။။။နေ့တစ်နေ့။။။။ –မနက်—
===★====
“ရှိရင်းဘယ်လောက်…တန်းစီဘယ်လောက်..ပျက်ကွက်(၂)ယောက်”

“ဘာဖြစ်တာလည်း ၂ယောက်က😗” “ရိပ်သာမှာ ရန်ဖြစ်လို့ ညက အချုပ်ထဲ ထည့်ထားတာပါခင်ဗျ””ပြီးရင် ရုံးတင်ဖို့ လုပ်ဗျာ😠”

“ဗိုလ်ကြီး … ဝန်ထမ်းဘယ်နေရာ ခိုင်းရမလဲဗျ🌾🍂🌵🍃””ဟိုအဖွဲ့က .. ဟိုနေရာ….🔪✂👆👀👇👈👉 ဒီအဖွဲ့က…ဒီနေရာခိုင်းဗျာ..ပုတ်ပြတ်ပေး”

“ဗိုလ်ကြီး ဝက်ခြံမှာ ညက ဝက်နှစ်ကောင် ခြံကျော်ပြီးလွတ်သွားတယ်🐷🐷🐷” “အာ..ဒေါင်းစားးတပည့်..ရဲစခန်းမှာအမှုသွားဖွင့်…
မသာ….ရအောင် လိုက်ရှာ…တွေ့ရင် ပြန်သတင်းပို့😠😠😠”

“ဗိုလ်ကြီး ဆိတ်နှစ်ကောင်🐐🐐 ဘောက်ဖတ်စားမိလို့ သေပီခင်ဗျ” “ဟေ..နောက်တစ်ခါ ဆိတ်မစားခင် မင်းအရင်စားကြည့် သိလား…. ပေါ်ပြီး လူပျိုလိုင်းနဲ့အိမ်ထောင်သည်လိုင်း ဝေလိုက်ကွာ..ဟူးးး😠😠😠”

“ဗိုလ်ကြီး ဥစားကြက်တွေ ဥနှုန်း🐓🐓🐓🐓🐓 ကျသွားတယ်ခင်ဗျ””ဖင်ထဲက လိုက်နှိုက်ထုတ်ကွာ…လခွီးပဲ…ဥတိုးဆေးကျွေး..အစာနဲ့ရေ ပုံမှန်ကျွေး..မရရင် ကုမ္ပဏီကို ငါမေးပေးမယ်..
ပြန်သတင်းပို့ကွာ😖”

“ဗိုလ်ကြီး နွေစပါးဘယ်အကွက်🌾🌾🌾🌾🌾 စစိုက်ရမလဲဗျ” “တွေ့တဲ့အကွက်သာ ပိတ်စိုက်ပစ်..ပေါက်ဖို့လိုတယ်..ပြန် သတင်းပို့”

“ဗိုလ်ကြီး ရိက္ခာထုတ်သွားမလို့ ဝါးတီးကဒ် လက်မှတ်ထိုးပေးပါအုံး” “အေး..လာဗျာ..ရော့ကွာ..ရော့ကွာ..ရောက်ရင်သတင်းလာပို့😕😕😕”

“ဗိုလ်ကြီး ငှက်ဖျားလူနာဆေးရုံပို့ရမယ်ခင်ဗျ..ဗိုက်ကြီးသည် နှစ်ယောက်ပါ ပါမယ်ခင်ဗျ””ရိက္ခာထုတ်ကား နဲ့ တစ်ခါတည်း လိုက်ပီးပြ…နောက်တစ်ခါ ဗိုက်မပူစေနဲ့ တစ်ခါတည်းပြောလိုက် MA ကြီး….ဟုတ်တယ်….”

