ရုရှားသမ္မ ဗလာဒီမာပူတင်နဲ့ မလေးရှားဝန်ကြီးချုပ် Dr Mahathir Mohamad တို့ဟာ အထူးသဘောတူညီမှုတစ်ရပ်ကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။သမ္မတပူတင်ရဲ့အထူးလက်ထောက် တစ်ဦးဖြစ်သူ Dr Victor Kladov က သမ္မတပူတင်အနေနဲ့ မလေးရှားဝန်ကြီးချုပ် ဒေါက်တာမဟာ သီမိုဟာမတ်နဲ့ မလေးရှားနိုင်ငံအား great nation နိုင်ငံအဖြစ် တန်ဖိုးထားဆက်ဆံကာ အရောင်းအဝယ်လေလံတစ်ခုပြုလုပ်နိုင်ခဲ့ကြောင်း New Straits Times သတင်းစာကို ပြောကြားထားပါတယ်။

မလေးရှားနိုင်ငံဟာ ၁၉၉၅ ခုနှစ်မှာ မလေးရှားရင်းဂျစ် ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ ရုရှားနိုင်ငံထုတ် MiG-29N တိုက်လေယာဉ်တွေကို ဝယ်ယူခဲ့ပါတယ်။၂၀၀၃ ခုနှစ်မှာတော့ Su-30MKM တိုက်လေယာဉ်တွေဝယ်ယူခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးမှာ စားအုန်းဆီတွေ ရုရှားနိုင်ငံကို ပြန်လည်ရောင်းချပေးခြင်းဖြင့် ဖလှယ် ရယူခဲ့ကြပါတယ်။

သမ္မတပူတင်ဟာ မလေးရှားနိုင်ငံကို မျက်နှာသာပေးခဲ့တယ်ဆိုရမှာပါ။ တော်ဝင်မလေးရှား လေတပ် (RMAF) မှာ အသုံးပြုမှုရပ်နားထားတဲ့ MiG-29N တိုက်လေယာဉ်(၁၈)စီးကို ပြန်လည် ဝယ်ယူမှုပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဝယ်ယူခဲ့မှုအတွက် မျိုးဆက်သစ်တိုက်လေယာဉ် MiG-35 အုပ်(၂)အုပ်စာ ပြန်လည်ပေးပို့ရောင်းချ သွားမည်ဖြစ်ကြောင်း Kladov ကပြောကြားခဲ့ပါတယ်။

သမ္မတပူတင်က ဝန်ကြီးချုပ်မဟာသီမိုဟာမက်ကို ပြောကြားခဲ့မှုတွင် MiG-35 fighters မျိုးဆက်သစ်တိုက်လေယာဉ်တွေမှာ မီးခိုးထွက်တဲ့အင်ဂျင်တွေ အသုံးပြုမှုမရှိတော့ကြောင်း အဆင့်မြင့် စွမ်းအားကောင်းတဲ့လေကြောင်းနည်းပညာတွေ၊ artificial intelligence အသိညဏ် တုတွေ၊ပိုင်းလော့လုပ်ဆောင်ချက်ကိုလျှော့ချနိုင်မယ့် computers နှင့် weapons systems တွေပါရှိလာတာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ Kladov ဆိုပါတယ်။

