ဒီနေ့ လက်ဘက် ရည်ဆိုင်မှာ အသိလူတစ်ယောက်နဲ့ စကားပြောနေတုန်း ဘေးနား စစ်ကားတစ်စီးဖြတ်အသွား အဲဒီလူကပြောတယ် စစ်သားဆို ကြည့်လို့ကို မရဘူးတဲ့…
ကျနော့်စိတ်ထဲက သိချင်စိတ်ကြောင့် အကို ဘာကြောင့်စစ်တပ်ကို မုန်းတာလဲ အကြောင်းပြချက်လေးပေးပေးပါလားဆိုတော့ အကြောင်းပြချက်မရှိပဲနဲ့ မုန်းတာဆိုပဲ..အဲ့မှာ ကျနော်မေးကြည့်တယ် အကို့အပေါ် စစ်တပ်က အနိုင်ကျင့်ဘူးလား ဆိုတော့..မကျင့်ဘူးတဲ့..ဒါဆို အကို့ မိသားအပေါ် အနိုင်ကျင့်ဘူးလား ဆိုတော့လဲ မကျင့်ဘူးတဲ့.ဒါဆို အကို က စစ်တပ်ကို ဘာလို့မုန်းတာလဲ ဆိုတော့ သူက… စစ်အာဏာရှင်ကြောင့် ငါတို့ တိုင်းပြည်မွဲတာတဲ့ စစ်တပ်ဆိုအားလုံးမုန်းတယ် ဒါကြောင့် ငါလဲမုန်းတယ်တဲ့..သူများမုန်းတာနဲ့ အကိုက လိုက်ပြီး မုန်းတယ်ပေါ့ အာ့လိုလား .အကိုမိသားစု ကို သူများမုန်းနေရင်လည်း အကိုက လိုက်ပြီးမုန်းမှာပဲလားဆိုတော့ သူတွေဝေနေတယ် ..

ကျနော်ဆက်ပြီး ပြောပြတယ်..အကိုသိအောင်ကျနော် ပြမယ်ဆိုပြီး ကျနော်ခေါင်းက တစ်လက်မလောက်ဒဏ်ရာဟောင်းကို ပြလိုက်တယ် ဒီဒဏ်ရာက စစ်တပ်က သေနတ်ဒင်နဲ့ ထုထားလို့ရတဲ့ သေရာပါ ဒက်ရာပါ အကိုလိုဆို ကျနော်က စစ်တပ်ကို ပိုပြီး မုန်းသင့်တာပေါ့.

ဟုတ်တယ် ကျနော် စစ်အာဏာရှင်စနစ်ကို မုန်းတယ် ဒါပေမဲ့ စစ်တပ်ကို မမုန်းဘူး လူ နဲ့ မူ ကို ခွဲခြားတတ်ဖို့လိုတယ် ယနေ့တပ်မတော်ဟာ အကိုတို့မုန်းတဲ့ အာဏာရှင် တပ်မတော် မဟုတ်ဘူး ပြည်သူနဲ့ တစ်သားကျဖို့ကြိုးစားတည်ဆောက် ပြုပြင်ပြောင်းလဲနေတဲ့ ဒီမိုကရေစီ တပ်မတော်ဖြစ်တယ် ရေဘေး လေဘေး မီးဘေး အန္တရာယ် အမျိုးမျိုး ကိုကူညီနေတာတွေသိနေမြင်နေတာပဲလေ ဒါကိုလက်ခံရမယ် သားသမီးတစ်ယောက်ဆိုးပေတေနေတာကိ နောင်တရလို့ ပြုပြင်ပြောင်လဲပြီး မိဘနဲ့အတူနေဖို့ကြိုးစားနေတာကို မိဘလုပ်သူက မင်းက တစ်ချိန်က လူဆိုးပဲ လူမိုက် စတဲ့ နောက်ကြောင်းပြန် ပုတ်ခက်နေမယ်ဆိုရင် ဒါဟာ သားသမီးအပြစ်မဟုတ်တော့ဘူး မိဘ အပြစ်သာဖြစ်တယ် အကိုလိုပဲ အချို့စစ်တပ်ကိုမုန်းနေသူတွေဟာလဲ ဘာအကြောင်းပြချက်မှမရှိကြဘူး သူများမုန်းလို့ မုန်းတယ် သူများချစ်လို့ချစ်တယ်ဆိုရင် အကို့မှာ ကိုယ်ပိုင်အတွေးခေါ်မရှိတော့ဘူးလေ ..

နောက်ဆုံးပြောချင်တာက နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်က အရမ်းအရေးပါတယ် နိုင်ငံအင်အားကို စစ်အင်အားနဲ့ တိုင်းတာနေတဲ့ခေတ်မှာ ခင်ဗျားတို့ကျနော်တို့ မလုပ်နိုင်တဲ့ လစာ ၁၃၀၀၀၀ အပြင်အလုပ်မလုပ်ရ မိသားစုမျှသုံးနေရတဲ့ စစ်သားအလုပ်ကို အကြောင်းပြချက်မရှိမုန်းတီးနေမဲ့အစား နားလည်နိုင်အောင် ကြိုးစားကြည့်ပြီး နိုင်ငံတော်အတွက် စည်းလုံးဖို့တည်ဆောက်ကြည့်ပါလား..ဒါဆို ကျနော်တို့နိုင်ငံစည်းလုံးပြီ စည်းလုံးရင် ဘယ် နိုင်မှမစော်ကားရဲတော့ဘူးဗျ ။

Credit ,ရေးသားသူ : နေသမိုင်း