ကုန်းဘောင်ခေတ်မင်းဆက် ကိုးဆက်မြောက် “” ပုဂံမင်း “” ဟာ သာယာဝတီမင်းခေါ် ရွှေဘိုမင်းရဲ့ သားတော်တစ်ပါးဖြစ် ပါတယ် ။ ၁၂၀၈ ခုနှစ်မှာ နန်းတက်ခဲ့ပြီး ၁၂၁၄ မှာ နတ်ရွာစံ သွားခဲ့ရသော ၆ နှစ်သာစိုးစံခဲ့ရတဲ့မင်းတစ်ပါးပါပဲ ။ ပုဂံမင်း ဟာ တိုင်းရေးပြည်ရေးကို စိတ်ဝင်စားမှုမရှိဘဲအပျော်အပါးကို သာလိုက်စားမက်မောသူဖြစ်ပါတယ်။ကြက်တိုက်ငှက်တိုက်စတဲ့ကိစ္စတွေမှာသာပျော်ပိုက်ပြီး သေအရက်ကိုလည်း အလွန်အကြူးသောက်သုံးလေတော့တယ်။ဘယ်လောက်ထိအပျော်အပါးကြီးသလဲဆိုရင် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မဟာသင်္ကြန်ပွဲတော်ကို ၃ရက်သာ ကျင်းပခဲ့သော်လည်း ပုဂံမင်း လက်ထက်မှာတော့ ၄၀ – ၄၅ ရက်အထိ ကျင်းပခိုင်းတယ်လို့ဖတ်ရှုရပါတယ်။

နံနက်မျက်နှာသစ်ပြီးတာနဲ့ ” ဒီနေ့ ဘယ် တိရိစ္ဆာန်နဲ့များတိုက်ပွဲလုပ်ဖို့ စီစဉ်ထားသလဲ ” ဆိုတာကို အရင်ဆုံး မေးတော်မူတာပါဘဲ ။အမရပူရ နေပြည်တော်အနီးမှာ” ဗုန်းအိုး ” ဆိုတဲ့ ရွာတစ်ရွာရှိပါတယ် ။ကုန်းဘောင်ခေတ်ဦးက ကုလားသုံ့ပန်းများနေထိုင်ရန်အတွက် ရွာတည်ပေးခဲ့တာ ဖြစ်ပါတယ် ။ထိုရွာက သုံ့ပန်းကုလားတွေဟာ ကြက် ငှက် ချို ခါ ရေဘဲ စတဲ့ တောတိရိစ္ဆာန်တွေကို ဖမ်းဆီးရောင်းချစား သောက် အသက်မွေးကြပါတယ် ။

ပုဂံမင်း မင်းသားဘဝ တည်းကအပျော်အပါးကြိုက်တတ်မှန်းသိလေတော့ ” ဘိုင် ဆပ် ” လို့ခေါ်တဲ့ ကုလားတစ်ယောက်က မင်းသားစိတ်တိုင်း ကျကစားလို့ရအောင် တိရိစ္ဆာန်မျိုးစုံကိုတိုက်ပွဲဖြစ် ဖန်တီးပေးပါတယ် ။ပုဂံမင်းသားကလည်း ဘိုင်ဆပ်ကိုသိပ်သဘောကျ သွားတာပေါ့ ။ မင်းသားလည်း ဘုရင်ဖြစ်လာရော ကုလား ဘိုင်ဆပ်ကလည်း ဘုရင့်စိတ်တိုင်းကျ ကြက်တိုက်ငှက်တိုက် ရုံတင်မက ထန်းရည် ခေါင်ရည် အရက်စတာတွေကိုပါ စီမံပေးတော့ ကုလားဘိုင်ဆပ်ကို လက်ရုံးအဖြစ်အနားမှာထား ပြီး မြို့ဝန်မင်းရာထူးကိုပါ ခန့်အပ်လိုက်ပါတော့တယ် ။

တိုင်းပြည်အကျိုးစီးပွါး ဘာသာ သာသနာရေး အမျိုးသားရေးတို့ကို စိတ်မဝင်စားတော့ဘဲ သာမန်အရပ်သားတစ်ယောက်လို ပြု ကျင့်နေပါတော့တယ် ။ ဘုရင်ရဲ့လုပ်ရပ်တွေကို နန်းတွင်း ပုဂ္ဂိုလ်များမကြိုက်ကြတော့ပေမယ့် ကြောက်လန့်နေကြတော့ ဘယ်သူကမှမပြောရဲကြတော့ဘူး ။ကုလားမုဆိုးဘိုင်ဆပ်ကမြို့ဝန်မင်းဖြစ်လာလေတော့ အမရပူရမြို့တော်မှာ သြဇာအရှိန် အဝါလွှမ်းမိုးလာတင်မက လောင်းကစားနဲ့သေရည်ကြိုက်တဲ့ ဘုရင်အပေါ်မှာပါ သူ့အလိုလိုက်သူ့အကြိုက်ကြောင့် ဘုရင် ကလည်းဘိုင်ဆပ်လုပ်သမျှ ဘာမှပြန်မပြောတော့ဘဲ သြဇာ ရှိလာတယ် ။

