ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းနှင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် အတွင်းဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်သော လမ်းများပေါ်ပေါက်လာစေရေးအတွက် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ ဖြင့် လမ်းဖောက်လုပ်ပြုပြင်ခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး တပ်မတော်စစ်ကြောင်းများကလည်း လိုအပ်သည့်လုံခြံုရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အင်ဂျင်နီယာတပ်ဖွဲ့ ၀င်များနှင့် လုံခြံုရေး တပ်ဖွဲ့ဝင်များအတွက် လိုအပ်သောစားနပ်ရိက္ခာများ သွားရောက်ပို့ဆောင်သည့် တပ်မတော်ယာဉ်တန်းကို ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မူသဲကျေးရွာ၏ အရှေ့ဘက် မီတာ ၈၀၀၀ ခန့်အကွာ၌ ကေအန်ယူ အဖွဲ့က ဒေသန္တရကားမိုင်း ၁ လုံးဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့သည်။ ထိုသို့ မိုင်း ထောင်ဖောက်ခွဲ ခြင်းကြောင့် မော်တော်ယာဉ် ၁ စီးနှင့် ဆန်အိတ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့် နယ်မြေများအတွင်း ဒေသဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး တို့သည်၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး မည်သို့ပင်အမြင်ကွာဟ မှုများ၊ အခြေအနေကွာဟမှုများရှိနေသည်ဖြစ်စေ မိမိတို့လုပ်ဖော်ကိုင်ဖက်များအဖြစ်သဘော ထားပြီး တိုင်းပြည်ငြိမ်း ချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ရမည့်အခြေအနေများ၊ ငြိမ်းချမ်းရေးမြန်မြန်ဆန်ဆန်ရရှိပါက တိုင်းပြည် အတွက်အကျိုးရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်နိုင်မည့်အခြေအနေများ၊ ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပမ်းဆက်သွယ်မှုကောင်းမွန်စေရေးတို့အတွက် တပ်မတော်က စစ်ရေး ရည်မှန်းချက်မပါဘဲ လမ်းကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများစသည့်ကိစ္စရပ်များအပါအဝင် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည့်ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် ကျောက်ကြီးမြို့၌ အောက်ခြေအဆင့် ဆွေးနွေးညှိနှိုင်းမှုများ စုစုပေါင်း ၂ ကြိမ်ပြုလုပ်ခဲ့ပြီး တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန်သတင်းဖလှယ်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ဆွေးနွေးပွဲသို့ တပ်မတော်မှ နယ်မြေခံတပ်နယ်များမှတာဝန်ရှိ သူများ ကေအန်ယူ အဖွဲ့ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၅) တို့မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယင်းသို့ဆွေးနွေးမှုများဆောင်ရွက်ပြီးစီးထားသော်လည်း ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်းလမ်းပြင်ဆင်/ထိန်းသိမ်းခြင်းများစတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၉ခုနှစ်နိုဝင်ဘာလ ၁၁ ရက်နေ့မှ ယနေ့အထိ ကျောက်ကြီးမြို့နယ် နှင့် ဖာပွန်မြို့နယ်အတွင်း လုံခြံုရေးတပ်ဖွဲ့ဝင်များအတွက်အုပ်ချုပ်မှုလုပ်ငန်းများ နှင့် စားနပ်ရိက္ခာပို့ဆောင်သည့် ယာဉ်တန်းများအား ကေအန်ယူ အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်မှု ၃ ကြိမ်၊ ထိတွေ့တိုက်ခိုက်မှု ၆ ကြိမ်၊ မိုင်းနင်း/မိုင်းကွဲမှု ၆ ကြိမ်ရှိသည့်အပြင် လုံခြံုရေး တပ်ဖွဲ့ ၀င်များကဒေသန္တရမိုင်းများဖော်ထုတ်သိမ်းဆည်းနိုင်မှု ၈ ကြိမ်ရှိခဲ့ကြောင်းသိရှိရသည်။

ထိုသို့ ကေအန်ယူ အဖွဲ့၏မိုင်းထောင်ဖောက်ခွဲမှုများကိုသက်ဆိုင်ရာပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည်ရေးကော်မတီ (JMC) နှင့် ပဲခူးတိုင်းဒေသ ကြီးအစိုးရ အဖွဲ့
လုံခြံုရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှတစ်ဆင့် ကေအန်ယူ ဗဟိုသို့ သတိပေးကန့်ကွက်စာများပေးပို့ထားပြီးဖြစ်သည်။တပ်မတော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လိုအပ်သည့်လုံခြံုရေးလုပ်ငန်းများ နှင့်နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။