“ဗိုလ်ကြီး A4 ရော လီဂယ်ရောကုန်နေပီ..ပရင်တာလည်း ဆေးမရှိတော့ဘူး””နေဦး စာရေးကရိယာဆိုင်က တရုတ်မကြီး ကျုပ်ယူထားလိုက်မယ်…😠😠😠ရုံးအကူ လွှတ် ဝယ်ခိုင်းဗျာ…
ဒီမှာ ပိုက်ဆံ..ရော့..ရော့…ဟူးးး😧😧😧”

“ဗိုလ်ကြီး””အောင်မလေးးးးး😦😦😦””ပြန်တမ်းတွေ လက်မှတ်ထိုးပေးပါအုံး…ရန်ပုံငွေနဲ့ ဆောင်ငွေတွေလည်း ချုပ်ရအုံးမယ်””အေးးးယူခဲ့ဗျာ…ရော့ဟာ😠…အင်းးဟာ…😠”

—နေ့လည်–
====★====

“တပည့် ဟင်းတွေကငန်လိုက်တာကွာ””ဟုတ်…အချိုမှုန်နဲ့ မှားထည့်မိလို့ ခင်ဗျ…အေးပါကွားး😖😖😖”

“ဗိုလ်ကြီး နေပူတော့ အသားတိုးကြက်တွေ သေကုန်ပီဗျ””သင်္ကြန် ကျသလိုသာ ရေဖြန်ပေးဗျာ..ထူးရင် သတင်းပို့😖😖😖”

“ဗိုလ်ကြီး အိမ်ထောင်သည်လိုင်းဘက်က ရေမလာဘူးဗျ””GE က ရေမီးအဖွဲ့တွေ အခုလိုက်ကြည့်ခိုင်း …ပြီးရင် ပြန်သတင်းပို့😖😖😖”

“မနက်ဖြန် လပြည့် ဓမ္မာစင်္ကြာရွတ်ဖို့ရှိတယ် ဗိုလ်ကြီး””လိုင်းထဲက ရဲမေတွေ လိုက်အော်ပြော..ကလေးခေါ်မလာစေနဲ့..ယောဂီဝတ်စုံ အကုန်ဝတ်လာခိုင်း….ပြီးရင် ပြန်သတင်းပို့ 😖😖😖”

–ညနေ—

“ဗိုလ်ကြီး … ဘောလုံးကန်ဖို ဘောလုံးကပေါက်နေပီခင်ဗျ””ကိုယ့် ဘောသာ ကိုယ် ဖြုတ်ကန်ကြကွာ…ရော့..ရော့..သွားဝယ်..ဟူးး😖😖😖”

“ကင်း တန်းစီမယ့်နှစ်ကောင် နောက်ကျနေတယ်ဗိုလ်ကြီး””တာဝန်မှူး လိုက်ခေါ်ခိုင်း…စုံရင် လာသတင်းပို့ဗျာ…😖😖😖”

ဗိုလ်ကြီး …လိုင်းထဲမှာ ရဲမေနှစ်ယောက် ဘူးသီးလုရင်း ရန်ဖြစ်နေပီခင်ဗျ””အေးးRP ကို အရင်သွားပြော..ပြီးရင် ငါလာခဲ့ပါ့မယ်ကွာ..နပန်းလုံးခိုင်းလိုက်ကွာ…နိုင်တဲ့သူ ဘူးသီးပေးလိုက်…လခြီးးပဲ..😖😖😖”

“ဗိုလ်ကြီး စစ်ခရာအသံမကောင်းတော့ဘူးဗျ..တိုက်ချင်လို့ အာမီရမ်လေး””တပ်ထောက်စတိုမှာ သွားထုတ်…ခရာလည်းတိုက်အုံး …လူပဲလှိမ့်သောက်မနေနဲ့..ကြားလား😠😠😠”

—ည–
==★===
“ဗိုလ်ကြီး လူပျိုလိုင်းက စကိုင်းနက်ကဒ်ကုန်နေပီဗျ…📡📡📡ပရီးမီးယားလိဒ်ပွဲတွေတော့ လွတ်ပါပြီဗျာ😖””အေးပါ တပည့်တို့ရာ..ငါ ကန်ပြပါ့မယ်..မနက် ထည့်ပေးပါ့မယ်..ဟူးး😖😖😖”

