ဘရာဇီးကြည်းတပ်အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ခုနှစ်ကာလအတွင်း ဆောင်ရွက်သွားမယ့် မဟာဗျူဟာအစီအစဉ်ကို မကြာသေးမီကသတင်းထုတ်ပြန်ခဲ့ကြောင်းဇန်နဝါရီလ ၂၆ ရက်ကထုတ်ပြန်တဲ့ Jane’s DefenceWeekly သတင်းအရသိရှိရပါတယ်။

အဲဒီသတင်းထုတ်ပြန်ချက်အရ ကြည်းတပ်အတွင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဆက်လက်အကောင်အထည်ဖော်ဖို့အတွက် လာမယ့် ၄ နှစ်တာကာလအတွင်း ကြည်းတပ်အတွက် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဖော်ဆောင်သွားမယ့်အစီအစဉ်ဖြစ်တာကို ပြသနေပါတယ်။

သတင်းထုတ်ပြန်ချက်အရ အဓိကအကောင်အထည်ဖော်မယ့်လုပ်ငန်းစဉ် ၁၅ခုအပါအဝင် စုစုပေါင်းအကောင်အထည်ဖော်ဆောင်ရမယ့် အစီအစဉ် ၃၄ ခုဖြစ်ကြောင်း၊ ၎င်းင်းမှာ စစ်မြေပြင်သုံးဟောင်ဝစ်ဇာအမြောက်တွေ၊ လက်နက်ငယ်တွေ၊ လူလိုက်ပါခြင်းမရှိတဲ့ မြေပြင်/ဝေဟင်ယာဉ် (UGV)/(UAV) တွေ၊ ဘက်စုံသုံးသံချပ်ကာစပိဘုတ်တွေ၊ သယ်ယူပို့ဆောင်ရေးနဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ ဝေဟင်စောင့်ကြည့်ထောက်လှမ်းရေးရေဒါတွေ၊ လေ့ကျင့်ရေးလုပ်ငန်းစဉ်တွေအတွက် အထောက်အကူပြုသဏ္ဌာန်တူလေ့ကျင့်ရေးပစ္စည်းတွေ၊ခရုဇ်ဒုံးကျည်တွေ၊ တိကျလမ်းညွှန်ရော့ကကလောင်ချာတွေ၊ တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးနည်းစနစ်တွေ၊ သံချပ်ကာတန်ပြန်ချေမှုန်းရေးလက်နက်တွေနဲ့ ၄ ဘီးယက်သံချပ်ကာယာဉ်တွေ ပါ၀င်တယ်လို့သိရှိရပါတယ်။

ဒီစီမံချက်ဟာ ဘရားဇီးတပ်မတော်မှာ တည်ရှိနေဆဲဖြစ်တဲ့ လုပ်ငန်းစဉ်တွေအပေါ်ခေတ်မီတိုးတက်ရေးအတွက် မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေလည်းဖြစ်တယ်လို့သိရှိရပါတယ်။ ဒါ့အပြင်အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာစီမံခန့်ခွဲမှုနဲ့ အစီအစဉ်တွေတိုးတက်မြင့်မားအောင်အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နည်းပညာပိုင်းဆိုင်ရာတွေ၊မှတ်တမ်းမှတ်ရာတွေ ပြုစုဆောင်ရွက်ခြင်း၊လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ လေ့ကျင့်ရေးဆိုင်ရာအခြေခံအဆောက်အအုံတွေ တိုးချဲ့တည်ဆောက်သွားမယ့်အစီအစဉ်တွေလည်းပါ၀င်တယ်လို့ သိရှိရပါတယ်။ ။