြည်ကပြန်ဆုတ်တဲ့ ဂျပန်တပ်ကို စားနပ်ရိက္ခါအကူအညီးပေးတဲ့ ဆုတ်ခွာရာ လမ်းတလျှောက်က တိုင်းရင်းသားတွေကိုကျေးဇူးဆပ်ချင်တာတစ်ကြောင်း

စစ်ပြေငြိမ်းရေးစာချုပ်​ကိုလည်း မြန်မာကစထိုးတော့ ကျန်တဲ့အာစီယံနိုင်ငံတွေက လိုက်ထိုးခဲ့ကြောင်း ဒါကတကြောင်း

ကမ္ဘာစစ်ကြီးပြီးတော့ မိမိတို့နိုင်ငံစားစရာမရှိပါကြောင်း
ဒါကြောင့် မိမိတို့ကို စပြီးအကူအညီပေးတဲ့နိုင်ငံဟာ မြန်မာဖြစ်ကြောင်းစားစရာဆန်အပြင် မြန်မာ့ဆားတွေကို
တန်ချီထောက်ပ့ံကြောင်း

ယခုအချိန်ထိ ရှေးလူကြီးတွေက မြန်မာ့ဆားကိုအထူးကျေးဇူးတင်နေကြောင်း.ကောင်းလည်းကောင်းကြောင်း

၂ အချက်က

မြန်မာကိုကူညီချင်းကြောင့် မိမိနိုင်ငံလည်း အကျိုး ဖြစ်မည်ဖြစ်ကြောင်းမြန်မာလည်းအကျိုးဖြစ်မည် ဖြစ်ကြောင်း win.to win ကို သဘောကျကြောင်း

မြန်မာပြည်သူတွေရဲ့စိတ်ပျက်ခြင်းကို မိမိတို့ဘယ်တော့ မှ မလုပ်ပါကြောင်း အထူးပင် ဂရုစိုက်ပါကြောင်း

အာစီယံနိုင်ငံတွေနဲ့မြန်မာနိုင်ငံကို တစ်ပြေးညီ ဖွံ့ဖြိုးအောင် လုပ်ပေးချင်ကြောင်းက မိမိတို့စိတ်ရင်းဖြစ်ကြောင်း

မကြာမှီဂျပန်ကုမ္ပဏီတွေလာမှာဖြစ်ကြောင်းဒီကအခြေခံ အဆောက်အအုံတွေပြီးရင်လာမှာဖြစ်ကြောင်း

ဒီကမြန်မာလူငယ်တွေ ဂျပန်စာတတ်ကျွမ်းအောင်သင်ထားစေလိုကြောင်း

မြန်မာလူမျိုးရဲ့အားသာချက်က ဘယ်နိုင်ငံမှ မတွေ့ရတဲ့ အချက်က နွေးထွေးစွာဆက်ဆံခြင်းပင် ဖြစ်ကြောင်းဘယ်နိုင်ငံမှာမှမရှိ​ကြောင်​း

ပွင့်လင်းစွာဖြေသွားတဲ့ ဂျပန်သံအမတ်ကြီးကို ပိုပြီးလေးစားမိတယ်ဂျပန်နိုင်ငံကြီး ယခုထက်တိုးတက်​ပါ​စေကျေးဇူးအထူးတင်ပါတယ်..

Credit