နေပြည်တော်တွင် ယနေ့ ကျင်းပသော ရဲတပ်ဖွဲ့၏ ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် အများစုက လျှို့ဝှက်ထးာသော လိင်အကြမ်းဖက်မှု ကျူးလွန်ခံရသည့် ဗစ်တိုးရီးယားအမည်၊ မိဘအမည်များကို ရဲမှူးချုပ် စိုးနိုင်ဦးနှင့် ရဲမှူးကြီးသာထွန်းတို့က ထုတ်ဖော်ပြောဆိုသွားသည်။

သတင်းမီဒီယာအများစုအပါအဝင် တရားရုံးကပါ မိသားစု၏ အရှက်နှင့် ပြုကျင့်ခံခဲ့ရသော ဗစ်တိုရီးယားကလေးငယ်၏ ဘဝ အနာဂတ်အတွက် ယင်းတို့၏ အမည်များကို ဖော်ပြခြင်းမပြုခဲ့သော်လည်း ယနေ့ ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့၏ အမည်များကို ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။

ရဲမှူးချုပ်စိုးနိုင်ဦး က ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ဖွင့်ပွဲတွင် တရားလိုအဖြစ် ကလေးမိခင်အမည်နှင့် ၎င်း၏ သမီးဖြစ်သူ အမည်ကို တရားဝင် မီဒီယာများအပါအဝင် ပြည်သူအားလုံးသို့ ရဲဇာနည် Facebook စာမျက်နှာမှ Live လွှင့်၍ ပြောဆိုသွားခြင်ဖြစ်သည်။

အလားတူ ရဲမှူးကြီးသာထွန်းကလည်း ဗစ်တိုးရီးယားကလေးငယ်၏ ဖခင်ဖြစ်သူ အမည်ကို ထုတ်ဖော်ပြောဆိုသွားသည်။

“ကလေးမလေးဆီက သိမ်းခဲ့တဲ့ ဘောင်းဘီမှာလည်း ယောကျာ်းသုတ်ရည်တွေ့ပါတယ်။ နောက်တစ်ခါ မသင်္ကာသူအောင်ကြီး ဘောင်းဘီမှာလည်း ယောကျာ်း သုတ်ရည်တွေ့ပါတယ်။ အဲတာတွေက သက်မဲ့အထောက်အထားဖြစ်ပါတယ်။ နောက်တစ်ချက်က ကလေးမလေးအဖေဖြစ်တဲ့ ဦး————– ကျွန်တော်တို့ကို ဒီကလေးမလေးအလိုအလျောက် CCTV ကိုပြတဲ့ ဗီဒီယိုဖိုင်ကိုကျွန်တော်တို့ကိုလာအပ်ပါတယ်” ဟု ရဲမှူးကြီးသာထွန်းကပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုသော်လည်း ဗစ်တိုရီးယား ကလေးငယ်၏ အမည်နှင့် မိဘအမည်များကို ဖော်ပြမည်မဟုတ်ပေ။

ယနေ့ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောင်ကြီးကို လွှတ်ပေးလိုက်မှုသည် စောလွန်းနေပြီး သက်သေ အကုန်မစစ်သေးဘဲ လွှတ်လိုက်မှုအပေါ် ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

Credit: Khit Thit Media