“ဗိုလ်ကြီး””ဟေ😳””ကျွန်မ ..ဒီကောင်နဲ့ မပေါင်းနိုင်တော့ဘူး…😪😪😪ညညဆို မူးမူးပြီးတော့..အ..ဟီးးဟီးး လူလိုမလုပ်ဘူးးး ဟီးးးဟီးးးး😥😥😥”
“ဟဲ့.. နင့် … ဘာတွေလုပ်လို့လဲ😳😳😳””ကျောကုန်းကို တတောင်နဲ့ထောင်းတယ် ပြောတာပါ😥😥😥””အာ…မပေါင်းချင်ရင် ငှက်ပျောတုန်းသာခုတ်ပေါင်း…သွား..ရအောင်ပေါင်း😠😠😠”

“ကင်းလူစုံလားဟေ့” “ဟုတ်,စုံပါတယ်ခင်ဗျ””ဘာထူးသေးလည်း””ခြင်ကိုက်တယ် ခင်ဗျ””မသာ..ယပ်တော် လာသွင်းပေးရအုံးမလား…နနွင်းမှိုင်းတိုက်…ခြင်ထောင် သေချာထောင် အိပ်..ဟူးးး😠😠😠”

ဗိုလ်ကြီး မနက်ဖြန် စစ်ထွက်နဲ့ တန်းစီရမယ်ခင်ဗျ””အကုန်သိအောင် လိုက်ပြောဗျာ..မကျန်စေနဲ့…ခုတောင် ညတစ်နာရီ…ညွှန်ကြားချက်ကို ဖြစ်အောင်လုပ်ရမှာက ကျုပ်တို့တာဝန်ပဲ….ပြန်သတင်းပို့😖😖😖”

“တာဝန်မှူး လူစုံရင်….,သတင်းပို့………””ကင်းမှူး လူစုံရင်…..သတင်းပို့…….””ဟိုဟာ…….သတင်းပို့………….””ဒီဟာ……..သတင်းပို့……………””သတင်းပို့……….သတင်းပို့……….သတင်းပို့……….””မနက်ဖြန်…….မနက်ဖြန်………….မနက်ဖြန်….zzzzzzzz😴😴😴😴😴”

••••••••••••••••••••••••••••••••••••••
“ကလင်~🔊🔊🔊~~~~~ကလင်~~🔊🔊🔊~~~~~ကလင်~🔊🔊🔊~~~~~~~”📞🔉🔊🔊🔊
“ဟဲ့….ပလုတ်တုတ်….😳😳😳😳”

“ဟဲလို😳😳😳””နင်ငါ့ကို ဘာလို့ တစ်နေကုန် ဖုန်းမဆက်တာလဲ”

“😖”
“ရည်းစားတစ်ယောက် ရှိသေးတယ် ဆိုတာရော သတိရသေးလား”
“😖😖”
“နင် ငါ့ကို ဘယ်လို မိန်းမမှတ်နေလို့လည်း”
“😖😖😖”
“နင်က ဘာတွေ ဒီလောက်လုပ်နေရလို ့ ဖုန်းမဆက်နိုင်ရတာလဲ”
“😖😖😖😖”
“သူများတွေဆို ၅ မိနစ်ခြား တစ်ခါလောက် ခေါ်နေတာ”
“😖😖😖😖😖😖😖😖😖”
👩👹🔥👊@#$&✊$$€^¥€£👊🔥©¥÷×±🔥✊~±÷±~~±👊🔥×✊
“နင်နဲ့ ငါနဲ့ ….. ခုချိန်က စ ပြတ်ပီ🔥👊✊💀💀💀💀💀💀💀💀”
“အေးးးး ပြတ်ရင်လည်း သတင်းတော့ ပို့ဟာ….😁နင့် အရင်က ၃ယောက်လည်း အာ့လိုနဲ့ ပြတ်တာပဲ….😜😜😜””ဘာ!!!!!!!”😳😠😳😳😠😳”

Credit
#ခြေလျင်စစ်သည်

မြန်​မာ့စီးပွား​ရေးဘဏ်​ကို သွား​နေရတာကလဲ
အဆိုးထဲက အဆိုးပါပဲဗျာ