အရှေ့အလယ်ပိုင်းတွင်တည်ရှိသော အစ္စရေး နိုင်ငံသည် ဘေးပတ်ဝန်းကျင်တွင် ရန်သူနိုင်ငံများ ၀န်းရံနေသည့် နိုင်ငံတစ်ခုဖြစ်သည်။ အစ္စရေးတို့အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသတွင် ပါလက်စတိုင်းစစ်သွေးကြွများ မှ ခိုးဝင်နေသည့် ပြဿနာအား အမြဲလိုလိုပင် ရင်ဆိုင်နေရသည်။

ထိုပြဿနာများကို ဖြေရှင်းရန်အတွက် အစ္စရေးတို့သည် ကီလိုမီတာ ၆၀ ရှိသည့် နယ်စပ်နေရာများတွင် နယ်စပ်ဖြတ်ကျော်သူများအတွက် အလိုအလျှောက်လူသတ်ကွင်းများကို အသုံးပြုခဲ့ကြသည်။ RCWS လက်နက်စနစ်တပ် စက်သေနတ်များ၊ လျှပ်စစ်ခြံစည်းရိုးများ၊ မြေပေါ်အာရုံခံကိရိယာများ၊ မောင်းသူမဲ့လေယာဉ်များဖြင့် ချိတ်ဆက်ဆောင်ရွက်ထားသော စောင့်ကြည့်လေ့လာရေးကင်းစခန်းများဖြစ် ပါသည်။

ဂါဇာကမ်းမြှောင်နယ်စပ်ဒေသရှိ မြေခွေးကျင်းမြောက်များစွာတွင် ဒဿမ ၅ လက်မစက်သေနတ်များအား ရှေးဦးစွာ တပ်ဆင်ခဲ့ကြသည်။ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နိုင်သော အဆိုပါ စက်သေနတ်ဆုံလည်များအား ထိန်းချုပ်နိုင်ရန်အတွက် ဖိုက်ဘာဆက်ကြောင်းများအား ကွန်ယက်စနစ်ဖြင့် ချိတ်ဆက်စေသည်။ မြေခွေးကျင်းများအား ထိန်းချုပ်ရေးစင်တာများမှာ တစ်ဆင့်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

စက်သေနတ်တပ်ဆင်ထားသော အဝေးထိန်းဆုံလည်စနစ်တွင် လက်ဖြောင့်သေနတ်များလည်း တပ်ဆင်ပေး ထားပြီး မီတာ ၁၅၀၀ အကွာအဝေးကို ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။ Jane’s Defense Weekly စာစောင်၏အဆိုအရ မြေခွေးကျင်းများသည် မီတာရာပေါင်းအနည်းငယ်အကွာတွင် အသီးသီးရှိနေကြ မည်ဖြစ်သည်။

အသုံးပြုသောလက်နက်စနစ်မှာ Samson Remote Control Weapon Station ဖြစ်ပြီး သံချပ်ကာအကာအကွယ်များ၏ အောက်တွင် တပ်ဆင်ပေးထားခြင်းဖြစ်သည်။ အစ္စရေးတို့တပ်ဆင်ထားသော အာရုံခံကိရိယာမှ အချက်ပေးမှုတစ်စုံတစ်ရာကို လက်ခံရရှိခဲ့ပါက တာဝန်ရှိသူအနေဖြင့် ၎င်းအားတပ်ဆင်ပေး ထားသော Electro Optic Device (Day/Night Sensor package) များအား အသုံးပြု၍ ပစ်မှတ်အား ခွဲခြားအတည်ပြုပေး မည်ဖြစ်သည်။

ထိုပစ်မှတ်ကို အတည်ပြုပစ်ခတ်နိုင်ရန်အတွက် ထိုပတ်ဝန်းကျင်ရှိ မြေခွေးကျင်း ပေါင်း ၁၅ ခုခန့်မှ တာဝန်ထမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။ အပြန်အလှန် အထောက်အကူပြုစေနိုင်ရန် ပြုလုပ်ပေးထားသည်။ အကယ်၍ မြေခွေးကျင်းရှိ အစောင့်စနစ်တစ်ခု အလုပ်မလုပ် ချိန်တွင်လည်း ကျန် မြေခွေးကျင်း ၁၄ ခုမှ ၎င်းတို့၏ မူလတာဝန်အားဆက်လက် ထမ်းဆောင်သွားနိုင်မည် ဖြစ်သည်။ ပတ်လည်ပိတ်ထားသောစနစ် (Close loop) ဖြစ်သည်။

မည်သည့် အသက်အန္တရာယ်အတွက် စွန့်စားစွန့်လွှတ်မှုကိုမျှ ပြုလုပ်ရန်မလိုသော အသက် ၁၉၊ ၂၀ ၀န်းကျင် ခပ်ပျော့ပျော့ စစ်သည်တစ်ဦးက ကွန်ပျူတာနောက်မှ ယခုစောင့်ကြပ်ကြည့်ရှု့များအား ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တပ်ခွဲမှူး (သို့) အမိန့်ပေးနိုင်သော အခွင့်အာဏာရှိသူမှ ပစ်မိန့်ကို ပေးလိုက်သည်နှင့် ကွန်ပျူတာမောက်စ့်ကလစ်တစ်ချက်နှင့် မိမိနိုင်ငံကို ကျူးကျော်ဝင်ရောက်လာသည့် လူ့အောက်တန်းစား များကို ပစ်ခတ်သတ်ဖြတ်သွားနိုင်မည်ဖြစ်သည်။ ခြေလျင်တပ်ဖွဲ့များ အား ခိုးဝင်သူများမှ ချုံခိုတိုက်ခိုက်မည့်ပြဿနာများကို လျော့နည်းသွားစေသည်။

