ဂျ ပန်ဘီလီယံနာ ယူဆာကူမာဇဝါနဲ့အတူ လကမ္ဘာကို ခရီးထွက်မယ့် ချစ်သူကောင်မလေးနေရာ အတွက် ၀င်ရောက်လျှောက်ထားသူပေါင်း ၂၀၀၀၀ ကျော်ရှိလာခဲ့ပြီလို့ အွန်လိုင်းရုပ်သံဌာန AbemaTV က ကြာသပတေးနေ့ (2020 ဇန်နဝါရီလ ) မှာ ဖော်ပြပါတယ်။

Elon Musk ရဲ့ SpaceX ကုမ္ပဏီ ပထမဆုံး ပုဂ္ဂလိက ခရီးသည်ဖြစ်လာမယ့် မာဇဝါဟာ အမေရိကန် ဒေါ်လာ ၉ သန်းသုံးကာ လူမှုမီဒီယာမှာ buzz လုပ်ထားခဲ့ပြီး follower တွေ တိုးပွားလာမှုနဲ့အတူ ဂျပန်ရဲ့ လူသိအများဆုံး တွစ်တာအကောင့်ပိုင်ရှင်အဖြစ် နေရာယူထားခဲ့ပါတယ်။

ချစ်သူကောင်မလေး ရွေးချယ်ပွဲအတွက် လျှောက်လွှာခေါ်ယူမှု ၀က်ဘ်ဆိုက်မှာ ၀င်ရောက်ခွင့်ရမယ့် သူတွေဟာ မာဇဝါနဲ့ သဟဇာတ ဖြစ်မှု ရှိ မရှိဆိုတဲ့ “ချစ်ခြင်းမေတ္တာဆိုင်ရာ စမ်းသပ်မှု”လည်း ယခုအခါ ပါ၀င်လာပါတယ်။“တကယ်လို့ သင် ကိုယ်ပိုင်လေယာဉ်တစ်စီးပေါ်ရောက်နေရင် ဘယ်ကိုသွားမလဲ” နဲ့ “ တကယ်လို့ မာဇဝါ က သင့်ရှေ့မှာရှိနေရင် သင်ဘာပြောမလဲ” စတဲ့ စိတ်ကြိုက်ရွေးချယ်ရမယ့် မေးခွန်းတွေလည်း ဖြေရမှာဖြစ်ပြီး လျှောက်ထားသူတွေ ဖြေထားတဲ့ အဖြေပေါ်မူတည်ပြီး အမှတ်ပေးမှာဖြစ်ပါတယ်။

လူရွေးချယ်ပွဲကို Abema TV နဲ့ TV Asahi တို့မှာ ထုတ်လွှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။