ရုရှား၏နျူကလီးယားစွမ်းအင်သုံးမဟုတ်သည့် သမားရိုးကျလောင်စာစွမ်းအင်သုံး စစ်သင်္ဘောကြီးတွေထဲမှာ အကြီးမားဆုံးအဖြစ်မှတ်တမ်းဝင်နေသည့် Slava အတန်းစား Guided Missile Cruiser( CG ) စစ်သင်္ဘောကြီးတွေကို ဆိုဗီယက်ရေတပ်မှ Project 1164 Atlant အမည်ဖြင့် (၁၉၆၀)ခုနှစ်နှောင်းပိုင်း၌ စတင်ဒီဇိုင်းဆွဲအကောင်အထည်ဖော်ခဲ့ပါတယ်။

ဆိုဗီယက်တို့အနေဖြင့် Kirov အတန်းစား Battle-Cruiser ကြီးများ၏ ကုန်ကြစရိတ်များပြားလှသော နျူကလီယားလောင်စာစွမ်းအင်သုံး အင်ဂျင်နေရာတွင် ကုန်ကြစရိတ်နည်းပါးပြီး သမားရိုးကျလောင်စာစွမ်းအင်သုံး အင်ဂျင်ကိုပြောင်းလဲအသုံးပြုထားသည့် Kirov ထက်အနည်းငယ်သာ အလျားတိုတဲ့ စစ်သင်္ဘောကြီးတစ်စီးကို တည်ဆောက်ဖို့ကြံရွယ်ခဲ့ခြင်းနှင့်အတူ Salva အတန်းစား ဒုံးပျံတင်ခရူဇာစစ်သင်္ဘောကြီးတစ်စီးစတင်ထွက်ပေါ်လာခဲ့ပါတယ်။

ဆိုဗီယက်တို့အနေဖြင့် Salva အတန်းစား ဒုံးပျံတင်ခရူဇာစစ်သင်္ဘောကြီးတွေကို မှုလက (၁၀)စင်းအထိတည်ဆောက်အသုံးပြုဖို့ရည်ရွယ်ခဲ့ပေမဲ့လည်း နိုင်ငံပြိုကွဲပြီး စီးပွားရေးထိခိုက်ခဲ့ခြင်းနှင့်အတူ (၃)စင်းသာတည်ဆောက်အသုံးပြုနိုင်ခဲ့ပြီး (၆)စင်းကို plan အဆင့်မှပယ်ဖျက်ပစ်ခဲ့ကာ (၁)စင်းကိုတော့ တည်ဆောက်နေဆဲအဆင့်မှာ ရပ်တန်ခဲ့ရပါတယ်။အခုလက်ရှိ ရုရှားရေတပ်ဖွဲ့မှာလည်း တပ်တော်ဝင်အသုံးပြုနေဆဲ ဒုံးပျံတင်ခရူဇာစစ်သင်္ဘောကြီးတွေပဲဖြစ်ပါတယ်။

တည်ဆောက်အသုံးပြုနေဆဲ (၃)စင်းကိုတော့ (၁၉၇၆/၁၉၇၈/၁၉၇၉) စတဲ့ခုနှစ်အသီးသီးမှာ စတင်တည်ဆောက်ခဲ့ကြပြီး (၁၉၇၉/၁၉၈၂/၁၉၈၃)စတဲ့ခုနှစ်များမှာတော့ အသီးသီးရေချနိုင်ခဲ့ကြပါတယ်။

တပ်တော်ဝင်အသုံးပြုမှုကိုတော့ (၁၉၈၂/၁၉၈၆/၁၉၈၉) စတဲ့ခုနှစ်အလိုက် အသီးသီးတာဝန်စတင်ထမ်းဆောင်ခဲ့ကြပြီး စစ်ရေယာဉ်များ၏နာမည်ကိုတော့ Salva ၊ Admiral Flota Lobov နှင့် Chervona Ukrayina ဆိုပြီးအသီးသီးသတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။