ဘုရင်ကကြက်တိုက်နေစဉ် မြို့ဝန်ဘိုင်ဆပ်က သူလုပ်ချင်ရာထင်ရာစိုင်းတော့တာဘဲ ။တဖြေးဖြေးနဲ့တစ်ဆင့် တက်လာပြီးဘိုင်ဆပ်က သူ့တပည့်ကုလားတွေကို နန်းတွင်းသွင်းပြီး ရာထူးနေရာတွေပေးလာတော့တယ်။ငပိန်ဆိုတဲ့ကုလားကိုမြို့စားရာထူး /ရွှေဘော်ဆိုတဲ့ကုလားကိုတော့ တံခါးမှူးအဖြစ်ထားပြီး ငမှုံဆိုတဲ့ကုလားကို ဈေးခေါင်းရာထူးငရှင် လေးဆိုတဲ့ကုလားကိုတော့ ထန်းခေါင်းတာဝန်တွေပေးလိုက် တော့တယ်ရှင်ဘုရင်ကိုယ်တိုင်က ဘာသာရေးအသိမရှိလေတော့ ဘာသာခြားတွေဝင်ရောက်နေရာယူကြရော ပေါ့ ။ကုလားဘိုင်ဆပ်နဲ့အဖွဲ့ဟာ အာဏာရလာတာနဲ့မြန်မာအမျိုး သမီးတွေကို စော်ကားမှုပြုလာတော့တယ် ။

တစ်ချို့အမျိုးသမီးတွေဆိုရင် ဘိုင်ဆပ်ရန်ကလွတ်အောင် မြို့တော်ကနေထွက်ပြေးတိမ်းရှောင်ကြရတယ်။ အမရပူရနေပြည်တော်မှာ ဘိုင်ဆပ်အုပ်စုကိုကြောက်လို့ ဘယ်သူမှမပြောရဲသော်လည်း စာချိုးစာပစ်လေးတွေကတော့တစတစရှိလာခဲ့တယ်။မျိုးနွယ်မတူ ၊ ဘယ်ကလူပြည်ဆူပွက်အောင် ၊ ထားပါလိမ့် ။ချိုး ကြက်တည်ရာ တွေ့ခဲ့ပါပြည်တော်ဘယ်မှာ သာပါလိမ့် ။ဘိုင်ဆပ်နည်းတူ သူ့တပည့်ကလည်းခေသူမဟုတ် ။ နန်းတွင်းနေ ရာရလာပြန်တော့ ထင်ရာစိုင်းလာပြန်တယ် ။

နန်းတွင်းအနောက်ဆောင်ခေါ်မိဖုရားအဆောင်ကို ဘုရင်မှအပဘယ်ယောကျင်္ားမှဝင်ခွင့်မရှိသော်လည်း ဘိုင်ဆပ်နဲ့သူ့တပည့် တွေကတော့ ဝင်ခွင့်ရအောင်ဘုရင်အပေါ်သိမ်းသွင်းလိုက်ကြတာ ပါဘဲ ။အမရပူရ ပြည်ဋ္ဌာနသည်အလှခက်တယ် ။ကုလားကအားရမှ လွှတ်တော်မူတယ်မလွတ်သူ ရှေးကံအကြောင်းလို့ တောင်စပ်ဆိုလိုက်ကြပါသေးတယ်။
ဖြစ်စဉ်ကတော့ ကုလား ဘိုင်ဆပ်ရဲ့လက်ထောက် မြို့စာရေးဝန် ကုလားငပိန်ကတောင်သမန်အင်းကိုဖြတ်ပြီးတံတားထိုးရန် စီမံလိုက်ပါတော့တယ် ။ပုဂံမင်းကလည်း ဆောက်လုပ်ခွင့်ပေးလေတော့ ငပိန်ဆိုသူက သူ့စိတ်တိုင်းကျတောင်သမန်အင်းတံတားစီမံကိန်းစပါတော့သည် ။ အလွန်ခံ့ညားပြီး ကျက်သရေရှိလှတဲ့ တံတားပေါ့ ။