အမေရိကန်ဒေါ်လာ ၄ သန်းခန့် သာ တန်ဖိုးကျသင့်မည့် အဆိုပါ စီမံကိန်းသည် ၂၀၀၇ ခုနှစ် နွေရာသီအကုန်တွင် ပြီးစီးခဲ့ပီးဖြစ်ပါသည်။ ထိုကင်းစခန်းများအားလုံးသည် အစ္စရေးတပ်မတော်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အုပ်ချုပ်မှုအောက်တွင် ထားရှိမည်ဖြစ်သည်။

အချို့သော ပြဿနာများလည်း ရှိနေပြီး အဓိကမှာ ရန်သူတို့၏ အီလက်ထရောနစ်စစ်ဆင်ရေးကို ကျော်လွှားနိုင်ပါ့မည်လားဟူသော မေးခွန်းတစ်ရပ်ပင်ဖြစ်သည်။ ထိတွေ့မှုစည်းကမ်းများအရ (Law of Engagement) လက်ဘနွန်နယ်စပ်ရှိ အစ္စရေးစစ်သည်များသည် ဟစ်စဘိုလာပြောက်ကျားများနှင့် ထိတွေ့မှု ဖြစ်လျှင်ဖြစ်ခြင်း/ ဖြစ်မှသာ ပစ်ခတ်ပိုင်ခွင့်ရရှိထားသည်။ သို့သော် ဂါဇာဘက်အခြမ်းတွင်မှု ပိုမိုရန်လိုသော အနေအထားကို အစ္စရေးတို့မှ ဖန်တီးထားရပေသည်။ လူ့အခွင့်အရေးသည် အမျိုးသားအကျိုးစီးပွားနှင့် ပတ်သက်လာလျှင် ဒုတိယဦးစားပေးသာဖြစ်ပေတော့သည်။

အစ္စရေးတို့အတွက် လူ့အခွင့်အရေးဆိုသည်မှာ ထိုကဲ့သို့ပြတ်သားသော စီမံချက်များကြောင့် ယနေ့ထက်ထိ ရန်သူ့နိုင်ငံများအလယ်တွင် မာနတလူလူဖြင့်နေထိုင်နိုင်ဖြင်းဖြစ်ပေသည်။ ဂါဇာကမ်းမြှောင်ဒေသရှိ ခြံစည်းရိုးများတွင် ကင်းလှည့်နေစဉ် လိုဏ်ခေါင်းတူး၍ဝင်လာသော ပါလက်စတိုင်းပြောက်ကျားတို့၏ ပြန်ပေးဆွဲခြင်းခံရသော အစ္စရေးစစ်သည်များ၏ အသက်ကိုစတေးရခြင်းနှင့် ယှဉ်လျှင် ခိုးဝင်လာသူများအား သတ်ပစ်ခြင်းသာ ပြဿနာကိုဖြေရှင်းခြင်းဖြစ်ပေတော့သည်။

Samson Remote Control Weapon Station တွင် တပ်ဆင်မည့် လက်နက်စနစ်မှာ Samson – RCWS 30 ဖြစ်ပြီး မူလ RCWS မှအမျိုးးအစား ၃ မျိုးထွက်ရှိထားသည်။ အချက်အလက်များမှ အောက်ပါအတိုင်းဖြစ်သည်-

Foldable for air transport (Patent Pending)
Stabilized for firing on the move (LOS – stabilization)
Day and night operation
Optical Auto-Tracker
Full solution fire control
Slaving to any external director
Operation redundancy
(gunner and/or commander)
Built-in Test (BIT)
Multi-purpose SPIKE guided missiles (Optional)
Smoke grenade launcher (Optional)
Embedded Trainer (Optional)

ဆန်စမ်မီနီတွင် တပ်ဆင်နိုင်သော်လက်နက်များမှာ 5.56mm SAW and LMG, 7.62 mm GPMG and Gatling gun, 12.7 mm HMG, 14.5 mm, 40 mm AGL, ATGM launcher, ASM, အခြားသော ကိရိယာများနှင့်စနစ်များမှာလည်း အောက်ပါအတိုင်းဖြစ်သည်-
– a ballistics-protected multi-sensor Sight Pod, with an optional mechanism for super elevation ballistic angle calculations
(မိမိနိုင်ငံရဲ့ အနောက်စည်းရိုးမှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ အလားသဏ္ဍန်တူသော နိုင်ငံမှာ ခိုးဝင်သူများကို ဖြေရှင်းရာမှာ လူ့အခွင့်အရေးမရှိတာကို ထောက်ပြထားတဲ့ ဒီသတင်းကို သဘောကျလို့ ဘာသာပြန်သည် FG)

ကိုးကားသတင်း

Robo-Snipers, “Auto Killing Zones “ to protect Israeli Borders