ကယ်လီဖိုးနီးယား၊ ဇန်နဝါရီ ၂၇

နာမည်ကျော် အမေရိကန် ဘတ်စက်ဘောသမား Kobe Bryant မိသားစု စီးနင်းလိုက်ပါလာကြသည့် ရဟတ်ယာဉ် ပျက်ကျသဖြင့် ယာဉ်ပေါ်လိုက်စီးနင်းလာသူ ၉ ဦးသေဆုံကြောင်း ကနဦးသိရသည်။

အဆိုပါ ရဟတ်ယာဉ်ပေါ်ဝယ် Kobe Bryant၊ အသက် ၁၃ နှစ်အရွယ် သူ၏သမီး ဂီယာနာ၊ ဘေ့စ်ဘောနည်းပြ ဂျွန် အယ်လ်တိုဘယ်လီနှင့် သူ၏ ဇနီး ကာရီ၊ သမီး အလက်ဆာ နှင့် ဘက်စက်ဘောနည်းပြ ခရစ္စတီနာမော်ဆာ တို့ပါဝင်ကြပြီး သူတို့အားလုံးသေဆုံးခဲ့ကြသည်။

ဆီကောစကီး S-76 အမျိုးအစား ကိုယ်ပိုင် ရဟတ်ယာဉ်သည် ဆီးနှင်းထူထပ်သော လေထုထဲတွင် ကာလာဘာဆာတောင်တန်းတစ်နေရာနှင့် တိုက်မိကာ မီးလောင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။

ကနဦးသတင်းများအရ ရဟတ်ယာဉ်မှူးအပါအဝင် ရဟတ်ယာဉ်ပေါ်ပါဝင်သူ ၅ ဦးသေဆုံးကြောင်းသိရရာမှ၊ နောက်တွင် ၉ ဦးသေဆုံးကြောင်း ထပ်မံသတင်းရရှိသည်။