ဘက္ကဒက်၊ ဇန်နဝါရီ ၂၇

တနင်္ဂနွေနေ့က အီရတ်နိုင်ငံမြို့တော်ဘက္ကဒက်မှာရှိတဲ့ အမေရိကန်သံရုံးကို ဒုံးကျည် ၃ စင်းထိမှန်ခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ယောက်က CNN ကိုပြောပါတယ်။

အခုတိုက်ခိုက်မှုကြောင့် လူတစ်ယောက်ဒဏ်ရာရခဲ့ပေမဲ့ အသေးစားဒဏ်ရာပဲဖြစ်ပြီး အဲဒီလူ တာဝန်ပြန်ထမ်းဆောင်နိုင်ပြီလို့လည်း ပြောပါတယ်။

ဒုံးကျည်တစ်စင်းက စားသောက်တန်းရှိကော်ဖီဆိုင်ကိုထိမှန်ခဲ့ပြီး နောက်ထပ်နှစ်စင်းကတော့ သိပ်မဝေးတဲ့တစ်နေရာမှာကျခဲ့တာလို့လည်း သတင်းရင်းမြစ်တွေက AFP သတင်းအေဂျင်စီ ကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းမှာ အခုဖြစ်ရပ်ဟာ ပထမဆုံးသံရုံးဝန်ထမ်းတွေဒဏ်ရာရတဲ့ပထမဆုံးဖြစ်ရပ်ပါ။

ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ဘယ်အဖွဲ့အစည်းကမှဝန်ခံမထားပေမဲ့ အရင်တုန်းက အီရတ်မှာအခြေစိုက်ပြီး အီရန်ကျောထောက်နောက်ခံပေးထါးတဲ့တပ်ဖွဲ့တွေကို အမေရိကန်က အပြစ်တင်ထားပါတယ်။

အီရတ်ဝန်ကြီးချုပ်အက်ဒဲ အဗ္ဗဒူ မာဒီကတော့ ဒီတိုက်ခိုက်မှုကိုရှုတ်ချပါတယ်။ သံတမန် အေ ဆာက်အအုံတွေကို ကာကွယ်ဖို့ကတိပြုတဲ့အီရတ်အစိုးရအနေနဲ့ ကတိတည်ဖို့ အီရတ်အစိုး ရကိုတိုက်တွန်းတယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

အီရတ်မှာ မကြာသေးခင်ကတိုက်ခိုက်မှုတွေဟာ အမေရိကန်တပ်သားတွေအခြေစိုက်တဲ့ အခြေစိုက်စခန်းတွေနဲ့ သံရုံးတွေကို ဦးတည်တိုက်ခိုက်နေတာပါ။ပြီးခဲ့တဲ့လမှာအမေရိကန်-အီရန်ဆက်ဆံရေးတင်းမာခဲ့တဲ့ကြားထဲ အီရတ်နိုင်ငံရောက်နေပါတယ်။

Ref:- BBC