ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပန်ဝါဒေသ၌ တန်ဖိုးမြင့် မြေရှားသတ္တုများ တရုတ်နိုင်ငံအတွင်းသို့ နေစဉ် ခိုးထုတ်ခံရ၊ နယ်ခြားစောင့်တပ်ဖွဲ့များက ဖမ်းဆီးခြင်းမရှိကြောင်း ဒေသခံများပြောဆိုသည်။

အလားတူ ပန်ဝါဒေသအတွင်း၌ မြေရှားသတ္တူ(Rare Earth)များ ခိုးထုတ်ခံနေရကြောင်း သတ္တုတွင်းဦးစီး ဌာနက မှတ်တမ်းဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ပန်ဝါဒေသရှိ မြေရှားသတ္တုများကို နယ်ခြားစောင့်တိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံသားကုမ္ပဏီ များ ပူးပေါင်းပြီး ထုတ်ယူခြင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ထိုကဲ့သို့ နိုင်ငံတော်ပိုင် အဖိုးတန်သတ္တုများ တရားမဝင် ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြင့် ခိုးထုတ်ခံနေရမှု ကို တပ်မတော်မှ တားဆီးခြင်းမရှိကြောင်း ဒေသခံခေါင်းဆောင်တစ်ဦးက အတည်ပြုပြောဆိုသည်။

အလားတူ မြေးရှားသတ္တုသယ်ဆောင်သည့် ယာဉ်များကို မြန်မာ-တရုတ်နယ်စပ် ကန်ပိတ်တီ လမ်းတစ် လျှောက်၌ သွားလာလျှက်ရှိပြီး နယ်ခြားစောင့်ဂိတ်များနှင့် လုံခြုံရေးအဖွဲ့များမှ အရေးယူခြင်း မရှိကြောင်း ဒေသခံခေါင်းဆောင်များက ဆိုသည်။

Photo – သတ္တုတွင်းဦးစီးဌာန(မြေရှားသတ္တုများ ခိုးထုတ်ပြီး တရုတ်နိုင်ငံအတွင်းသို့ သယ်ဆောင်သည့် မှတ်တမ်းပုံ)