ဆိုဗီယက်ပြိုကွဲပြီး ရုရှားနိုင်ငံအဖြစ်ပေါ်ပေါက်လာခဲ့ချိန်မှာတော့ အဆိုပါစစ်သင်္ဘောကြီးတွေရဲ့နာမည်ကို Salva မှ Moskva အဖြစ်လည်းကောင်း၊ Admiral Flota Lobov မှ Marshal Ustinov အဖြစ်လည်းကောင်း၊ Chervona Ukrayina မှ Varyag အဖြစ်လည်းကောင်း အသီးသီးပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ခဲ့ကြပြီး ယခုလက်ရှိ Moskva အနေနဲ့ ရုရှားရေတပ် Black Sea Fleet( BSF ) မှာလည်းကောင်း၊ Marshal Ustinov အနေနဲ့ ရုရှားရေတပ် Nothern Fleet( NF ) မှာလည်းကောင်း ၊ Varyag အနေနဲ့ ရုရှားရေတပ် Pacific Fleet( PF ) မှာလည်းကောင်း အသီးသီးတပ်တော်ဝင်တာဝန်ထမ်းဆောင်နေကြပါတယ်။

(၁၉၈၃)ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး (၁၉၉၀)ခုနှစ်မှာ ရေချခဲတဲ့ Komsomolets ( ယခု Ukrayina ) အနေနဲ့ကတော့ စီးပွားရေး ကျဆင်းခြင်းနဲ့အတူ ဘက်ဂျက်ငွေ ကန့်သတ်လိုက်ခြင်းကြောင့် ရေချပြီးချိန်မှာပဲ ဆက်လက်တည်ဆောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

(၁၉၉၃)ခုနှစ်မှာတော့ ရုရှားနိုင်ငံပေါ်ပေါက်လာခြင်းနဲ့အတူ အဆိုပါစစ်သင်္ဘောကြီး တည်ဆောက်မှုကို ရုရှားအစိုးရမှ ရပ်စဲပစ်ခဲ့ကာ ယူကရိန်းရေတပ်သို့ အပြီးသတ်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဒါပေမဲ့ လွှဲပြောင်းခဲ့ပြီး နောက်ပိုင်းနှစ်ပေါင်း (၂၀) ကျော်ကြာမြင့်လာတဲ့အချိန်ထိ ဆက်လက်တည်ဆောက်နိုင်ခြင်းမရှိတော့ပဲ ယူကရိန်းတောင်ပိုင်းမှာရှိသော Mykolaiv သင်္ဘောကျင်းမှာပဲ မူလအတိုင်းဆိုက်ကပ်ထားခဲ့ရပါတယ်။

လွှဲပြောင်းယူခဲ့ပြီး (၄)နှစ်အကြာ (၁၉၉၇)ခုနှစ်အရောက်မှာတော့ ယူကရိန်းအနေနှင့်အဆိုပါ စစ်သင်္ဘောကြီးကို အသုံးပြုရန်မလိုအပ်ဘူးဆိုတဲ့ အကြောင်းပြချက်ဖြင့်အတူ ရုရှားကိုပြန်လည်ရောင်းချဖို့ချိတ်ဆက်ခဲ့ပေမဲ့လည်း ရုရှားတို့မှ ပြန်လည်ဝယ်ယူရန် ငြင်းဆန်ခဲ့သလို အခြားသော တရုတ်နှင့်အိန္ဒိယဆီ ကမ်းလှမ်းခဲ့ပေမဲ့လည်း စိတ်ဝင်စားခြင်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်များနှင့်အတူ ပယ်ချခြင်းခံခဲ့ရပါတယ်။

ထိုစဉ်က ယူကရိန်းအစိုးရ၏ ကြေငြာချက်အရ အဆိုပါစစ်သင်္ဘောကြီးကို အပြီးသတ်တည်ဆောက်နိုင်ဖို့လိုအပ်တဲ့ ဘက်ဂျက်ငွေသည် အမေရိကန် ဒေါ်လာသန်း (၃၀)ခန့်ပမာဏလောက်သာ လိုအပ်လျက်ရှိတာဖြစ်ပေမဲ့ အပြီးသတ်လတ်စသိမ်းတည်ဆောက်နိုင်ခြင်းမရှိခဲ့ပါဘူး။

