၀ူ ဟန်​မြို့မှာ ကိုရိုနာဗိုင်​းရပ်​အတွက်​ အသစ်​တည်​​ဆောက်​​နေတဲ့ ​ဟောဆန်​​ဆန်​း​ ​ဆေးရုံ အခြေအနေ

ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့အတွက် ဝူဟန်မြို့မှာ ကုတင် ၁၀၀၀ ဆံ့ ဆေးရုံသစ်ကြီးကို ခြောက်ရက်အတွင်း အပြီးတည်ဆောက်မယ်လို့ အာဏာပိုင်တွေက လွန်ခဲ့တစ်ပတ်ကကြေညာခဲ့ပါတယ်။ အခုဆိုရင်သူတို့ကြေညာခဲ့တဲ့အတိုင်းဘဲ ဆေးရုံကြီးဟာပြီးစီးလုနီးပါဖြစ်နေပြီး ဖွင့်လှစ်အသုံးပြုနိုင်တော့မယ်လို့ ဒေသခံမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ် ။

အခုတည်ဆောက်ထားတဲ့ ဆေးရုံဟာ ဝူဟန်မြို့ပြင် ရေကန်တစ်ခုနားမှာဖြစ်ပြီး ဆေးရုံဝင်းမှာ အလုပ်သမားတွေ အပန်းဖြေနိုင်အောင်ပါ ဝင်းခြံထည့်သွင်းတည်ဆောက်သွားမှာဖြစ်ပါတယ်။
ဒီဆေးရုံကိုအချိန်မှီပြီးစီးဖို့အတွက် ကျွမ်းကျင်အလုပ်သမား ၅၀၀ ကျော်က လုပ်ငန်းသုံးစက်ကြီး ၃၅ စင်းအပါအဝင် ဘူဒိုဇာအများအပြားနဲ့ ၂၄ နာရီမပြတ်တည်ဆောက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံဟာ ယခင်ကလဲ အထပ် ၃၀ မြင့်တဲ့ဟော်တစ်တစ်လုံးကို ၃ ရက်အတွင်းအပြီးတည်ဆောက်ပြခဲ့ဖူးတာဖြစ်ပါတယ် ။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁၃၂)ဦး ရှိပြီဖြစ်ကြောင်း တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင်က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကူးစက်ခံရသူဦးရေက ၆ထောင်းနီပါး (၅၉၇၄) ရှိပါတယ်။ သံသယလူနာ ၉ ထောင်ကျော်ကိုလည်း စစ်ဆေးစောင့်ကြည့်နေတယ်လို့ သိရပါတယ်။အခု ဗိုင်းရပ်စ်သစ်ဟာ အခုဆေးရုံတည်ဆောက်ထားတဲ့ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ကနေ ဒီဇင်ဘာ ၃၁ ရက်မှာ စတင်ပုံရပြီ အခုဆိုရင် ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ပြန့်နှံ့နေပြီဖြစ်ပါတယ်။

အစိုးရကတော့ ၀ူဟန်မြို့တစ်ခုလုံးကိုချိပ်ပိတ်ထားပြီး အဝင်အထွက်အားလုံးကိုထိန်းချုပ်ထားပါတယ်.။ ဒါပေမယ့် ဂျပန်နဲ့အမေရိကန်နိုင်ငံတွေကတော့ ဒီမြို့ထဲမှာပိတ်မိနေတဲ့သူတို့နိုင်ငံသားတွေကို အထူးလေယာဉ်တွေနဲ့လာရောက်ခေါ်ထုတ်နေကြပါတယ်။