အလားတူ တော်ဝင်မလေးရှားလေတပ် ဆယ်စုနှစ်တစ်ဝက်ကျော်ကြာ သက်တမ်းရှိနေပြီဖြစ်တဲ့ Sikorsky S-61 Nuri ရဟတ်ယာဉ်အုပ်နေရာမှာ အစားထိုးဖို့ နည်းလမ်းများရှာ ဖွေနေကြာင်းနှင့်အာဖဂန်နစ္စတန်ပဋိပက္ခတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွက် မျိုးဆက်သစ် ရုရှားနိုင်ငံထုတ် Mi-171 ရဟတ်ယာဉ်များဟာ တိုက်ပွဲဝင်စွမ်းဆောင်ရည်ကို အကောင်းဆုံးပြသ နိုင်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် ရုရှားတို့ကမ်းလှမ်းချက်များတွင် Yak 130 အပေါ့စား တိုက်ခိုက်ရေးနှင့် လေ့ကျင့် ရေးလေယာဉ်အား နည်းပညာဆိုင်ရာလွှဲပြောင်းပေးအပ်ခြင်းများအပါအဝင် နှစ်နိုင်ငံစလုံးအတွက် win-win ဆက်ဆံရေးအခြေအနေတစ်ရပ်ကို ဖန်တီးဖော်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း Kladov ကထည့်သွင်းပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ Rostec ကုမ္ပဏီခွဲ Russian Helicopters ကုမ္ပဏီအနေဖြင့်လည်း Ansat (၈)စီး, Mil Mi-8/17 နှင့် Kamov Ka-32A11DC ရဟတ်ယာဉ်များအား မလေးရှား ပင်လယ်ရေကြောင်း စိုးမိုးရေးအေဂျင်စီနှင့် မီးသတ်ကယ်ဆယ်ရေးဦးစီးဋ္ဌာနတို့ကို ရောင်းချပေးသွားနိုင်ဖို့ မျှော်မှန်းထား ပါတယ်။ဒါတွေအပြင် ရုရှားနိုင်ငံဟာ မလေးရှားကျွန်းဆွယ်ခရီးသွားစက်မှုလုပ်ငန်း တိုးတက်စေဖို့ အတွက် အမြန်သွား၊အပေါ့စား hydro-foil vessels ရေယာဉ်များရောင်းချပေးသွားနိုင်ရန်ပါ ကမ်းလှမ်းထားခဲ့ပြီး ဒီရေယာဉ်တွေဟာ ထိရောက်ကောင်းမွန်ပြီး စျေးနှုန်းသက်သာတဲ့ ရေယာဉ် တွေဖြစ်ကြောင်း Kladov ထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီကိစ္စတွေနဲ့ပါတ်သက်ပြီး မကြာမီ နှစ်နိုင်ငံ ခေါင်းဆောင်တွေ Vladivostok မြို့၌ တွေ့ဆုံမှုအတွင်းမှာ ဆုံးဖြတ်ပေးသွားနိုင်ပါ လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပါရှိပါတယ်။

မလေးရှားဝန်ကြီးချုပ် မဟာသီမိုဟာမက်ရဲ့ မလေးရှားနိုင်ငံရဲ့ ကာကွယ်ရေးနှင့် အာကာလေကြောင်းနယ်ပယ်ကို နိုင်ငံစီးပွားရေးတိုးတက်ဖွံ့ဖြိုးစေခြင်းနှင့်အတူ အမျိုးအစား တူစနစ်များအား ထုနဲ့ထည်နဲ့ ဝယ်ယူဖြည့်တင်းစွမ်းအားတည်ဆောက်တတ်တဲ့ ကြိုးပမ်းအား ထုတ်မှုကို ရုရှားသမ္မတ ပူတင်က အသိအမှတ်ပြုချီးကျူးခဲ့ပါတယ်။အဆိုပါအလားတူစနစ်များအား ထုနဲ့ထည်နဲ့ ဝယ်ယူလုပ်ဆောင်ခြင်းဖြင့် အပိုပစ္စည်းများ ၊အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များနှင့် ကြံ့ခိုင် ထိန်းသိမ်းရေးကိစ္စရပ်များတွင် ပိုမို စရိတ်စက ကာမိသွားပါကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတ ပူတင်နှင့်ဒေါက်တာမဟာသီမိုဟာမက်တို့ဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ စိုက်ပျိုးရေး နှင့်စက်မှုလုပ်ငန်းထုတ်လုပ်ရေးစသည့်တို့အပါအဝင် အခြားကဏ္ဍများ တိုးတက်ဖွံ့ဖြိုးရေး နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

source-Thayninga Institute for Strategic Studies