Salva အတန်းစား ဒုံးပျံတင်ခရူဇာစစ်သင်္ဘောကြီးတွေကို ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲမီ ယခုယူကရိန်းတောင်ပိုင်းမှာရှိသည့် Mykolaiv သင်္ဘောကျင်းမှာတည်ဆောက်ခဲ့ကြတာဖြစ်ပြီး တန်ချိန် (၉၈၀၀) ကနေ (၁၂၅၀၀) အထိအလေးချိန်ရှိကာ အလျား (၁၈၆.၄)မီတာ( ၆၁၁ ပေ ၇ လက်မ )၊ အကျယ် (၂၀.၈)မီတာ( ၆၈ ပေ ၃ လက်မ ) ၊ ရေစူး (၈.၄)မီတာ( ၂၇ ပေ ၇ လက်မ ) ရှိပါတယ်။
သမားရိုးကျလောင်စာစွမ်းအင်သုံး အင်ဂျင်ကိုအသုံးပြုထားပြီး Combined gas (or) gas ( COGOG ) နည်းစနစ်ကိုအသုံးပြုထားပါတယ်။ M70 cruise gas turbines (၂)လုံး၊ M90 boost gas turbines (၄)လုံး၊ Cruise steam turbines (၂)လုံး၊ Exhaust gas boilers (၂)လုံးနဲ့ပင်မဒလက် (၂)ခုကို မောင်းနှင်ပေးဖို့အတွက် (13000shp)ထွက်ရှိတဲ့ M8KF Gas turbines (၄)လုံးကို အသုံးပြုထားပြီး မြန်နှုန်း 32knots အထိမောင်းနှင်နှိုင်စွမ်းရှိပါတယ်။

အဆိုပါမြန်နှုန်းဖြင့် မောင်းနှင်မယ်ဆိုရင် စစ်သင်္ဘောအနေနှင့် ရေမ်ိုင် (၂၅၀၀) ( 2500nm) အထိ မနားတမ်း စစ်ဆင်နိုင်ပြီး (၁)နာရီ ရေမိုင် (၁၈)မိုင်နှုန်း 18knots ဖြင့်သာမောင်းနှင်မယ်ဆိုရင် (6500nm) အကျယ်အဝန်းအထိစစ်ဆင်နိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။

မရပ်မနားမောင်းနှင်မည်ဆိုပါက စစ်သင်္ဘောအနေဖြင့် ပင်လယ်ပြင်မှာ ရက်ပေါင်း (၃၀)ခန့်အထိတစ်ဆက်ထဲသွားနိုင်မှာဖြစ်ပြီးတော့ စစ်ရေယာဉ်အမှုထမ်း စုစုပေါင်း (၄၇၆-၅၂၉) ဦးအထိလိုက်ပါတာဝန်ထမ်းဆောင်နိုင်မှာပဲဖြစ်ပါတယ်။

စစ်သင်္ဘောကြီးပေါ်မှာ တပ်ဆင်ထားတဲ့ Sensors and Processing စနစ်များကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

#Main_Radar
(၁) MR-600 Voshkod : 3D long range air search ရေဒါ ၁ စုံ( Top pair )
(၂) MR-710M Fregat -M : 3D air/surface search ရေဒါ (၁) စုံ( Top plate )
(၃) MR-212/201-1 Vaygach-U : Navigation ရေဒါ (၂)စုံ( Palm frond )

#Sonar
(၁) MG-332 Tigan-2T : Bull Nose hull mounted Low Frequency (၁)စုံ
(၂) MGK-335 Platina : Variable Depth Sonar-VDS (၁)စုံ

#Fire_Control_Radar
(၁) SA-N-6 Grumble လေကာစနစ်အတွက် FCR အဖြစ် 4R31 Volna ရေဒါ (၁)စုံ( Top dome )
(၂) SA-N-4 Gecko လေကာစနစ်အတွက် FCR အဖြစ် 4R33 Baza ရေဒါ (၁)စုံ( Pop Group )
(၃) P-1000 Vulkan သင်္ဘောဖျက်ဒုံးပျံအတွက် FCR အဖြစ် Argument( Front Door-C ) ရေဒါ (၁)စုံ
(၄) AK-130 ပင်မအမြောက်အတွက် FCR အဖြစ် MR-184 Lev ရေဒါ (၁)စုံ( Kite screech )
(၅) AK-630M Ciws အတွက် FCR အဖြစ် MR-123-01 Vympel-A ရေဒါ (၂)စုံ( Bass tilf )

စစ်သင်္ဘောကြီးပေါ်မှာတပ်ဆင်ထားတဲ့ Electronic Warfare နဲ့ Decoys စနစ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

#EW_system
(၁) MP-150 Gurzuf-A ESM စနစ် (၂) စုံ
(၂) MP-152 Gurzuf-B ESM စနစ် (၂)စုံ
(၃) MR-262 Ograda ESM စနစ် (၁)စုံ
(၄) MP-401 Start ESM စနစ် (၁)စုံ
(၅) MP-407 Start-2 ESM စနစ် (၁)စုံ
(၆) MR-404 Rum Tub Jammer စနစ် (၂)စုံ

