ဗီယက်နမ်နဲ့ နယ်သာလန်နိုင်ငံအခြေစိုက် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတစ်ခုတို့ဟာ စစ်ဘက်ရေယာဉ်တစ်စီး တည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ သဘောတူညီမှုစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့တာကတော့ ဗီယက်နမ်ရေတပ်အတွက် Roro 5612 လို့ခေါ်တဲ့ ကုန်းရေနှစ်သွယ် သယ်ယူပို့ဆောင်ရေးအမျိုးအစား စစ်သင်္ဘောတစ်စီးကို တည်ဆောက်ပေးသွားဖို့ပဲဖြစ်ပါတယ်။

စစ်သင်္ဘောပုံစံဒီဇိုင်းကို Dutch Shipbuilding Group Damen က ဆောင်ရွက်မှာဖြစ်ပြီး တည်ဆောက်ရေးကို ဗီယက်နမ်နိုင်ငံ Song Thu Corporation က ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အခုတည်ဆောက်မဲ့ စစ်သင်္ဘောဟာ လေးစီးမြောက် Roro 5612 ဖြစ်ပါတယ်။

ပထမဆုံးအစီးကို Royal Bahamas Defense Force က တည်ဆောက်ပေးခဲ့ပြီးတော့ ဗီယက်နမ်နိုင်ငံ Halong Shipyard မှာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းက ရေချပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ အရင်ခေတ်ကာလတွေတုန်းက အဲ့ဒီလိုမျိုး စစ်သင်္ဘောအမျိုးအစားတွေကို တည်ဆောက်ပြီး တစ်ခြားနိုင်ငံတွေကိလည်း ထုတ်လုပ်ရောင်းချပေးလျက်ရှိပါတယ်။ ဗင်နီဇွဲလားအတွက် Roro 5612 သင်္ဘော ၃ စီး တည်ဆောက်လျက်ရှိပါတယ်။

Roro 5612 သင်္ဘောမှာ အလေးချိန် ၂၅ တန်ထိ သယ်မနိုင်တဲ့ ကရိန်းတစ်ခု တပ်ဆင်ထားပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းစဉ်တွေကိုပါ ထမ်းဆောင်သွားနိုင်ဖို့ တည်ဆောက်ထားပါတယ်။ ကမ်းထိုးလုပ်ငန်းတွေအတွက် မော်တော်ယာဉ်တွေ တက်/ဆင်းဖို့ကိုလည်း စီမံထည့်သွင်း တည်ဆောက်ထားပါတယ်။ လူဦးရေ ၁၆ ဦး လိုက်ပါတာဝန်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ အလျား ၂၃.၃ မီတာ၊ အကျယ် ၃.၉ မီတာရှိပါတယ်။ ခုတ်မောင်းမှုပိုင်းအနေနဲ့ MTU အမျိုးအစား ဒီဇယ်အင်ဂျင် ၂ လုံး အသုံးပြုထားပါတယ်။

အမြန်နှုန်း 10.5knots ထိရရှိမှာဖြစ်ပြီး ရေဒါ၊ သံလိုက်အိမ်မြှောင်၊ ဂျွိုင်ရိုအိမ်မြှောင်၊ ရေအနက်တိုင်းကိရိယာ၊ အော်တိုပိုင်းလော့၊ အေအိုင်အက်စ် နဲ့ စပိလော့ဂ် တို့ကိုလည်း တပ်ဆင်ထားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီးတော့ navyrecognition.com အင်တာနက်သတင်းစာမျက်နှာကနေ ဘာသာပြန်ဆို ဖော်ပြထားခြင်းဖြစ်ပြီး မူရင်းသတင်းပြုစုသူနဲ့ ဓာတ်ပုံပြုစုရိုက်ကူးသူတို့ကို အသိအမှတ်ပြုပါတယ်။ အချိန်ပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။