ပလက်ဝ နှင့် မောင်နှမ ရွာကြား ကုလားတန်မြစ်ဘေးတွင် ကျီးလေကျေးရွာ ရှိသည် ထိုရွာသည် ခူမီးလူမျိုးများနေထိုင်သည် ၂၀၂၀ ဇန်နဝါရီ ရ ရက်နေ့ ပလက်ဝမှ ထွန်အိုင်အတွက် ပေးပို့သော ချင်းလူမျိုးတို့ပိုင်သည့်ဆန်အိတ် ၂၀၀ ကျော်ပါ စက်လှေ ၂ စီးအား အေအေ အဖွဲ့မှ ကျီးလေရွာ အနီးတွင် ဖမ်းဆီးကာ ဆန်အိတ်များကို သိမ်းယူလေသည်။

အေအေ အဖွဲ့သည် ချင်းတို့၏ ဆန်များအား စက်လှေပေါ်မှ စခန်းကုန်းအထိ ကျီးလေရွာ မှ ခူမီးများကို ထမ်းခိုင်းလေသည် အေအေ စခန်းသည် ကျီးလေရွာ ၏ အနောက်ဘက် ၁၀ မိုင်ခန့်တွင်ရှိသည်။ ကုလားတန်မြစ် နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကြားတွင်ရှိသည်။ ထိုအချိန် ရွာကို ဝိုင်းထားသော အေအေ အဖွဲ့မှ ခူမီး မိန်းကလေးအား မဟုတ်တာလုပ်သဖြင့် ရွာသားများနှင့်ပြသာနာဖြစ်လေသည်။ အေအေ ကို ကြောက်သဖြင့် ခေါင့်ငုံခံရလေသည်။

ယခု ကျီးလေ ရွာသားများသည် စစ်တပ်ကို လမ်းပြကာ အေအေ စခန်းကို တိုက်နေကျပီ ဖြစ်သည်။ အေအေ စခန်းသည် တောင်ထိပ်တွင် ဆောက်ထားပီး မြေကြီးထဲတွင် လှိုင်ခေါင်းတူးထားသည် မိုင်းများထောင်ထားသည် RPG နှင့် ပစ်လဲ အရာမရောက် အမြောက်ကြီး အဆန်လဲ သိပ်မမူ ဟုသိရသည်။

တောင်ထိပ်စခန်းဖြစ်သဖြင့် စစ်တပ်မှ မတိုက်ဘဲ ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် အေအေ အဖွဲ့ ရေငတ်နေသည်ဟုသိရပါသည်။ လက်နက်ချရန် လုပ်သော အေအေ ငယ်သား ၅ ယောက်အား ခေါင်းဆောင်မှ ပစ်သတ် လိုက်သည်ဟုလဲကြားရသည်။

ရေရှည်ပိတ်ထားပါက အေအေ အဖွဲ့များ ရေငတ်၍ လက်နက်ချနိုင်သည်။ အချိန်ယူ၍ စနစ်တကျ တိုက်ပါက အေအေ အဖွဲ့ အုပ်စုလိုက်လက်နက်ချနိုင်ပါသည်။ ထွက်ပေါက်မရှိအောင် ဝိုင်းထားပါက ဘင်္ဂလားဒေ့ရှ်ဘက်ကလဲ စစ်ကူလာနိုင်ပါသည်။ အေအေ အဖွဲ့ ပိတ်မိရင် ထွက်ပေါက်ရအောင် ရဲစခန်းတွေကို ဝင်တိုက်တတ်တယ်။ မြို့တွေကိုမိုင်းခွဲတတ်တယ် သတိထားနေကျပါ။

ပြည်ထောင်စုကိုချစ်တဲ့ . .