#Decoys_system
(၁) PK-2 decoy RL စနစ် (၂)စုံ
(၂) PK-10 decoy RL စနစ် (၁၂)စုံ

စစ်သင်္ဘောကြီးပေါ်မှာတပ်ဆင်ထားတဲ့ လက်နက်စနစ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

#Missiles
(၁) P-1000 Vulkan သင်္ဘောဖျက်ဒုံးပျံ (၁၆)စင်း
(၂) S-300F Fort (SA-N-6 Grumble) တာဝေးလေကာဒုံး (၆၄)စင်း
(၃) OSA-M (SA-N-4 Gecko) တာတိုလေကာဒုံး (၄၀)စင်း

#Guns
(၁) ၁၃၀ မီလီမီတာ ပြောင်းနှစ်ပြောင်းတွဲ AK-130 ပင်မအမြောက် (၁)လက်
(၂) ၃၀ မီလီမီတာ ပြောင်း (၆)ပြောင်းတွဲ AK-630 Ciws (၆)စုံ

#Torpedoes
(၁) ၁၂ ပြောင်းတွဲ RBU-6000 anti-submarine mortars (၂)စုံ
(၂) ၅ လုံးတွဲ (၅၃၃)မီလီမီတာ torpedo tubes (၂)စုံ

ရေယာဉ်အနောက်ဖက်တွင် ရဟတ်ယာဉ်သိုလှောင်ရုံတစ်ခုပါဝင်ပြီး Ka-25 (သို့မဟုတ်) Ka-27 ASW role ရဟတ်ယာဉ်တစ်စီးတင်ဆောင်အသုံးပြုနိုင်ပါတယ်။ စစ်သင်္ဘောကြီးများ၏ တာဝန်ထမ်းဆောင်စဉ်တစ်လျှောက် ပြောင်းလဲသတ်မှတ်ခဲ့တဲ့ ကိုယ်ထည်နံပါတ်တွေအနေနဲ့အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
#Marshal_Ustinov: 118(1986)/088(1987)/070(1990)/055(1993)
#Slava: 126(1983)/108(1983)/103(1984)/106(1987)/121(1990)
#Chervona_Ukraina: 119(1989)/031(1990)/011(1994)

စစ်သင်္ဘောကြီးတွေကို ရုရှားကနေ နောက်ပိုင်းထပ်မံအဆင့်မြင့်တင်ခဲ့တာတွေကနေ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
သင်္ဘောကြီးသုံးစီးပေါ်တွင်မူလကတပ်ဆင်ထားသည့် P-500 Bazalt သင်္ဘောဖျက်ဒုံးပျံများရဲ့နေရာ၌ P-1000 Vulkan သင်္ဘောဖျက်ဒုံးပျံအမျိုးအစားကို ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။
(၂၀၀၆-၀၇)ခုနှစ်တွင် Moskva နဲ့ Varyag ပေါ်မှာတပ်ဆင်ထားသည့် MR-123 Vympel-A FCR နေရာမှာ MR-123-02/3 Bagira FCR စနစ်ကိုပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။
(၂၀၁၃)ခုနှစ်တွင် Moskva ပေါ်မှ MR-231-3 navigation ရေဒါစနစ်အသစ် (၁)စုံနှင့် Tsentavr-NM-1 satellite communication စနစ်အသစ် (၁)စုံကိုတပ်ဆင်ခဲ့ပါတယ်။
(၂၀၁၄)ခုနှစ်တွင် Marshal Ustinov ပေါ်မှာတပ်ဆင်ထားသည့် MR-600 Voskhod air/surface search ရေဒါနေရာတွင် MR-650 Podberezovik-ET2 air/surface search ရေဒါစနစ်ကိုပြာင်းလဲတပ်ဆင်ခဲ့ပါတယ်။
(၂၀၁၅)ခုနှစ်တွင် Marshal Ustinov ပေါ်တွင်တပ်ဆင်ထားတဲ့ MGK-335 Platina sonar စနစ်နေရာမှာ Zarya-SK sonar စနစ်ကိုပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။
(၂၀၁၅)ခုနှစ်တွင် Marshal Ustinov ပေါ်မှာတပ်ဆင်ထားသည့် MR-710 Fregat-M air/surface search ရေဒါနေရာ၌ Fregat-M2 air/surface search ရေဒါဖြင့်ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။

Credit : #မိုးတိမ်