ခုဆိုနှစ်ပေါင်းရာကျော်သွားပါပြီ ။ ဦးပိန်ဆိုတဲ့ ကုလားကဆောက်လုပ်တဲ့တံတားဖြစ်တာကြောင့်”” ဦးပိန်တံတား “” လို့ ခေါ်ခဲ့ကြတာပါ။ရှေးဟောင်းတံတား ကြီးဖြစ်သလိုအဖိုးတန်ကျွန်းသစ်တွေနဲ့ တည်ဆောက်နိုင်ခဲ့ တဲ့အတွက်လည်း သမိုင်းတွင်နေခဲ့ကြတာပေါ့ ။ ဒါကတော့ သမိုင်းအမှန်ကိုမသိတဲ့အခါပေါ့လေ ။ အမှန်တစ်ကယ်မှာတော့ တောင်သမန်အင်းကိုဖြတ်ကူးဆောက်လုပ်မယ့် သစ်သားတံတားကြီးကို တည်ဆောက်ခဲ့တာဟာ တကယ့်စိတ် ရင်းစေတနာအမှန်နဲ့တော့မဟုတ်ခဲ့ဘူး ။

အမှန်ကတော့ အကွက်စေ့စေ့ချလိုက်တာပါဘဲ ။ တောင်သမန်အင်းရဲ့တစ်ဘက်ကမ်းမှာ ကုလားအများအပြားတို့ရှိနေကြပါတယ် ။ ဘိုင်ဆပ်တို့အဖွဲ့ကအမရပူရနန်းတော်ကိုတက်ပြီး အာဏာသိမ်း ပိုက်တဲ့အခါမှာ တစ်ဖက်ကမ်းကကုလားများ အလွယ်တကူ ကူးလာပြီးတော့နန်းသိမ်းရန်ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားခဲ့ခြင်းပေတည်း ။တံတား ကြီးကိုကြည့်ပြီး ကြည်နူးနိုင်ကြတာဟာ ဒီအဖြစ်မှန်ကို မသိခဲ့ကြလို့ပါ ။

ဒါ့ထက်ပိုဆိုးတာက အဲဒီငပိန်ဆိုတဲ့သူ (ဘိုင်ဆပ် တပည့်ကျော် ငပိန် )ကတံတားကိုဆောက်တဲ့အခါမှာ အမရပူရနေပြည်တော်အဝှမ်းရှိ စစ်ကိုင်းနဲ့အင်းဝအရပ်မှာရှိတဲ့ နန်းတော်ဟောင်း ကိုဖြို ဖျက်ပြီး အဲဒီသစ်လုံးများကိုယူငင်ကာ အမရပူရပြည်သူအင်အား နဲ့ တည်ဆောက်ခြင်းပဲဖြစ်ပါတယ် ။ ကုလားငပိန်ဖျက်လိုက်တဲ့ သစ်တွေထဲက အကောင်းစားကျွန်းသစ်လုံးတွေကို အခြား တိုင်း တစ်ပါးအထိရောင်းစားလိုက်ပါသေးတယ် ။

နေရာမပေးသင့် မပေးထိုက်တဲ့ လူမျိုး ခြား ဘာသာခြားကို အာဏာပေးမိလိုက်တော့ အမျိုးဘာသာ သာသနာအတွက်ပါ နစ်နာဆုံးရှုံးရပါတော့တယ် ။ ကုလား ဘိုင်ဆပ်နဲ့အဖွဲ့ဟာ မြန်မာအမျိုးသမီးလေးတွေကို ဖျက်ဆီး ရုံတင်မကဘူး အဓမ္မသိမ်းပိုက်ပေါင်းသင်းနေတဲ့ မယားပေါင်း ( ၄၀ ) ကျော်တောင်ရှိတယ်လို့ဆိုပါတယ် မြို့သူမြို့သားတွေအပေါ်မှာလည်း ရတဲ့နည်းနဲ့ငွေတောင်းခံတယ် ။အလွယ်တကူမရခဲ့ရင် အကွက်ဆင်ပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြန်တယ် ။ ဘိုင်ဆပ်မြို့ဝန်သက်တမ်း ၅ နှစ်အတွင်းမှာ မြန်မာလူမျိုးပေါင်း ( ၂၀၀၀ )ခန့်ညှဉ်းပမ်းနှိပ်စက် အသေသတ်ခဲ့ တယ်လို့မြန်မာ့သမိုင်းတွေမှာ ဖေါ်ပြထားပါတယ်။

နောက်ဆုံး တော့ ကုလားဘိုင်ဆပ်ဆိုးသွမ်းရိုင်းစိုင်းလာမှုကို ဘုရင်ကိုယ်တိုင်က နားလည်သိရှိ သဘောပေါက်လာကာ ၁၂၁၃ ခုနှစ်မှာကုလားဘိုင်ဆပ်ကို ရာထူးချ ဖမ်းဆီးပြီး အမရပူရမြို့လယ်မှာ ကားစင်တင် တံကျင်ထိုးပြီး မသေမချင်းကွပ်မျက် လိုက်ရလေတော့သည်။ဒေါက်တာ အရှင်သောပါက၏အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအောင်ဇေယျတုဂျာနယ်
crd;သုခအောင်-စာအုပ်စင်