အမေရိကန်လက်နက်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Raytheon ဟာ ခရုစ်ဒုံးကျည်တွေကနေ ပွဲတွေ့လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တွေအထိ ထုတ်လုပ်နေပါတယ်။ အခုလည်း အကြီးအကျယ်ဆုံးပုံစံပြုရေး/သဏ္ဌာန်တူပြုရေး/လေ့ကျင့်ရေးဆိုင်ရာ Interservice/Industry Training, Simulationand Education Conference (I/ITSEC) ၂၀၁၉ ခုနှစ်ပြပွဲမှာ နောက်ဆုံးပေါ်စစ်ရေးလေ့ကျင့်ခန်းအထောက်အကူပြုထုတ်ကုန်တစ်ခုကို ပါ၀င်ပြသထားပါတယ်။

ကုမ္ပဏီရဲ့လတ်တလောထုတ်ပြန်ချက်အရ အယောင်ဆောင်စစ်ရေးလေ့ကျင့်ကွင်း (STESVT) ထဲမှာ ဖြစ်စဉ်မျိုးစုံထည့်သွင်းထားပြီး ရင်ဆိုင်ရမယ့်စစ်သည်တွေအနေနဲ့ လက်နက်အတုရော အစစ်တွေပါ ကိုင်တွယ်လေ့ကျင့်ကြရမှာဖြစ်ပါတယ်။

ပတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီး စစ်သည်တွေရဲ့ အလိုအလျောက်တုံ့ပြန်နိုင်စွမ်းကို ဒီစစ်ရေးလေ့ကျင့်ကွင်းတု(STESVT) ကဖော်ထုတ်ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် တပ်မှူးတွေအနေနဲ့ လက်ရှိပြဿနာတွေကို ကျော်လွှားနိုင်သလို လာမယ့်စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ဖြေရှင်းနိုင်မှာပါ။ သုံးဖက်မြင်ပုံရိပ်ယောင်ဖော်တာ၊ အချက်အလက်များများ ဆန်းစစ်တာ ၊ညဏ်ရည်တုသုံးတာ၊ရေမြေတောတောင်ဖန်တီးတာ စတဲ့ကိစ္စတွေကို သဘာဝနဲ့နီးစပ်အောင် STE က တွန်းအားပေးမှာဖြစ်ပါတယ်။

နောက်ဆုံးပေါ်နည်းပညာတွေသုံးပြီး လေ့ကျင့်ပေးမှာမို့ ခြေလျင်/ခြေမြန်တပ်ရင်းအနေနဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ နေရာမရွေးအစမ်းသပ်ခံနိုင်မှာဖြစ်ပါတယ်။ အင်မတန်အရေးပါတဲ့လေ့ကျင့်ရေးရည်မှန်းချက်တွေကို ဖော်ဆောင်ရာမှာ အုပ်ချုပ်ထောက်ပ့ံမှုအခက်အခဲတွေနဲ့ စရိတ်စကတွေကို အနည်းဆုံးဖြစ်စေသလို သဘာဝအကျဆုံးနဲ့ အလွယ်ကူဆုံးသုံးနိုင်ပါတယ်။

ကမ္ဘာအနှံ့ကအထူးတပ်ဖွဲ့ဝင်တွေအနေနဲ့ အဓိကအကျဆုံးတာဝန်ကြီးတွေအတွက် အသင့်ဖြစ်စေဖို့ Raytheon က ကူညီပေးနိုင်ပါတယ်။ ပုံရိပ်စစ်နဲ့ဆော့ဝဲလ်ချိတ်ဆက်တာ၊ ပုံရိပ်ယောင်ဖန်တီးတာ၊ ညဏ်ရည်တုသုံးတာ၊ ဆိုက်ဘာလုံခြုံရေးလုပ်တာ၊ အချက်အလက်အများကြီးသုံးတာ စတဲ့ခေတ်ပေါ်နည်းပညာတွေနဲ့ လေ့ကျင့်ရေးအတွေ့အကြံုတွေကို ချိတ်ဆက်ပေးလိုက်တဲ့အတွက် အရင်ကမရှိဘူးခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းအမျိုးအစားဖြစ်လာပါတယ်လို့ Raytheon ရဲ့ ညဏ်ရည်၊ သတင်းနဲ့ဝန်ဆောင်မှုဌာနအောက်က ကမ္ဘာလုံးဆိုင်ရာလေ့ကျင့်ရေးနည်းနာဖော်ထုတ်ရေးဌာနခွဲ၊ ဒုတိယဌာနခွဲမှူး Bob Williams ကပြောပါတယ်။

အမေရိကန်ကြည်းတပ်ရဲ့ STE အပေါ်ခံယူချက်ကနေရာအနှံ့မှာရှိတဲ့ စစ်သည်တွေလည်း အတူတကွပါ၀င်လေ့ကျင့်နိုင်မယ့် ဘုံလေ့ကျင့်ရေးကွင်းသဘောမျိုးဖြစ်စေလိုကြောင်းသိရပါတယ်။ Raytheon ရဲ့ STE SVT အနေနဲ့ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ရှိပါတယ်။ လက်ရှိမှာ အခန်းတစ်ခုအရွယ်အစားရှိတဲ့လေ့ကျင့်ရေးကွင်းတုကို လက်စွဲကွန်ပျူတာ၊ သုံးဖက်မြင်ဦးထုပ်တွေနဲ့လဲလှယ်သွားဖို့ရှိလို့ စစ်သည်တွေအနေနဲ့ သွားလေရာယူဆောင်နိုင်ပြီးတော့အချိန်မရွေးအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Source; Raytheon shows what military training will look like in future by defence-blog.com